ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသုဝဏ္ဏသျှမ်တောင်တော်မြတ် တွင်သီတင်းသုံးတော်မူစဉ်ကာလ( ၁၃၅၇ )ခုနှစ်ကဖြစ်သည်။ကွန်ဟိန်းမြို့နယ် ဆရာဝန်
ဒေါက်တာတင်ငွေက အောက်ပါအတိုင်းအားပါးတရပြောဆိုခဲ့၏။
တစ်ရက် ကျွန်တော် ဆရာတော်ဘုရားကြီးရဲ့ခြေထောက်အနာ ဆေးထည့်ပေးဖို့တောင်ပေါ်ကိုလာတဲ့အခါ ~သာစည်က ကိုရန်လင်းတို့အဖွဲ့လည်းရောက်နေကြတယ်ဗျ။
ကျွန်တော်တို့ကလည်း ဖူးမျှော်လို့မဝတော့ညသန်းခေါင်အထိ မပြန်နိုင်ကြသေးဘူး။”ဒေါက်” “ဒေါက် ” “ဒေါက်””အဲဒီအချိန်မှာ တံခါးခေါက်သံ အတိုင်းသားကြားရတယ် lဒီအချိန်ကြီးဘယ်သူမှ မလာပါဘူးလေဆိုပြီး ပေထိုင်နေတြတယ်ပေါ့ဗျာ””ဒေါက်” “ဒေါက်” “ဒေါက်”တံခါးခေါက်သံထပ် ကြားရပြန်တယ်။
ဆရာတောါဘုရားကြီးက~~” ဖွင့်ပေးလိုက်ပါ”ဟုမိန့်တော်မူသောကြောင့်တံခါးထဖွင့်ပေးလိုက်လေရာ ••••••ဘယ်သူမှ မရှိဘဲနဲ့ ပြိုးပြိုးပြက်ပြက်အလင်းရောင်တွေ မြင်ကြရတယ်။အံ့သြမှင်တက်သွားကြတာပေါ့ဗျာ။တံခါးမကြီးကနေမျှော်ကြည့်လိုက်ပြန်တော့တစ်တောလုံး တစ်တောင်လုံး ထိန်ထိန်ညီးနေတာပဲ။အလင်းတန်းတွေ ဖျာထွက်နေလိုက်တာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။
အဲဒီအလင်းရောင်တွေထဲမှာ•••••သေချာကြည့်လိုက်တော့အင်မတန်ကြည်လင်နေတဲ့မျက်နှာ တချို့တွေ့ရတယ် •••••••ခန္ဓာကိုယ် ကိုတော့ မတွေ့ရဘူးဗျ။အလင်းရောင် တွေက မာကျူရီလျှပ်စစ်မီးရောင်လိုမျိုးပဲဗျာ”ဒါနဲ့ ကျွန်တော် သဘောပေါက်လိုက်တယ် ပြန်ဖို့ သင့်ပြီဆိုတာ lကျွန်တော်တို့ လူသားတွေအလှည့်ပြီးလို့ နတ်ဗြဟ္မာတွေ လာဖူးတာပဲလို့တထစ်ချယူဆ လိုက်ပါတယ်။
ဆရာတော်ဘုရားကြီးကို ဦးချပြီး ပြန်ခဲ့ရပေမယ့် အိပ်မရတော့ဘူးဗျို့ကျွန်တော်က ဒီလို နတ်တွေ ဗြဟ္မာတွေ လာဖူးလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ဒါတစ်ကယ့် ကိုယ်တွေ့ပါ l မလိမ်ရဲပါဘူးဗျာ။ဆရာတော်ဘုရားကြီးမှာ ညအချိန်တွင်လည်း မအားရ မနားရဘူးဆိုတာ ဒီတော့မှ သဘောပေါက်တော့တယ်ဗျ။ဆရာတော်ဘုရားကြီးက တစ်လုပ်ထဲမှ မဟုတ်ဘဲဗျာ lလူတွေတရားဟောအပြီး သက်ဆိုက်ရာ နတ်တွေ ဗြဟ္မာတွေကိုဆက်ပြီး တရားဟောတော်မူတယ်ဆိုတာ အခုမှသိရတော့တာပါပဲ” ရှမ်းပြည်နယ်မှာ ( ၇ )နှစ်လုံးလုံးဒုက္ဓသုက္ခများနှင့် နပန်းလုံးပြီး တာဝန်ထမ်းဆောင်ခဲ့ရတဲ့အထဲမှာ ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်လိုက်ရတာ
ဘဝမှာ တန်ဖိုး မဖြတ်နိုင်တဲ့ အမြတ်ဆုံး တစ်ခုပါပဲ”ဟု ဝန်ခံသွားတဲ့ဒေါက်တာတင်ငွေက(TMO) ပြန်လည်ပြောပြခြင်း ဖြစ်ပါတယ်။
(မိမိစိတ်ကို မိမိထိမ်းချုပ်နိုင်သူများဖြစ်ကြပါစေ)
Credit:ealthadin.
Zawgyiဖြင့်ဖတ်ရန်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ ဖူးမျှော်ရန် လာရောက်ကြသော နတ် ဗြဟ္မာများ