ကူလတ်ဆိုတာ ထိုင်းတောင်ပိုင်းတောအုပ်ထဲမှာ နေတဲ့ မျောက်လေးတစ်ကောင်ပါ။ သူက ဉာဏ်ကောင်းသလို လိမ္မာရေးခြားလည်း ရှိပါတယ်။ တစ်နေ့တော့ တောအုပ်ထဲမှာ မျောက်ဖမ်းသမားတွေနဲ့တွေ့ပြီး ကူလတ်တို့အဖွဲ့အဖမ်းခံခဲ့ရပါတယ်။ လည်ပင်းကို သံကွင်းစွပ် လှောင်ချိုင့်ထဲထည့်ပြီး ဒေသအခေါ်နာမည်ကြီး မျောက်ကျောင်းကို အဓမ္မအပို့ခံခဲ့ရပါတယ်။
မျောက်ကျောင်းဆိုတာ မျောက်လေးတွေအတွက် တကယ့်ငရဲခန်းတွေပါပဲ။ မျောက်ကျောင်းမှာ သူတို့ကို ပေ ၁၀၀ အမြင့်ရှိတဲ့ အုန်းပင်တွေဆီတက်ဖို့သင်ပေးတယ်။ တစ်နေ့ကို အလုံး ၁၀၀၀ လောက် အုန်းသီးခူးပေးဖို့ သင်တန်းမျိုးစုံတက်ရပါတယ်။ မျောက်လေးတွေဟာ အုန်းသီးခူးနည်းသင်ရပြီး နေ့စဥ်သတ်မှတ်အလုံးရေရဖို့ အတင်းအကျပ်ခိုင်းစေခံနေရပါတယ်။ မျောက်လေးတွေရဲ့ခန္ဓာကိုယ်က သေးငယ်ပေမယ့် အစာရေစာအတွက် အဓမ္မခိုင်းစေခြင်းခံနေရပါတယ်။
သူတို့လေးတွေ မျက်ရည်နဲ့ရလာတဲ့ အုန်းသီးတွေကို အုန်းသီးစက်ရုံတွေဆီပို့ပြီး အုန်းရည်ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အုန်းသီးစျေးကွက်ဟာ ဒေါ်လာသန်း ၆၀၀ နီးပါးတန်ကြေးရှိပြီး ကမ္ဘာ့အနှံ့က လူတွေစားသုံးနေကြတာဖြစ်ပါတယ်။ PETA လို့ခေါ်တဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ထိုင်းတောင်ပိုင်းမှာ မျောက်ကျောင်း ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့ရကတစ်ဆင့် ပြည်သူတွေသိရှိခဲ့တာ ဖြစ်ပါတယ်။
အုန်သီးခူးနိုင်တဲ့အဆင့်ရဖို့ မျောက်လေးတွေ အဆင့်ပေါင်းများစွာလေ့ကျင့်ရပါတယ်။ ကနဦး စက်ဘီးစီး၊ ဘတ်စကတ်ဘောကစား၊ အလေးမနဲ့ ယောဂတွေကို သုံးလလောက်သင်ပြီးမှ အုန်းသီးခူးခိုင်းတာပါ။ မျောက်ကျောင်းတွေက သင်တန်းဆင်းမျောက်တွေကို ဘတ် ၃၀၀၀၀ (၁၂သိန်း)ကနေ ဘတ် ၁သိန်း (သိန်း၄၀) နဲ့ အုန်းခြံပိုင်ရှင်တွေကို ပြန်ရောင်းကြပါတယ်။ အလုပ်ကောင်းကောင်းမလုပ်တဲ့မျောက်တွေကို အစာမကျွေးတာ၊ ခြေကျင်းခတ်တာတွေလုပ်ပါတယ်။ လူကိုပြန်လည်ရန်ပြုမှာစိုးရိမ်လို့ အရွယ်ရောက်တဲ့ မျောက်တွေကို သွားနဲ့လက်သည်းတွေ နုတ်ပစ်ပါတယ်။ PETA ဒါရိုက်တာ ဂျက်ဆင်က ” မျောက်လေးတွေဘဝက အရမ်းသနားစရာကောင်းပါတယ်။ မိဘနဲ့လည်းခွဲနေရတယ်။ ဆော့လို့လည်းမရဘူး။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ပျက်စီးကုန်ပြီ”လို့ပြောပါတယ်။
သာမန်အားဖြင့် မျောက်တစ်ကောင်ရဲ့သက်တမ်းဟာ ၃၆ နှစ်ရှိပေမယ့် အုန်းသီးခူးရတဲ့မျောက်တွေကတော့ သက်တမ်း ၁၅ နှစ်လောက်ပဲနေရတယ်လို့ သိရပါတယ်။ အုန်းသီးကနေ အုန်းရည်အပြင် အုန်းဆီ၊ အုန်းဒိန်ချဥ် နဲ့အလှကုန်ပစ္စည်းတွေလုပ်တာတွေရှိပါတယ်။ PETA ရဲ့ ဖော်ထုတ်မှုကြောင့် မျောက်လေးတွေကို အတင်းအကျပ်ခိုင်းစေပြီး ရလာတဲ့ ထိုင်းအုန်သီးပစ္စည်းတွေကို နိုင်ငံတကာက ကန့်ကွက်နေကြပါပြီ။ Walmart ကလည်း ထိုင်းနိုင်ငံက အုန်းသီးထွက်ပစ္စည်းတွေ မရောင်းတော့ဘူးလို့ပြောလိုက်ပါပြီ။ ထိုင်းအစိုးရက မျောက်လေးတွေကို စနစ်တကျအစာကျွေးပြီးခိုင်းစေတာပါလို့ပြောပေမယ့် နိုင်ငံတကာက ယုံကြည်မှုကင်းမဲ့နေပါတယ်။ အုန်းသီးကို လူတွေခူးရင်တောင် တစ်နေ့အလုံး ၈၀ ရဖို့မသေချာတဲ့ အချိန် ထိုင်းနိုင်ငံက မျောက်လေးတွေကတော့ တစ်နေ့ကို အလုံး ၁၀၀၀ ခူးပေနေရပါတယ်။
Ref – PENA
Photo – PENA asia
#######################
ကူလတ်ဆိုတာ ထိုင်းတောင်ပိုင်းတောအုပ်ထဲမှာ နေတဲ့ မျောက်လေးတစ်ကောင်ပါ။ သူက ဉာဏ်ကောင်းသလို လိမ္မာရေးခြားလည်း ရှိပါတယ်။ တစ်နေ့တော့ တောအုပ်ထဲမှာ မျောက်ဖမ်းသမားတွေနဲ့တွေ့ပြီး ကူလတ်တို့အဖွဲ့အဖမ်းခံခဲ့ရပါတယ်။ လည်ပင်းကို သံကွင်းစွပ် လှောင်ချိုင့်ထဲထည့်ပြီး ဒေသအခေါ်နာမည်ကြီး မျောက်ကျောင်းကို အဓမ္မအပို့ခံခဲ့ရပါတယ်။
မျောက်ကျောင်းဆိုတာ မျောက်လေးတွေအတွက် တကယ့်ငရဲခန်းတွေပါပဲ။ မျောက်ကျောင်းမှာ သူတို့ကို ပေ ၁၀၀ အမြင့်ရှိတဲ့ အုန်းပင်တွေဆီတက်ဖို့သင်ပေးတယ်။ တစ်နေ့ကို အလုံး ၁၀၀၀ လောက် အုန်းသီးခူးပေးဖို့ သင်တန်းမျိုးစုံတက်ရပါတယ်။ မျောက်လေးတွေဟာ အုန်းသီးခူးနည်းသင်ရပြီး နေ့စဉ်သတ်မှတ်အလုံးရေရဖို့ အတင်းအကျပ်ခိုင်းစေခံနေရပါတယ်။ မျောက်လေးတွေရဲ့ခန္ဓာကိုယ်က သေးငယ်ပေမယ့် အစာရေစာအတွက် အဓမ္မခိုင်းစေခြင်းခံနေရပါတယ်။
သူတို့လေးတွေ မျက်ရည်နဲ့ရလာတဲ့ အုန်းသီးတွေကို အုန်းသီးစက်ရုံတွေဆီပို့ပြီး အုန်းရည်ထုတ်လုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အုန်းသီးဈေးကွက်ဟာ ဒေါ်လာသန်း ၆၀၀ နီးပါးတန်ကြေးရှိပြီး ကမ္ဘာ့အနှံ့က လူတွေစားသုံးနေကြတာဖြစ်ပါတယ်။ PETA လို့ခေါ်တဲ့ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ထိုင်းတောင်ပိုင်းမှာ မျောက်ကျောင်း ၁၃ ခုကို ရှာဖွေတွေ့ရှိခဲ့ရကတစ်ဆင့် ပြည်သူတွေသိရှိခဲ့တာ ဖြစ်ပါတယ်။
အုန်သီးခူးနိုင်တဲ့အဆင့်ရဖို့ မျောက်လေးတွေ အဆင့်ပေါင်းများစွာလေ့ကျင့်ရပါတယ်။ ကနဦး စက်ဘီးစီး၊ ဘတ်စကတ်ဘောကစား၊ အလေးမနဲ့ ယောဂတွေကို သုံးလလောက်သင်ပြီးမှ အုန်းသီးခူးခိုင်းတာပါ။ မျောက်ကျောင်းတွေက သင်တန်းဆင်းမျောက်တွေကို ဘတ် ၃၀၀၀၀ (၁၂သိန်း)ကနေ ဘတ် ၁သိန်း (သိန်း၄၀) နဲ့ အုန်းခြံပိုင်ရှင်တွေကို ပြန်ရောင်းကြပါတယ်။ အလုပ်ကောင်းကောင်းမလုပ်တဲ့မျောက်တွေကို အစာမကျွေးတာ၊ ခြေကျင်းခတ်တာတွေလုပ်ပါတယ်။ လူကိုပြန်လည်ရန်ပြုမှာစိုးရိမ်လို့ အရွယ်ရောက်တဲ့ မျောက်တွေကို သွားနဲ့လက်သည်းတွေ နုတ်ပစ်ပါတယ်။ PETA ဒါရိုက်တာ ဂျက်ဆင်က ” မျောက်လေးတွေဘဝက အရမ်းသနားစရာကောင်းပါတယ်။ မိဘနဲ့လည်းခွဲနေရတယ်။ ဆော့လို့လည်းမရဘူး။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ပျက်စီးကုန်ပြီ”လို့ပြောပါတယ်။
သာမန်အားဖြင့် မျောက်တစ်ကောင်ရဲ့သက်တမ်းဟာ ၃၆ နှစ်ရှိပေမယ့် အုန်းသီးခူးရတဲ့မျောက်တွေကတော့ သက်တမ်း ၁၅ နှစ်လောက်ပဲနေရတယ်လို့ သိရပါတယ်။ အုန်းသီးကနေ အုန်းရည်အပြင် အုန်းဆီ၊ အုန်းဒိန်ချဉ် နဲ့အလှကုန်ပစ္စည်းတွေလုပ်တာတွေရှိပါတယ်။ PETA ရဲ့ ဖော်ထုတ်မှုကြောင့် မျောက်လေးတွေကို အတင်းအကျပ်ခိုင်းစေပြီး ရလာတဲ့ ထိုင်းအုန်သီးပစ္စည်းတွေကို နိုင်ငံတကာက ကန့်ကွက်နေကြပါပြီ။ Walmart ကလည်း ထိုင်းနိုင်ငံက အုန်းသီးထွက်ပစ္စည်းတွေ မရောင်းတော့ဘူးလို့ပြောလိုက်ပါပြီ။ ထိုင်းအစိုးရက မျောက်လေးတွေကို စနစ်တကျအစာကျွေးပြီးခိုင်းစေတာပါလို့ပြောပေမယ့် နိုင်ငံတကာက ယုံကြည်မှုကင်းမဲ့နေပါတယ်။ အုန်းသီးကို လူတွေခူးရင်တောင် တစ်နေ့အလုံး ၈၀ ရဖို့မသေချာတဲ့ အချိန် ထိုင်းနိုင်ငံက မျောက်လေးတွေကတော့ တစ်နေ့ကို အလုံး ၁၀၀၀ ခူးပေနေရပါတယ်။
Ref – PENA
Photo – PENA asia