နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပုံ ပန်းချီကား နှင့် ပတ်သက်၍ တရားစွဲထားသည့် အမှု ကို ပလပ်
================================================================
နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပန်းချီကားပုံ ကို တရားစွဲ ထားသည့် အမှု နှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပလပ်လိုက်ကြောင်း တရားလို ဦးအေးပိုင်က ဇူလိုင်လ ၉ ရက် တွင် ပြည်မြန်မာ ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား နှင့် ပတ်သက်၍ သရုပ်ဆောင် ချစ်သုဝေ နှင့် ၄င်း၏ ဖခင်ဖြစ်သူ ကို ဦးအေးပိုင်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံး တွင် တရားစွဲ ရန် အတွက် ဇွန်လ အတွင်းက ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ယနေ့ တွင် အမှုနှင့် ပတ်သက်၍ ဆက်လက် စွဲဆိုရန် သင့်၊မသင့် ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အမှုကို ပလပ်လိုက်ပါတယ်ဗျ” ဟု ဦးအေးပိုင်က ပြည်မြန်မာ ကို ပြောသည်။
အထက်ရုံများသို့ ပြင်ဆင်မှု တက်၍ ရပြီး ထိုသို့ ဆောင်ရွက်ရန် အတွက် ညှိနှိုင်းပြီးမှသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရားစွဲခြင်းသည် ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း လည်း ၄င်းက တရားခွင် အပြီးတွင် သတင်းထောက်များကို ပြောသည်။
“တရားရုံး ရဲ့ ပလပ်လိုက်တဲ့ အမိန့်က အံ့သြစရာကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်” ဟု ဦးအေးပိုင်က ဆိုသည်။
HAP
ZN.H ????????
P&L
####################
နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပုံ ပန်းချီကား နှင့် ပတ်သက်၍ တရားစွဲထားသည့် အမှု ကို ပလပ်
================================================================
နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပန်းချီကားပုံ ကို တရားစွဲ ထားသည့် အမှု နှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပလပ်လိုက်ကြောင်း တရားလို ဦးအေးပိုင်က ဇူလိုင်လ ၉ ရက် တွင် ပြည်မြန်မာ ကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား နှင့် ပတ်သက်၍ သရုပ်ဆောင် ချစ်သုဝေ နှင့် ၎င်း၏ ဖခင်ဖြစ်သူ ကို ဦးအေးပိုင်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံး တွင် တရားစွဲ ရန် အတွက် ဇွန်လ အတွင်းက ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ယနေ့ တွင် အမှုနှင့် ပတ်သက်၍ ဆက်လက် စွဲဆိုရန် သင့်၊မသင့် ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“အမှုကို ပလပ်လိုက်ပါတယ်ဗျ” ဟု ဦးအေးပိုင်က ပြည်မြန်မာ ကို ပြောသည်။
အထက်ရုံများသို့ ပြင်ဆင်မှု တက်၍ ရပြီး ထိုသို့ ဆောင်ရွက်ရန် အတွက် ညှိနှိုင်းပြီးမှသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တရားစွဲခြင်းသည် ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း လည်း ၎င်းက တရားခွင် အပြီးတွင် သတင်းထောက်များကို ပြောသည်။
“တရားရုံး ရဲ့ ပလပ်လိုက်တဲ့ အမိန့်က အံ့သြစရာကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်” ဟု ဦးအေးပိုင်က ဆိုသည်။
HAP
ZN.H ????????
P&L