မိုးလယ်ကာလ ဇူလိုင်လမှစပြီး မြန်မာပြည် အထက်ပိုင်း ဒေသများ တွင် ရေကြီးခြင်းမြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးဇလထုတ်ပြန်

မိုးလယ်ကာလ ဇူလိုင်လ မှ စပြီး မြန်မာပြည် အထက်ပိုင်း ဒေသများ တွင် ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးဇလထုတ်ပြန်

၂၀၂၀ပြည့်နှစ်တွင် မိုးဦးညံ့ခဲ့သော်လည်း၊ ဇူလိုင်၁ ရက်မှ စ၍ မိုးလယ်ကာလသို့ရောက်ရှိပြီ ဖြစ်ကာ မိုးလယ်ကာလ တွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ မိုးလယ်ကာလ ရွာသွန်းမြဲထက် မိုးပိုနိုင်သောကြောင့် ရေကြီးခြင်း နှင့် မြေပြိုခြင်း အန္တရာယ်များ ကို အထူးကရုပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

၎င်းက “ဇူလိုင် ၁ ရက် ကနေ သြဂုတ် လ ကုန် အထိ မိုးလယ်ကာလ သတ်မှတ်တယ်။ မိုးလယ် ကာလအခြေအနေ ကတော့ မြန်မာနိုင်ငံတောင်ပိုင်းမှာ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့ မှာ ရွာသွန်းမြဲအောက်လျှော့နိုင်တယ်။ ရွာသွန်းမြဲထက် ပိုနိုင်တာ က မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တွေ ဖြစ်တယ်။ မြစ်ဝ ကျွန်းပေါ်ဒေသတွေ ကတော့ ရွာသွန်းမြဲလောက်ပဲ ရနိုင်တယ်။ မိုးလယ်ကာလ မှာရေကြီး နဲ့ မြေပြိုခြင်း တွေ က အဓိက ဖြစ်လို့ ဒီကာမှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေ ကို အထူးဂရုပြု သင့်ပါတယ်’’ ဟုပြောသည်။

“မြန်မာနိုင်ငံ အထက်ပိုင်းဆိုတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ချင်းပြည်နယ် တို့မှာ မိုးလယ်ကာလ တစ်ခုလုံး မိုးများနိုင်ပါတယ်” ဟူ၍ ၎င်း ကဆိုသည်။ ယခုနှစ် ဇူလိုင်လ အတွင်း လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ ၁ ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ နိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ကြောင်း၊ ဇူလိုင်လတွင်မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၂၀ပြည့်နှစ် မိုးဦးကာလတွင် မိုးနောက်ကျခဲ့ပြီး မိုးရေရရှိမှုလည်း နည်းပါးခဲ့ကြောင်း၊ သို့သော် ကချင်ပြည်နယ် တွင် ရွာသွန်းမြဲခန့်ရှိခဲ့ကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရွာသွန်းမြဲထက် ပိုခဲ့ကြောင်း၊ ကျန်ဒေသများတွင်မိုးဦးကာလ ရွာသွန်းမြဲအောက်သို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။

Credit WE Media
Source – Xinhua

####################

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top