သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း

သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း
~~~~~~~~~~~
~~~~~~~~~~~

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လို့ ဆိုလိုက်ရင်
ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့ သူဌေးကြီးတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အားလုံးနီးပါး လက်ခံထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူရဲ့ နာမည်ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာပါ။

သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာသူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစု၀န်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။
Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။

Mansa Musa ရဲ့ ဘုရင်နာမည်က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂ နှစ်အရွယ်မှာ
ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီဘုရင်ဖြစ်လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေး ဖြစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီနိုင်ငံဟာ ဆား နဲ့ ရွှေ အမြောက်အများထွက်ပြီး အလွန်ကြွယ်၀တဲ့နိုင်ငံဖြစ်ပါတယ်။
ကမ္ဘာ့ရွှေအများဆုံး ထွက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

Mansa Musa ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ တန်ဖိုးနဲ့ တွက်ရင် (၄၀၀)ဘီလျံကျော်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံး တွက်ချက်ထားခြင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူတွေက ဆိုကြပါတယ်။

အဲဒီအချိန်တုန်းက မာလီအင်ပါယာဟာ အတ္တလန်တိတ် သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး
ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါ၀င်ပါတယ်။

Mansa Musa ဟာ ခရီးအလွန်ထွက်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထောင်ချီအောင် ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာ ထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံးကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည်တွေကို ၀တ်ဆင်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီးထွက်ရင် သယ်သွားလေ့ရှိပါတယ်။ သူသွားခဲ့တဲ့ လမ်းတလျှောက်မှာ လက်ဆောင်ပစ္စည်းတွေကို အမြဲဝေမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံး ခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို
သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။

သူ့လက်ထက်မှာ မာလီဟာ အကြီးမားဆုံး ထွန်းတောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။
သူဟာ ပညာရေးကို တန်ဖိုးထားတဲ့ဘုရင်ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်၀န်းက ပညာသင်ဆုရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။ သူဟာ အသက် ၅၇ နှစ်အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့ လက်ထက်မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေ ကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့နန်းတော်မရှိတော့ပေမယ့် သူတည်ထောင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသိုလ်တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သမိုင်းတလျှောက်မှာ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။

Credit to Original Post Uploader
( 26-8-2017 )

Copy & Re-Post by LinnLettKyaeSin

=================

သမိုင်းတလျှောက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်အကြောင်း
~~~~~~~~~~~
~~~~~~~~~~~
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လို့ ဆိုလိုက်ရင်
ဘီဂိတ်စ် ၊ ရောခ့်ဖဲလား ၊ အင်ဒရူးကာနယ်ဂျီ စတဲ့ သူဌေးကြီးတွေကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် အားလုံးနီးပါး လက်ခံထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူရဲ့ နာမည်ကိုတော့ မိတ်ဆွေကြားဖူးချင်မှ ကြားဖူးမှာပါ။

သူဟာ ယနေ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ်ထက် ၅ဆကျော် ချမ်းသာသူဖြစ်ပါတယ်။ သူကတော့ မာလီအင်ပါယာရဲ့ ဘုရင် Mansa Musa ပဲဖြစ်ပါတယ်။ ၁၃ရာစုဝန်းကျင်မှာ အုပ်စိုးခဲ့တဲ့ ၁၀ဆက်မြောက် Mansa ဘုရင်ဖြစ်ပါတယ်။
Mansa ကို Sultan(king),Conqueror,emperor စသဖြင့် အမျိုးမျိုးဘာသာပြန်နိုင်ပါတယ်။

Mansa Musa ရဲ့ ဘုရင်နာမည်က Musa Keita I ဖြစ်ပြီး သူ့ကို ၁၂၈၀ ခုနှစ် မာလီမှာ မွေးဖွားခဲ့ပါတယ်။ ၁၃၁၂ ခုနှစ် အသက် ၃၂ နှစ်အရွယ်မှာ
ဘုရင် Abubakari Keita II ကိုအောင်နိုင်ပြီးတဲ့နောက် အနောက် အာဖရိက မာလီဘုရင်ဖြစ်လာပါတယ်။ မာလီနိုင်ငံဟာ ယနေ့ခေတ်မှာ နိုင်ငံငယ်လေး ဖြစ်ပေမယ့် သူ့လက်ထက်မှာတုန်းကတော့ မာလီနိုင်ငံဟာ ဆား နဲ့ ရွှေ အမြောက်အများထွက်ပြီး အလွန်ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။
ကမ္ဘာ့ရွှေအများဆုံး ထွက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

Mansa Musa ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ တန်ဖိုးနဲ့ တွက်ရင် (၄၀၀)ဘီလျံကျော်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းဆုံး တွက်ချက်ထားခြင်းသာဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒီထက်မက များနိုင်သေးတယ် လို့ တွက်ချက်သူတွေက ဆိုကြပါတယ်။

အဲဒီအချိန်တုန်းက မာလီအင်ပါယာဟာ အတ္တလန်တိတ် သမုဒ္ဒရာကနေ Chad ရေကန်အထိ မိုင်ပေါင်း ၂ထောင်ကျော် ကျယ်ပြန့်ပြီး
ယနေ့ နိုင်ဂျီးရီးယား ၊ ချက်ဒ်(Chad) ၊ နိုင်ဂါ ၊ မာလီ ၊ ဘူရီကာဖာဆို ၊ ဂွာရာနာ ၊ ဂမ်ဘီယာ ၊ ဆီနီဂေါ ၊ မာရီတန်နီးယား အစရှိတဲ့နိုင်ငံတွေဟာ မာလီအင်ပါယာထဲမှာ ပါဝင်ပါတယ်။

Mansa Musa ဟာ ခရီးအလွန်ထွက်တဲ့ဘုရင်ဖြစ်ပြီး မိုင်ပေါင်းထောင်ချီအောင် ထွက်လေ့ရှိပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမျိုးမှာ အစေခံ ထောင် နဲ့ချီပြီး ခေါ်ယူကာ ထွက်လေ့ရှိပါတယ်။ သူ့ရဲ့အစေခံအားလုံးကိုလည်း တန်ဖိုးကြီးလှတဲ့ ပါရှားပြည်က ပိုးထည်တွေကို ဝတ်ဆင်စေပါတယ်။ ကုလားအုတ် အကောင် ၈၀ နဲ့ အတူ ရွှေ ပေါင် ၃၀၀ ခန့်ကိုလည်း ခရီးထွက်ရင် သယ်သွားလေ့ရှိပါတယ်။ သူသွားခဲ့တဲ့ လမ်းတလျှောက်မှာ လက်ဆောင်ပစ္စည်းတွေကို အမြဲဝေမျှခဲ့ပါတယ်။ သူ့ရဲ့အထင်ရှားဆုံး ခရီးကတော့ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို
သွားခဲ့တဲ့ ခရီးဖြစ်ပါတယ်။

သူ့လက်ထက်မှာ မာလီဟာ အကြီးမားဆုံး ထွန်းတောက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မြို့တော် တင်ဘခ်တူဟာ အဲဒီအချိန်က ယဉ်ကျေးမှု နဲ့ ကုန်သွယ်မှု အထွန်းကားဆုံးမြို့ဖြစ်ခဲ့ပါတယ်။
သူဟာ ပညာရေးကို တန်ဖိုးထားတဲ့ဘုရင်ဖြစ်ပြီး သူ့ရဲ့မြို့တော်မှာ Sankore တက္ကသိုလ်ကိုဖွင့်လှစ်ပြီး ကမ္ဘာတစ်ဝန်းက ပညာသင်ဆုရကျောင်းသားတွေကို တက်ရောက်သင်ယူစေခဲ့ပါတယ်။ သူဟာ အသက် ၅၇ နှစ်အရွယ် ၁၃၃၇ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

သူ့လက်ထက်က မာလီအင်ပါယာကို အထွန်းတောက်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုဆက်ခံသူများရဲ့ လက်ထက်မှာတော့ လွဲမှားတဲ့စီမံမှုတွေ ၊ နယ်ချဲ့ခြင်း နဲ့ ပြည်တွင်းစစ်ပွဲတွေ ကြောင့် Mansa Musa တည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပျက်စီးခဲ့ရပါတယ်။ သူ့ရဲ့နန်းတော်မရှိတော့ပေမယ့် သူတည်ထောင်ခဲ့တဲ့ အဆောက်အဦးတွေ တက္ကသိုလ်တွေကတော့ ယနေ့တိုင်ရှိနေဆဲပါ။ သမိုင်းတလျှောက်မှာ သူ့ထက်ချမ်းသာတဲ့သူ ထပ်ပေါ်လာဖို့ ဆိုတာလည်း မဖြစ်နိုင်လောက်အောင်ပါပဲ။

Credit to Original Post Uploader
( 26-8-2017 )

Copy & Re-Post by LinnLettKyaeSin

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top