အသက်ကြီးသည့်တိုင် သစ္စာမပျက် မောင်တထမ်းမယ်တရွက် ပဲပြုတ်တူတူ‌ရောင်းတဲ့အဖိုးနဲ့အဖွား

အသက်ကြီးသည့်တိုင် သစ္စာမပျက် မောင်တထမ်းမယ်တရွက် ပဲပြုတ်တူတူ‌ရောင်းတဲ့ အဖိုးနဲ့အဖွား

အသက်ကြီးပေမယ့် တစ်ဦးအပေါ်တစ်ဦးသစ္စာမပျက်ဘဲ မောင်တထမ်းမယ်တရွက်

လုပ်ကိုင်စားသောက်နေတဲ့ အဖိုးနဲ့ အဖွားအကြောင်းလေးပါ..သစ္စာရှိရှိချစ်တဲ့ အဖိုးအဖွား ကျန်းမာပါစေ..

“ချမ်းသာမှု မရှိကြပေမယ့် အိမ်ထောင်ဖက်တစ်ဦးထက် ပိုတဲ့ ဘဝအဖော်မွန်ကောင်း တစ်ဦးရဲ့ ဖေးကူမမှုတွေနဲ့

အပေးအယူမျှပြီး စိတ်ချမ်းသာနေတဲ့ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်လေးဟာဖြင့်သေးငယ်ပြီး မထည်ဝါသည့်တိုင်မေတ္တာတွေ လွှမ်းခြုံတဲ့ အိမ်…

နှလုံးသားတွေ နွေးထွေးလုံခြုံစေတဲ့ အိမ်ဖြစ်နေမှာ ဧကန်မလွဲ ပါပဲ… မနက်ဆို မိန်းမ ပဲပြုတ်သည် အသံတွေကြားမှာ

ပဲပြုတ် နံပြား…ဆိုတဲ့ အဘ အသံကြားပြီဆို ပြေး ပြေးဝယ်ရတာ အမော…

အရင်ကတော့ အဖွားက အော်ပေးတာပါ …အခုနောက်ပိုင်း အဘ ကိုယ်တိုင် အော်နေပြီလေ …သူတို့လင်မယားကိုသဘောကျတယ် …

မလှိုင်နားရွာတစ်ရွာက ဇာတိတဲ့ သားထောက်သမီးခံ မရှိ …အဘ အသက် ၈၄ နှစ် အဖွားအသက် ၇၆ နှစ်တဲ့..

သူတို့ကို မြင်တိုင်းတွေးမိတာ တစ်ကယ့်ကို မောင်တထမ်း မယ်တရွက်ပါပဲ…”

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top