ဘိုလီးဗီးယားနိုင်ငံမှာ သမ္မတ အပါအဝင် ဝန်ကြီး (၇) ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ…
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ဘိုလီးဗီးယား သမ္မတ ဂျန်နင်း အန်နက်ဇ်က ဇူလိုင်လ ၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ကျန်းမာရေးကောင်းနေပြီး အလုပ်ကို ဆက်လုပ်နေတယ်လို့ သမ္မတ အန်နက်ဇ်က ပြောပါတယ်။
ဘိုလီးဗီးယားအစိုးရအဖွဲ့မှာ ကျန်းမာရေးဝန်ကြီးအပါအဝင် အနည်းဆုံး ဝန်ကြီး ခုနှစ်ဦး ရောဂါကူးစက်ခံနေရပြီး အားလုံးဟာ သီးခြားကုသမှုခံယူတာနဲ့ နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ခံယူ အလုပ်လုပ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပါခဲ့သလို ဘရာဇီးသမ္မတ ဘော်ဆိုနာရိုလည်း ဇူလိုင် ၈ ရက်ကပဲ ကူးစက်ခံ ထားရပါတယ် ။
လာမယ့်စက်တင်ဘာလ ၆ ရက်ကျရင် ဘိုလီးဗီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။ မူလတုန်းက ရွေးကောက်ပွဲကို မေလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
လက်ရှိအချိန်ထိ ဘိုလီးဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁,၅၄၅ ဦးနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၅၃၀ ဦးရှိနေပါတယ်။
#####################