အက်နေသောအိုး ( အားသာခ်က္ကို မြင်တတ် ပါစေ )

ရေထမ်းသူ တစ်ဦးသည် ရေကန်မှ ရေကို အိုးကြီး ၂ လုံးဖြင့် စလွယ် သိုင်းကာ သူတို့ နေထိုင်ရာရပ်ကွက် ထဲတွင် လှည့်လည် ရောင်းချ သည် ။ ယင်းအိုး ၂ လုံးထဲမှ တစ်လုံးတွင် အတန်ငယ်ကြီးသော အက်ကြောင်း တစ်ခု ဖြစ်ပေါ် နေသဖြင့် ရေဖြည့် ပေးသော နေရာသို့ ရောက်သောအခါ ရေအပြည့် မပါဘဲ တစ်ဝက်သာ ပါလာ လေသည် ။ ဤသည်ကို အပြစ်ရှိ သလို ခံစားလာရသော အက်ကွဲေ

ကြာင်း ပါသောအိုးက – “သခင် ၊ သင့်မှာ ကြိုးစားပမ်းစား ရေကန်မှရေကို ခပ်ပြီး သယ်ယူ ရောင်းချ နေခဲ့ သော်လည်း ကျွန်ုပ်၏ ချို့ယွင်း ချက်ကြောင့် ရသင့်သလောက် အကျိုးအမြတ် မရခဲ့ပါ

ထိုကြောင့် ကျွန်ုပ်မှာ အပြစ်ရှိသည်ဟု တောက်လျှောက် ခံစား နေရပါသည် ။ ထိုကြောင့် သခင့်ကို တောင်းပန် ပါသည် ။ ဖြစ်နိုင်လျင် ကျွန်ုပ်ထိုက်နှင့် ကျွန်ုပ်ကံ စွန့်ပြစ် စေလိုပါသည် ။” ဟု အပြစ်ကို တောင်းပန် ရှာသည် ။

ထိုအခါ ရေသည်က -“အသင် ရေအိုး၊ သင့်တွင် ရှိနေသော ချို့ယွင်းချက်ကို ငါသတိပြုမိသည်မှာကြာခဲ့ပြီ၊ သို့သော် သင် သတိမထား မိသော အချက် ၂ ချက်ရှိသည် ။ ပထမ အချက်မှာ သင့်ကို စလွယ်သိုင်းထားသော ငါ၏ ပုခုံးဖက်ခြမ်းသည် အနာ ဒဏ်ရာ ရခဲ့ဘူးသဖြင့် ရေအပြည့်ပါသော ရေအိုးထက် ရေ တဖြေးဖြေးချင်း လျော့နည်း လာသော သင်နှင့် အဆင်ပြေသည် ။ နောက်တစ်ချက်မှာ သင့်ကို အမြဲ သယ်ဆောင်လေ့ရှိသော ညာဖက်ခြမ်းကို သတိပြု၍ ကြည့်ပါ ။

ငါ စိုက်ပျိုးခဲ့သော စားပင်ငယ်များမှာ သင်ထံမှ ကြိမ်ဖန် များစွာ ရရှိသော အက်ကွဲကြားက ကျသည့် ရေများကြောင့် စိမ်းလန်း ရှင်သန်နေပြီး ခူးဆွတ် စားသောက် နိုင်သော အခြေအနေသို့ပင် ရောက်နေပြီ ဖြစ်သည် ။” ဟုအက်နေသောအိုးကို ရှင်းပြကာ အပြစ်အနာအဆာ အတွက် အားငယ် မနေရန် အားပေးလိုက်သည် ။

ဤလောကတွင် မည်သူမျှ အပြစ်မကင်းပါ ။ အပြစ်အနာ အဆာ ရှိစမြဲပါ ။ မည်ကဲ့သိုသောအပြစ်အနာဆာကို မဆို ကိုယ်တိုင်က မျက်ကွယ်မပြုဘဲ အဖြစ်မှန်ကို လက်ခံပြီးအားနည်းချက်မှ အားသာချက်ဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာသင့်သည်ဟု သတိထားဆင်ခြင်လိုက်မိပေသည် ။

Unicode

“အက်နေသောအိုး” ( အားသာချက်ကို မြင်တတ် ပါစေ )

ရေထမ်းသူ တစ်ဦးသည် ရေကန်မှ ရေကို အိုးကြီး ၂ လုံးဖြင့် စလွယ် သိုင်းကာ သူတို့ နေထိုင်ရာရပ်ကွက် ထဲတွင် လှည့်လည် ရောင်းချ သည် ။ ယင်းအိုး ၂ လုံးထဲမှ တစ်လုံးတွင် အတန်ငယ်ကြီးသော အက်ကြောင်း တစ်ခု ဖြစ်ပေါ် နေသဖြင့် ရေဖြည့် ပေးသော နေရာသို့ ရောက်သောအခါ ရေအပြည့် မပါဘဲ တစ်ဝက်သာ ပါလာ လေသည် ။ ဤသည်ကို အပြစ်ရှိ သလို ခံစားလာရသော အက်ကွဲကြောင်း ပါသောအိုးက – “သခင် ၊ သင့်မှာ ကြိုးစားပမ်းစား ရေကန်မှရေကို ခပ်ပြီး သယ်ယူ ရောင်းချ နေခဲ့ သော်လည်း ကျွန်ုပ်၏ ချို့ယွင်း ချက်ကြောင့် ရသင့်သလောက် အကျိုးအမြတ် မရခဲ့ပါ ။

ထိုကြောင့် ကျွန်ုပ်မှာ အပြစ်ရှိသည်ဟု တောက်လျှောက် ခံစား နေရပါသည် ။ ထိုကြောင့် သခင့်ကို တောင်းပန် ပါသည် ။ ဖြစ်နိုင်လျင် ကျွန်ုပ်ထိုက်နှင့် ကျွန်ုပ်ကံ စွန့်ပြစ် စေလိုပါသည် ။” ဟု အပြစ်ကို တောင်းပန် ရှာသည် ။

ထိုအခါ ရေသည်က -“အသင် ရေအိုး၊ သင့်တွင် ရှိနေသော ချို့ယွင်းချက်ကို ငါသတိပြုမိသည်မှာကြာခဲ့ပြီ၊ သို့သော် သင် သတိမထား မိသော အချက် ၂ ချက်ရှိသည် ။ ပထမ အချက်မှာ သင့်ကို စလွယ်သိုင်းထားသော ငါ၏ ပုခုံးဖက်ခြမ်းသည် အနာ ဒဏ်ရာ ရခဲ့ဘူးသဖြင့် ရေအပြည့်ပါသော ရေအိုးထက် ရေ တဖြေးဖြေးချင်း လျော့နည်း လာသော သင်နှင့် အဆင်ပြေသည် ။ နောက်တစ်ချက်မှာ သင့်ကို အမြဲ သယ်ဆောင်လေ့ရှိသော ညာဖက်ခြမ်းကို သတိပြု၍ ကြည့်ပါ ။

ငါ စိုက်ပျိုးခဲ့သော စားပင်ငယ်များမှာ သင်ထံမှ ကြိမ်ဖန် များစွာ ရရှိသော အက်ကွဲကြားက ကျသည့် ရေများကြောင့် စိမ်းလန်း ရှင်သန်နေပြီး ခူးဆွတ် စားသောက် နိုင်သော အခြေအနေသို့ပင် ရောက်နေပြီ ဖြစ်သည် ။” ဟုအက်နေသောအိုးကို ရှင်းပြကာ အပြစ်အနာအဆာ အတွက် အားငယ် မနေရန် အားပေးလိုက်သည် ။

ဤလောကတွင် မည်သူမျှ အပြစ်မကင်းပါ ။ အပြစ်အနာ အဆာ ရှိစမြဲပါ ။ မည်ကဲ့သိုသောအပြစ်အနာဆာကို မဆို ကိုယ်တိုင်က မျက်ကွယ်မပြုဘဲ အဖြစ်မှန်ကို လက်ခံပြီးအားနည်းချက်မှ အားသာချက်ဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာသင့်သည်ဟု သတိထားဆင်ခြင်လိုက်မိပေသည် ။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top