အစားမစားပဲ အချိန်အတော်ကြာအသက်ရှင်နေနိုင်တဲ့ တိရိစ္ဆာန်များ

သက်ရှိတိရိစ္ဆာန်အများစုဟာ အစားအစာ နဲ့ ရေသောက်သုံးခြင်းမရှိပဲ တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပိုပြီး အသက်မရှင်နိုင်ကြပေမယ့် တချို့ကတော့သူတို့ရဲ့ ခန္ဓာကိုယ်ဇီဝဖြစ်တည်ဆိုင်ရာကြောင့် လနဲ့ချီအစာရေစာ မရရှိလည်း ကောင်းကောင်းအသက်ရှင်နေထိုင်နိုင်ကြပါတယ်။ ဒီနေ့မှာတော့ Kwee စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ကမ္ဘာပေါ်ကသက်ရှိများစွာထဲကမှာ အစားမစားပဲ အချိန်အတော်ကြာအသက်ရှင်နေနိုင်တဲ့ တိရိစ္ဆာန်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ကြောင်တွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးက သူတို့စားသုံးတဲ့အစားအစာနှင့် ရေပမာဏပေါ်တည်နေပြီး အစားလုံးဝမစားပဲ ၂ ပတ်ခန့်တော့ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။

(၂) ကုလားအုတ်တွေဟာ အစားအစာပဲ ၂ လခန့်အသက်ရှင်နေနိုင်ကြပါတယ်။ ဘကုလားအုတ်တွေက သူတို့ရဲ့ကျောပေါ်မှာရှိတဲ့ ဘို့ကြီးတွေကို အစာအဟာရဓာတ်တွေသို့လှောင်တဲ့နေရာတစ်ခုအဖြစ်အသုံးပြုပြီး အစာရေစာပြတ်လပ်ချိန်မှာ အဆိုပါအဟာရဓာတ်တွေနဲ့ အသက်ရှင်နေကြတာဖြစ်ပါတယ်။

(၃) ငမန်းဖြူတွေဟာ တစ်နှစ်မှာ အစားအစာတန်ချိန်ပေါင်း ၁၁ တန်အထိစားသုံးနိုင်ကြပါတယ်။ များသောအားဖြင့် သူတို့စားတဲ့အစာပမာဏက အရမ်းကိုများတာကြောင့် တစ်ခါစားပြီးရင် နောက်သုံးလလောက်နေမှ တစ်ကြိမ်ပြန်စားကြတာဖြစ်ပါတယ်။ ဒါကြောင့် ငမန်းဖြူတွေဟာ အစားမစားပဲ ၃ လလောက်တော့ ကောင်းကောင်းအသက်ရှင်နေနိုင်ကြပါတယ်။

(၄) ဝက်ဝံတွေဟာ များသောအားဖြင့် ရာသီတစ်လျောက်လုံး အိပ်စက်နေရတာကိုပိုသဘောကျတဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာ အစားစားခြင်း ရေသောက်ခြင်းပဲ အပေါ့အလေးသွားခြင်းနှင့် ဆော့ကစားတာမျိုးတွေမလုပ်ပဲ ၃ လလောက်အသက်ရှင်နေထိုင်နိုင်ကြတာဖြစ်ပါတယ်။

(၅) ပင်ဂွင်းတွေဟာ တောင်ဝင်ရိုးစွန်းလို အလွန်အမင်းအေးခဲတဲ့နေရာတွေမှာတောင် ၃ လလောက် သူတို့ရဲ့ ဥတွေကိုကာကွယ်ပြီး နေထိုင်ကြတဲ့ တိရိစ္ဆာန်လေးတွေဖြစ်ပါတယ်။ အဆိုပါ ၃ လအတွင်းမှာ ဘာအစားအစာမှစားသုံးခြင်းမရှိကြပါဘူး။

(၆) Humpback Whale လို့ခေါ်တဲ့ ဝေလငါးတွေဟာ ၆ လလောက်ဘာမှမစားပဲ ကောင်းစွာအသက်ရှင်နေထိုင်နိုင်တဲ့ ပင်လယ်နို့တိုက်သတ္တဝါတွေဖြစ်ပါတယ်။

(၇) စပါးအုံးမြွေတွေဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုနှေးကွေးတဲ့ တိရိစ္ဆာန်တွေဖြစ်တာကြောင့် စွမ်းအင်ကိုအချိန်ကြာရှည်စွာထိန်းသိမ်းထားကာ ၆ လလောက် အစားလုံးဝမစားပဲ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။

(၈) Galapagos လိပ်ကြီးတွေဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံးနေထိုင်နိုင်တဲ့ တိရိစ္ဆာန်တွေဖြစ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ ရေသိုလှောင်ဖို့ ကျယ်ဝန်းတဲ့နေရာပါရှိပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်လည်းနှေးတာကြောင့် သူတို့ဟာ အစာမစားရလဲ ၁ နှစ်လောက်ကောင်းကောင်းအသက်ရှင်နိုင်ပါတယ်။

(၉) ကင်းမြှီးကောက်တွေဟာလည်း အစာမစားပဲ ၁ နှစ်ခန့် ကောင်းစွာအသက်ရှင်နေထိုင်နိုင်ကြပါတယ်။

(၁၀) ဖားတွေဟာ သူတို့ရဲ့ခန္ဓာကိုယ်ကို ရွံမြေထဲ မြုပ်ထားပြီး ၁ နှစ်လောက်ဘားမှမစားပဲ အဆိုပါရွံထဲမှာပဲ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။

Share This Story, Choose Your Platform!

facebooktwitterlinkedinwhatsappEmail

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top