အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်တုကို လက်အုပ်ချီနေကြတဲ့ပုံနဲ့ အနီရောင်စေတီကိစ္စ ရှင်းပြီ

လောကီအလိုအရ ပုံပျက်ပန်းပျက် ထုလုပ်ထားတဘုရားဆင်းတုတော်တွေကို သာသနာရေးက ဖယ်ရှားဖို့ အမိန့်ထုတ်ပြီးတဲ့နောက်မှာ တစ်ဖက်ရပ်ကွက်က သတင်းမှားတွေ ဖြန့်ချီနေတဲ့ကိစ္စမှာ ရှင်းလင်းစရာလေးတွေ ရှိလာပါတယ်။ တစ်ခုချင်း ရှင်းလင်းပါ့မယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်တုကို ဘုရားဆင်းတုလို့ ထင်ဖွယ်ရာရှိတဲ့ရုပ်တုတွေကို လက်အုပ်ချီနေကြတဲ့ ဓါတ်ပုံတစ်ပုံကို ဒေါ်အောင်ဆန်းစုကြည်ပုံလို့ တစ်ညီတစ်ညွတ်တည်း ဖွနေကြပါတယ်။

အဲ့ဒီ့ရုပ်တုဟာ အခု ဖယ်ရှားဖို့ အမိန့်ထုတ်ခံရတဲ့ ပုံပျက်ပန်းပျက် ဆင်းတုတော်တွေရှိတဲ့ နေပြည်တော်၊ မင်းဝံတောင်၊ စန္ဒာမုနိကျောင်းတိုက်တွင်းမှာပဲ တည်ရှိပါတယ်။ ရှင်စောပုဘုရင်မကြီးရဲ့ ရုပ်တုဖြစ်ပြီး ရှိနေတာ ဆယ်စုနှစ်ဝန်းကျင် ရှိပါပြီ။ ဒီရုပ်တုကို လှူဒါန်းထားတဲ့ အလှူရှင်ဟာလည်း ပုံပျက်ပန်းပျက်ဆင်းတုတော်တွေရဲ့ အလှူရှင်အနွယ်ဝင်တွေပါပဲ။ ဘာရည်ရွယ်ချက်လဲ သိချင်ရင်တော့ ကိုယ်တိုင်သာ သွားလေ့လာ မေးမြန်းကြပါ။

ပြောလိုရင်းက ဒီရုပ်တုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တု မဟုတ်သလို သူမနဲ့ တစ်စုံတစ်ရာ သက်ဆိုင်ခြင်းလည်း မရှိပါဘူး။ မိန်းမပုံ မြင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလို့ ဝူးဝူးဝါးဝါး ထဖြစ်နေကြတာကတော့ အတွင်းကြိတ်ကြည်ညိုနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

နောက်တစ်ချက်တော့ တစ်ဆူလုံး အနီရောင်သုတ်ထားတဲ့ ဘုရားကိစ္စပါ။ အဲ့ကိစ္စက တစ်ခါရေးသားခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ့စေတီဟာ ရန်ကုန်မြို့၊ လမ်းဝ၊ နဝဒေးမှတ်တိုင်နောက်၊ ဇမ္ဗူသီရိသာသနာ့ဗိမာန်နောက်ကျောက ဇွဲစုံဘုန်းကြီးကျောင်းဝန်းအတွင်းမှာ တည်ရှိပါတယ်။ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူဘုရားလို့ အမည်တွင်ပါတယ်။ စေတီသမိုင်းကျောက်စာအရ အာသောက မင်းကြီးလက်ထက်က တည်ထားကိုးကွယ်တယ်လို့ သိရပါတယ်။

ရွှေစေတီ၊ ငွေစေတီ၊ ပတ္တမြားစေတီဆိုပြီး သုံးဆူရှိတဲ့အနက် အခုဖွနေတဲ့ စေတီအနီဟာ ပတ္တမြားစေတီပါ။ စေတီစတည်ကတည်းက အနီပါ။ အခုဖွနေသူတွေ မမွေးခင်ကတည်းက အနီပါ။ NLD အစိုးရလက်ထပ်မှ အနီပြောင်းသုတ်ထားတာ မဟုတ်ပါဘူး။ ထပ်ပြောပါမယ်… မေမေ့အစိုးရလက်ထက်မို့ ရွှေရောင်စေတီကို အနီပြောင်းသုတ်တာ လုံးဝမဟုတ်ပါဘူး။

နောက်ထပ် ဖွနေတဲ့ ဒေါင်းပုံကပ်ထားတဲ့ ဘုရားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဒေါင်းမြှီးနဲ့ နတ်လိုလို ဘာလိုလို ထုထားတဲ့ ရုပ်တုပုံတွေကတော့ နေရာဒေသအတိအကျ မသိသလို ဖွနေသူတွေလည်း နေရာဒေသအတိအကျ မပြောနိုင်ပါဘူး။ Photoshop ဟုတ်မဟုတ် မသိသလို တကယ်ရှိနေတယ်ဆိုရင် ဖယ်ရှားပစ်စေချင်ပါတယ်။

တကယ်ရှိနေတယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်က ငါ့ပုံရုပ်တုထုဟေ့လို့ ညွှန်ကြားမှာ မဟုတ်သလို သူမနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဖြစ်နိုင်တာက ပုဂ္ဂိုလ်စွဲအရမ်းကြီးပြီး ဦးနှောက်မရှိတဲ့ နီရရင်ပြီးရော၊ တလွဲ အနီတွေရဲ့ လက်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ အဲ့လို ရုပ်တုမျိုးတွေ ရှိနေရင်တော့ ဖယ်ရှားပစ်ဖို့ တောင်းဆိုပါရစေ။

ဘာသာရေးဆိုတာ အထွတ်အမြတ်ပါ။ ဘာသာရေးဆိုတာ အဖိုးတန်ပါ။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချ ချနင်းနေတာကို ဘယ်သူလုပ်လုပ် လက်မခံနိုင်ပါဘူး။ လောကီအစီအရင်အရ ဘုရားတွေကို ယူနီကွန်းလို ဂျိုတွေတပ်၊ လက်တွေ နောက်ပြန်ချိုးပြီး အဂါရဝ ထားရှိတဲ့ကိစ္စနဲ့ လက်သည်တွေ ဘွင်းဘွင်းရှင်းရှင်း ပေါ်လာပြီးတဲ့နောက် အဲ့လူတွေကို ကာကွယ်ချင်စိတ်နဲ့ ဘာသာ သာသနာကို ချစ်လှချည်ရဲ့ဆိုတဲ့သူတွေ ဘုရားတွေကို အသုံးချပြီး မဟုတ်မမှန် တိုက်ခိုက်နေတာတွေ မြင်ရတာ ဘယ်လိုမှ အမြင်မတော်ပါဘူး။

မသိနားမလည်သူတွေ ယုံလွယ်အထင်လွဲသွားမှာ စိုးရိမ်လို့ ရှင်းပြတာ။ သိလျက်နဲ့ တမင်ဖွနေတဲ့ အကုသိုလ်အတုံးအခဲတွေအတွက်တော့ ကျွဲပါးစောင်းမတီးတော့ဘူး။ မျောက် စပါကလင်တိုက်တာမှ လေချဉ်တက်ဦးမယ်။ နွားကို ပီဇာကျွေးနေရသလိုပဲ။

အိပန်ဆယ်လို

###################

အိပန္ဆယ္လို

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top