သတိထားရတော့မယ့် အခြေအနေ ဖြစ်နေတဲ့ မန္တလေးမြို့ ဧရာဝတီမြစ်ရေအခြေအနေ

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင်တစ်ပေခွဲ မြင့်တက်နေပြီး လာမည့်ဇူလိုင် ဒုတိယအပတ်အတွင်း အမြင့်ဆုံး စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ သိရသည်။

လက်ရှိ ဧရာဝတီမြစ် အထက်ပိုင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်အတွင်း ပေဝက်လောက်နေပြီး မန္တလေးမြို့တွင် မြစ်ရေများဆက်လက် မြင့်တက်လာနိုင်ကာ အမြင့်ဆုံးစိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း သိရသည်။

စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ရှစ်ပေသာလိုတော့တယ်၊ မန္တလေးမြို့မှာ ဇူလိုင်လရဲ့ ဒုတိယအပတ်အကုန် တတိယအပတ် အကုန်လောက်မှာဆိုရင် နှစ်စဉ်နီးပါး စိုးရိမ်ရေမှတ်ကိုကျော်လွန်ပြီး ရောက်ရှိတယ်” ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် မိုးကာလ၌ ရေကြီးရေလျှံမှု စသည့်သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် ဗောကွင်း၊ အင်္ကျီ စသည့်အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာ၊ မိုးကာတဲ စသည့်မိသားစု အသုံးအဆောင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့် ပံ့ပိုးရေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သိရသည်။

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တို့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့ပြီး မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေမှတ် ရောက်ရှိခဲ့သည့်နှစ်များမှာ ပထမအကြိမ်အဖြစ် ၁၉၇၄ ခုနှစ်တွင် ၁၃၄၂ စင်တီမီတာ၊ ဒုတိယအကြိမ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် ၁၃၈၂ စင်တီမီတာ၊ တတိယအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ၁၃၂၅ စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့သည်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top