Gym မှာပိုကစားလို့ ကောင်းစေမယ့် လျှို့ဝှက်ချက် (၄) ခု

အားကစားလုပ်လို့ကောင်းတယ် ။ ထိရောက်ပြီး တိုးတက်မှုရှိတယ်ဆိုတာ Gym ကစားသူတွေအတွက် သတင်းကောင်းပါပဲ။ ဒါပေမယ့်လည်း နေ့တိုင်းတော့ Gym မှာ အချိန်အကြာကြီး အားနဲ့မာန်နဲ့ Workout လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီနည်းလေးတွေကတော့ အားကစားသမားတွေအတွက် သက်လုံကောင်းပြီး ရေရှည်ကစားနိုင်အောင် ကူညီပေးနိုင်မှာပါ။

(၁) အိပ်ရေးဝအောင် အိပ်ပါ

Photo: Lighthouse Health Group

အရမ်းလွယ်ပါတယ်။ အိပ်ချိန်ပြည့်ပြည့်ဝဝ ရရင် အမောပန်းခံနိုင်ပါတယ်။ Quality Sleep ဟာ အားကစားသမားတိုင်းအတွက် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ အိပ်ရေးပျက်ရင် အားကစားကို စွမ်းအားအပြည့် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အိပ်ရေးဝဝအိပ်ခြင်းဟာ Sermorelin လို့ ခေါ်တဲ့ ကြွက်သား /စွမ်းအင်နဲ့ ခံနိုင်ရည်ကို ပိုတိုးပေးနိုင်သလို ကိုယ်ခံအားစနစ်နဲ့ နှလုံးသွေးလည်ပတ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။

(၂) များများပြေးပါ

Photo: menswearstyle

Jogging လုပ်တာလိုမျိုး လှုပ်ရှားမှုဟာ အားကစားသမားတိုင်းအတွက် မိတ်ဆွေပါပဲ။ သိပ်မမြန်စေဘဲနဲ့ မိုင်များများပြေးခြင်းဟာ သက်လုံအားပိုကောင်းလာသလို ကြံ့ခိုင်မှုလည်း ပိုလာပါတယ်။ ဒါ့ကြောင့် နေ့စဉ်အားကစားလုပ်တဲ့ အစီအစဉ်ထဲမှာ အပြေးလေ့ကျင့်ခန်းကို ထည့်သွင်းပေးဖို့ လိုပါတယ်။

(၃) ဖြည်းဖြည်းမှန်မှန် ပုံမှန်ကစားပါ

Photo: Freepik

အားကစားလုပ်တယ်ဆိုတာ ဒီနေ့ကစားပြီး နောက်တစ်နေ့ ကိုယ်လိုချင်တဲ့ပုံထွက်တဲ့အမျိုး မဟုတ်ပါဘူး။ အားကစားလုပ်တယ်ဆိုတာ စွဲမြဲမှုရှိဖို့ အရေးကြီးပါတယ်။ အားကစားကို ပုံမှန်လုပ်နိုင်မယ့် အချိန်ရွေးပြီး အချိန်ဇယားနဲ့ မပြတ်တမ်း ကစားတာမျိုး လုပ်သင့်ပါတယ်။ ပုံမှန်ဖြည်းဖြည်းချင်း ကစားတာဖြစ်လို့ သိပ်လည်း မောတယ်မခံစားရသလို ပိုလေးတာ မနိုင်ပြီး ပိုမြန်အောင်ပြေးနိုင်လာပါလိမ့်မယ်။

(၄) Superset လေးတွေ ထည့်ကစားပါ

Photo: menswearstyle

Superset ဆိုတာက ကြွက်သားထု ကြီးကြီးမားမား တက်ချင်ရင် ချန်မထားသင့်တဲ့ အားကစားစနစ်ဖြစ်ပါတယ်။ Gym ကစားတဲ့ Dumbbell တစ်ခုတည်းနဲ့ မတူတဲ့ လေ့ကျင့်ခန်းနှစ်ခုအကြား မနားဘဲ ကစားတဲ့ နည်းစနစ် ဖြစ်ပြီး ခန္ဓာကိုယ်သက်လုံ မြှင့်ပေးနိုင်တဲ့အပြင် Workout လည်း ပိုလုပ်နိုင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top