ပျောက်ဆုံးနေတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်ကြီးကို ပူခန်းတောင်ပေါ်မှာ သေဆုံးလျှက် တွေ့ရှိ…
မြို့တော်ဝန်ကြီး သမီး ရဲစခန်းကို အကြောင်းကြားတာ အခုဆို ၇ နာရီရှိနေပါပြီ။ မြို့တော်ဝန်ကြီးရဲ့ အလောင်းကို ပူခန်းတောင်မှာတွေ့လိုက်ရတယ်တဲ့။
မြို့တော်ဝန်ကြီးက ဒီနေ့ နေမကောင်းလို့ဆိုပြီး ဒီနေ့ (ဇူလိုင်လ ၉ ရက်၊၂၀၂၀ ပြည့်နှစ်) နဲ့ မနက်ဖြန်အလုပ်မဆင်းဘူးတဲ့။ နေမကောင်းဘူးလို့လည်း ပြောသေးတယ် ..တောင်တက်တဲ့ အဝတ်အစားတွေနဲ့ သူ အပြင်ထွက်တယ်။ မြို့တော်ဝန်ကြီး အပြင်ထွက်သွားတာမနက် ၁၀ နာရီ ၄၄ မိနစ်။
“ အဖေက အိမ်ကမထွက်ခင် ပြောသွားတဲ့ စကားက တစ်မျိုးကြီးပဲ..”
သမီးက စိတ်ထင့်နေလို့ ဖုန်းဆက်လိုက်တော့ ဖုန်းမကိုင်။ နောက်ပိုင်း ဖုန်းပိတ်လိုက်တယ်။ မြို့တော်ဝန်ကြီးက ဒီလို ဖုန်းပိတ်ပြီး အပြင်သွားလေ့မရှိပါ..။
ဖုန်းလည်းမကိုင်တာ ၄-၅ နာရီလောက်ကြာတော့ မြို့တော်ဝန်ရဲ့သမီးက အတော့်ကိုစိတ်ပူနေပြီ။
ညနေ ၃ နာရီ ၄၉ မိနစ်.. ဖုန်းတည်နေရာက ဆိုးလ်မြို့၊ Seongbuk-gu က ဖုန်းတည်နေရာအရ ပန်းခြံ (와룡공원) နားမှာပျောက်သွားတာတွေ့ရတယ်။ ဖင်လန်သံရုံးနားမှာပေါ့။ ဖုန်းပိတ်သွားတယ်။
သမီးက နောက်ဆုံးတော့ ညနေ ၅ နာရီ ၁၇ မိနစ်မှာ ရဲစခန်းကို ဖုန်းဆက်တိုင်တယ်။
Yonhap သတင်းအရဆို မြို့တော်ဝန်ကြီးက သေတမ်းစာ သဘောမျိုးဆောင်တဲ့ စာတစ်စောင်ရေးပြီး အိမ်မှာထားသွားတယ်လို့ဆိုတယ်။ ငွေကြေးချမ်းသာ၊ ဂုဏ်သရေရှိ၊ ပညာတတ်..။ မတ်လ ၂၆ ရက်၊ ၁၉၅၆ ခုနှစ်မွေး ဆိုးလ်မြို့တော်ဝန်ကြီး Park Won-soon ဟာ ရှေ့နေကြီးတစ်ယောက်ဖြစ်ပါတယ်။
ဆိုလ်းမြို့ရဲ့ မြို့တော်ဝန်ဆိုတာ သမ္မတပြီးရင် အကြီးဆုံးထိပ်တန်းစာရင်းဝင်ထဲက တစ်ယောက်..။ သူ ဒီလို သေဆုံးသွားတာဟာ စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုလို အဖြစ်အပျက်ဖြစ်တယ်။
ရဲတပ်ဖွဲ့က ည ၁၀ နာရီ ၃၀ မိနစ်မှာ ဒုတိယ အုပ်စုက အင်အားဖြည့် ဆက်ရှာတယ်။ အခုတော့ မြို့တော်ဝန်ကြီးရဲ့ အလောင်းကို ပူခန်းတောင်မှာတွေ့လိုက်ရပါပြီ။
တချို့ပြည်သူတွေလည်း မအိပ်နိုင်ကြပါဘူး။ ဒါဟာ တောင်ကိုရီးယားရဲ့ သမိုင်း အပြောင်းအလဲတစ်ခုဖြစ်လာနိုင်..။
မရွှေမိုး(ကိုရီးယား)
July 9th,2020.
#####################

မေ႐ႊမိုး(ကိုရီးယား)
July 9th,2020.