အစဉ်ရှောင်ကြဉ် ကြရမည့် ဘုန်းကံနိမ့်စေ လာဘ်ပိတ်စေသော အလေ့ဆိုးများ

၁။ ဘုရားခန်းတွင် လင်မယားနှစ်ယောက်မအိပ်ရ

၂။ ယောင်္ကျား၏ညာဘက်တွင်မိန်းမ မအိပ်ရ

၃။ နံနက် ၄ခွဲမှ၆နာရီအတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီးလေးပါးသည်လူအများ၏ ကောင်းမှု မကောင်းမှုကိုကြည့်ရှုသောအချိန်ဖြစ်သည်။ ထိုအချိန်တွ

င် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ်ရမည်။

၄။ မိမိအိပ်သော ခုတင်ထက် သို့မဟုတ်အိပ်ရာထက်မြင့်သောနေရာတွင် ထဘီတန်းမပြုလုပ်ရ။ သား သမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ

၅။ မိမိအိပ်ရာခင်းနှင့်ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ

၆။ မိမိနေထိုင်ရာထက်မြင့်သော နေရာတွင်ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ

၇။ မိမိအိမ်ရှေ့အပေါက်ဝတွင် မေးကို လက်ထောက်ပြီးမထိုင်ရ မမှိုင်ရ

၈။ မိမိအိမ်ရှေ့တံခါးအပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥ မဆွဲရ

၉။ မိမိအိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ

၁၀။နံနက်အိပ်ယာထ မင်္ဂလာယူသောအချိန်၌ အော်ဟစ်ဆေးရေးတိုင်းထွာခြင်းမလုပ်ရ

၁၁။ နံနက်စောစောအိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့….အော့….အော့ ဟု မလုပ်ရ

၁၂။ ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသောအဝတ် လေပွေဖြင့်လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသောအဝတ် ၎င်းအဝတ်များကို လူတို့မဝတ်ကောင်း

၁၃။ အိမ်ပေါ်တွင်လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက် ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ

၁၄။ ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍ လှုပ်၍ မစားရ ငြိမ်သက်စွာ ညီညာစွာထားပြီးမှစားရမည် ထမင်းစားခုံကိုလက်ထောက်၍မစားရ

၁၅။ ထမင်းစား၍သော် လည်းကောင်း အခြားအစားစာများစား၍သော် လည်းကောင်းစားရာတွင် ပါးစပ်မှ ပလပ်…ပလပ် မည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမမြည်စေရ

၁၆။ လမ်းလျှောက်စဉ်..ထမင်းနှင့်အခြား စားသောက်ဖွယ်ရာများကို မစားရ

၁၇။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ

၁၈။ နံနက်စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ

၁၉။ နံနက်စောစော နှင် ညဘက်တွင် လေမချွန်ရ။

မိမိသိသော အရာလေးများကိုဝေမျှလိုက်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top