တစ်နေ့တာလုံး အားအင်ပြည့်ဝနေစေဖို့ မနက်ခင်းမှာပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းများ

မနက်ပိုင်းမှာလေ့ကျင့်ခန်းပြုလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါတိုးတက်ကောင်းမွန်စေပါတယ်။ တစ်နေ့တာလုံးအားအင်အပြည့်နဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့အခုပြောပြမယ့်လေ့ကျင့်ခန်းတွေကိုပြုလုပ်ကြည့်ပါ။လွယ်ကူရိုးရှင်းပြီး အိပ်ရာထဲမှာတင်ပြုလုပ်လို့ရနိုင်တဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။

(၁) Butterfly Pose

Butterfly Pose လေ့ကျင့်ခန်းဟာ စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး ခန္ဓာကိုယ်တစ်ခုလုံးအပေါ်အကျိုးသက်ရောက်မှုရှိစေပါတယ်။ အိပ်ယာပေါ်မှာလှဲလျက်အနေအထားအတိုင်း ပုံစံယူပြီး ဒူးနှစ်ဖက်ကိုကွေးကာ ခြေဖျားချင်းထိထားလိုက်ပါ။ လက်ကို ဝမ်းဗိုက်ပေါ်တင်ပြီးထားပါ။ ထို့နောက်အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ ထိုပုံစံအတိုင်း ၃ မိနစ်ပြုလုပ်ပေးရပါမယ်။

(၂) Plank For Strength

Plank လေ့ကျင့်ခန်းက ဝမ်းဗိုက် ပခုံး နှင့်နောက်ကျောဘက်ကြွက်သားတွေအပေါ် ထိရောက်မှုအရှိဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အားလုံးသိထားတဲ့ Plank တဲ့လေ့ကျင့်ခန်းပုံစံအတိုင်း လက်နှစ်ဖက်ကိုအားပြုပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းထားပါ။ အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ ထိုနည်းအတိုင်း စက္ကန့် ၃၀ ခန့် နေပေးပါ။ အချိန်ပြည့်ရင် ၁၀ စက္ကန့်လောက်အနားယူပြီး နောက်တစ်ကြိမ်ပြုလုပ်ပေးပါ။စုစုပေါင်း စက္ကန့် ၃၀ ၅ ခေါက်ပြုလုပ်ပေးရပါမယ်။

(၃) Happy Baby Pose

Happy Baby Pose လေ့ကျင့်ခန်းဟာ အရမ်းကိုလွယ်ကိုရိုးရှင်းပြီး သင့်ရဲ့နောက်ကျောကြွက်သားများကိုသန်မာစေဖို့ကူညီပေးပါတယ်။ အိပ်ရာပေါ်မှာ ပလက်အနေအထားပုံစံယူပါ။ထို့နောက် ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး ခြေထောက်နှစ်ဖက်ကိုအပေါ်သို့မတင်ကာ တင်ပါးကိုမြှင့်ထားပါ။ လက်နှစ်ကိုတော့ မြှောက်ထားတဲ့ခြေထောက်တွေကိုလှမ်းဆွဲပြီး ဒူးကိုရင်ဘတ်နဲ့နီးကပ်လာအောင်ဆွဲပေးရပါမယ်။ ထိုပုံစံအတိုင်း ၁ ကနေ ၁၀ အထိရေတွက်ပြီး အသက်ရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၃ ခေါက်ပြုလုပ်ပေးရပါမယ်။

(၄) Half Bridge

Half Bridge လေ့ကျင့်ခန်းကသင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ထိရောက်မှုရှိစေတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အိပ်ယရာပေါ်မှာလှဲလျက်အနေအထား ပုံစံယူပေးပါ။ ထိုနောက်ဒူးကွေးကာ ခြေထောက်ကိုအိပ်ရာပေါ်ထောက်ထားပါ။ ပြီးရင်တော့ တင်ပါးကိုအပေါ်သို့မတင်ပြီး ခန္ဓာကိုယ်ကိုမျဉ်းကွေးပုံသဏ္ဍန်ပြုလုပ်ပေးရပါမယ်။လက်ကိုတော့ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်စီမှာပဲ ထားပေးပါ။ ခန္ဓာကိုယ်ကိုမတင်ပြီး စက္ကန့် ၃၀ ကြာထိန်းထားပေးပါ။အချိန်စေ့ရင် ဖြေးဖြေးချင်း ပြန်ချပေးရပါမယ်။ ထိုနည်းအတိုင်း ၃ ခေါက်ပြုလုပ်ပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top