မင်းလှမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ တို့၏ သစ်သားရုပ်ထုထားရှိရန် စီစဉ်
………………………………………………
ရန်ကုန်၊ ဇူလိုင် – ၇
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ ဘန်ပြင်ကျေးရွာ သမဂ္ဂါရာမကျောင်းတိုက်၌ ဗိုလ် ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံတို့၏ သစ်သားရုပ်ထုထားရှိရန် စီရန်လျက်ရှိသည်။
သမဂ္ဂါရာမဘုန်းတော်ကြီးကျောင်း ဆရာတော်၏ ဦးဆောင်မှုဖြင့် ဒေသခံများ စုပေါင်း၍ ရုပ်ထုထားရှိမည့် အဆောက်အဦးကို စုပေါင်းပြင်ဆင်လျက်ရှိသည်။
အဆိုပါ ကျောင်းတိုက်အတွင်းထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံတို့၏ ရုပ်ထုကို ကုက္ကိုလ်သား အသုံးပြု၍ မန္တလေးမှ ပန်းပုပညာရှင်က ထုသစ်ခဲ့ခြင်းဖြစ်သည်။
“ကျေးရွာဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ ပြုလုပ်နေကြတာပါ။ ရုပ်ထုထားရှိတဲ့ အဆောက်အဦးရဲ့ထိပ်ဦးပိုင်းမှာ လူသာသေ နာမည်မသေဆိုတဲ့စာကို ရေးသားထားပါတယ်။ ဒေသခံတွေရဲ့ စည်းလုံးမှုကို မြင်တွေ့ရတာပါ။ နောင်လာနောင်သားတွေအတွက် စံနမူနာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေကြတာပါ”လို့ ဒေသခံ ကိုကျော် သူရက ပြောပါတယ်။
အဆိုပါကျောင်းတိုက်အတွင်း၌ သစ်သားပန်းပုရုပ်များ ထုဆစ်လျက်ရှိပြီး ရုပ်ထုမျိုးစုံ ၅၀ ခန့်ရှိကြောင်း ဒေသခံ များက ပြောဆိုကြသည်။
#PeopleMedia #မင်းလှမြို့ #ပန်းပုရုပ်ထု
(unicode)