ဒေါသကို ဘယ်လိုထိန်းချုပ်ကြမလဲ

လူတိုင်းနီးပါးမှာ ဒေါသဆိုတာဆိုကြပါတယ်။ ထုတ်ပြတာနဲ့ မထုတ်ပြတာဘဲ ကွာဟကြတာပါ။ ဒေါသထွက်ရတဲ့ အကြောင်းအရင်းတွေအများကြီး ရှိပါတယ်။ အခက်အခဲတွေနဲ့ကြုံရတဲ့အခါ (သို့) အလိုမကျဖြစ်တဲ့အခါ (သို့) အခြားအကြောင်းအရင်းတွေကြောင့် ဒေါသတွေ ဖြစ်တတ်ကြပါတယ်။ ဒေါသထွက်တယ်ဆိုတာ ကျန်းမာရေးအတွက်ရော လူမှုဆက်ဆံရေးအတွက်ပါ ကောင်းကျိုးပေးလေ့မရှိပါဘူး။ ဒီနေ့ kwee က ဒေါသကို ဘယ်ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

အုပ်စုလိုက် ဆွေးနွေးလမ်းညွှန်မှုများပြုလုပ်ခြင်းဖြင့် သင့်စိတ်ခံစားမှုကို မြိုသိပ်မနေဘဲ လွှတ်ချလိုက်ပါ။ သင့်နှင့် ဘဝတူများနှင့် ရင်ဖွင့်စကားအပြန်အလှန်ပြောဆိုခြင်း၊ တတ်ကျွမ်းသော ပညာရှင်များနှင့် တိုင်ပင်ခြင်းဖြင့် သင့်ဒေါသကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သိလာစေနိုင်ပါတယ်။

Source: Promises Behavioral health

ဒေါသသည် အင်အားကြီးမားသော စွမ်းအားတခုဖြစ်ပါတယ်။ ထိုအားအင်များကို သင်စိတ်ဝင်စားသော အရာတခုခုအပေါ်တွင် အာရုံလွှဲလိုက်ပါ။ သင့်အတွေ့အကြုံများကို ချရေးခြင်း၊ ဟင်းချက်သင်ခြင်း စသဖြင့် သင်စိတ်ဝင်စားရာ တခုခုကို လုပ်ဆောင်ခြင်းဖြင့် သင့်ပင်ကိုယ်စွမ်းရည်များကို ပို တိုးလာစေပါတယ်။

သီးခြားမနေဘဲ အခြားသူများနှင့်လည်း အဆက်အသွယ်ပြုလုပ်ပါ။ လူတို့က အလိုမကျဖြစ်သည့်အခါ ဒေါသထွက်တတ်ကြပါတယ်။ ဒါကြောင့် သင့်လိုအပ်ချက်များ၊ ဆန္ဒများကို မိသားစုဝင်များ၊ အပေါင်းအသင်းများကို ပြောပြခြင်းဖြင့် သင့်အတွက် အကူအညီများရလာနိုင်ပါတယ်။

Source: Healthline

အထက်ပါနည်းများနှင့် အဆင်မပြေပါက သင့်ဒေါသကိုပြေလျော့ရန်အတွက် ခေါင်းအုံးကို လက်သီးဖြင့်ထိုးခြင်း၊ရိုက်ခြင်း ၊ လူတွေနဲ့ဝေးရာ (သို့) အခန်းထဲတွင် ကျယ်လောင်စွာ အော်ပစ်လိုက်ခြင်း စသည့်ရုပ်ပိုင်းဆိုင်ရာနည်းများဖြင့်လည်း သင့်ဒေါသအတွက် ထွက်ပေါက်ရှာနိုင်ပါတယ်။

Source: Harvard-Health

ဒေါထွက်ခြင်းသည် မကောင်းပါ။ ဒါပေမယ့် လူတိုင်းကလည်း ဒေါသနဲ့မကင်းနိူင်ကြဘူး။ ဒေါသထွက်ခြင်းက လူမူပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဒေါကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သိထားသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top