ပြန်တက်လာနိုင်ခြေ မရှိတဲ့ မြေစျေးနှင့် မြေကွက် အရောင်းအဝယ် ဟော့နေတယ် ဆိုတဲ့ ဂျင်းသတင်း
မြေကွက်တွေ အရောင်းအဝယ် ဟော့နေတယ် ဆိုတဲ့ ဂျင်းဆန်ဆန် သတင်းတွေ သတိထားကြပါ။
ကိုဗစ် ဖြစ်ပြီးရင် တဒိန်းဒီန်း တက်မှာ ကြိမ်းသေနေတဲ့ ရွှေဈေးတောင် တရုတ် နှင့် အိန္ဒိယ မှာ ငွေကြပ်နေလို့ ကမ္ဘာ့ပေါက်ဈေးထက် ရခိုင်နှုန်း များစွာ လျှော့ရောင်းနေရတဲ့ အချိန်မှာ မြန်မာပြည်မှာတော့ ကိုဗစ် ကာလ ပြန်ဖွင့်ပေးလို့ မြေကွက်တွေ အရောင်းအဝယ် ပြန်ဖြစ်လာတယ် သတင်းမျိုးတွေ တက်လာတော့ ဘယ်လိုပြောရပါ့။
သာမန် စီးပွားရေးသမားဆိုရင် ကိုဗစ် ကာလ ပြန်လည် ထူထောင်ရေး က ၈ နှစ်လောက် ကြာမယ် ဟု နိုင်ငံတကာ က ခန့်မှန်းနေစဉ် စီးပွားရေး ကောင်းမှ တက်မည့် မြေဈေး၊ ကိုဗစ် ကာလ မှာ online sale တွေ ဖလမ်းဖလမ်း ထနေစဉ် နိုင်ငံတကာမှာက နည်းပညာမြင့် လုပ်ငန်းတွေမှာ ပိုမို ရင်းနှီးမြှပ်နှံနေတဲ့အချိန် ၊ ဈေးဆိုင်တွေ အငှားခတွေ ထိုးဆင်းနေစဉ်မှာ capital market မပြည့်စုံလို့ foreign direst inveatment တွေ ဆွဲဆောင်နေရတဲ့ မြန်မာပြည် တခုထဲ မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေတယ် ဆိုတာလည်း ဆန်းပ။
သေချာစဉ်းစားကြည့်ရင် ယခု အချိန်ဟာ ဘာအလုပ်မှ သေချာလုပ်ရင် ဖြစ်တာမဟုတ်။ နှစ်ကြာရှည် ရင်းနှီးမြှပ်နှံရတဲ့ မြေကွက်ဟာ ဘယ်လို ဈေးတက်နိုင်မလဲ။ ဘဏ် တိုးတွေကျလို့ မြေကွက်တွေ စွပ်ဝယ်ဆိုရင် ဘဏ်မှာထားတာမှ မြေကွက်ဈေးကျတာထက် ပိုသာတဲ့ အနေအထားမှာ မြေကွက် ဝယ်ပြီး လေထဲ ပလူပျံခံကြမှာလား။
မြေကွက် ထက်စာရင် ယခု ဈေးကျနေတဲ့ ဒေါ်လာ ဝယ်ထားတာတောင် မှ ကိုဗစ်ပြီးတာနဲ့ ကမ္ဘာကုန်သွယ်မှု ပြန်လည် ဖွံဖြိုးလာရင် ဒေါ်လာက ပြန်မာ နိုင်သေးတဲ့ အနေအထားပါ။
နောက်ပြီး ဘိန်း နှင့် လာဘ်ပေးလာဘ်ယူမှု ကနေ ရတဲ့ ငွေကြေးကို လွယ်လွယ် ဖြင့် ၃% ဖြင့်မြေဝယ်ကြတဲ့ ကိစ္စ ကလည်း တကယ်ဝယ်သူများက နှစ်စ ကတည်းက ဝယ်ကြပြီး သတင်းကြိုရသူများကတော့ မနှစ်က ဒီအချိန်မှ ဝယ်ထားပြီး ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့ အမြင် ၃% က နောက်နှစ်တော့ တိုးအုံးမယ် ထင်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးစီးပွားမကောင်းရင် ဘိန်းဈေးက ကျမှာပါ။ နယ်စပ်တွေကို ဗိုင်းရပ်ကြောင့် ပိတ်ရင် ဘိန်းက ရောင်းရ ပိုခက်သွားမှာပါ။
ဒါကြောင့် မြေဈေးဟာ အစိုးရ အနေဖြင့် ဘယ်လိုပဲ ဆွဲတင်ဆွဲတင် အဆင်းမှာ နှစ်ပေါက်အောင်ရှိနေအုံးမှာပါ။
ဒါကြောင့် ကိုဗစ်ကာလအတွင်း မြေကို အတော်တန်မှ ၈ နှစ်ကာလ အတွင်း ယခုဈေး ပြန်ရောက်မယ် ဆိုပြီး တွက်ချက်ပြီးမှ အောက်ဈေး နှင့်ဝယ်ပါ။ ဒါမှ မဟုတ် အရှုံးနည်းချင်တယ် ဆိုရင် ရှိတဲ့ လက်ထဲရှိတဲ့ မြေကို အရင် ဦးအောင် ထုတ်ရောင်းပါ။
အဲ့လိုမှ မဟုတ်ပဲ မြေပေါင်ပြီး လုပ်ငန်းလုပ်ဖို့ ဝယ်တယ်။ လုပ်ငန်းကို နှစ်ဆပြချင်လို့ ဝယ်တယ် ဆိုရင်တော့ မြေလည်းရှုံးလုပ်ငန်းလည်းရှုံးမှာကိုလည်း ပြန်စဉ်းစားတတ်ကြဖို့ လိုမယ် ထင်ပါတယ်။
RongFa – Matthew Zaw
##################
ပြန်တက်လာနိုင်ခြေ မရှိတဲ့ မြေဈေးနှင့် မြေကွက် အရောင်းအဝယ် ဟော့နေတယ် ဆိုတဲ့ ဂျင်းသတင်း