COVID-19 ရောဂါကူးစက်မှု အဖြစ်နည်းသည်ဟုဆိုကာ မပေါ့ဆကြရန် တပ်ချုပ် တိုက်တွန်း

COVID-19 ရောဂါကူးစက်မှု အဖြစ်နည်းသည်ဟုဆိုကာ မပေါ့ဆကြရန် တပ်ချုပ် တိုက်တွန်း
—— —— —— —– —–

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု အဖြစ်နည်းသည်ဟုဆိုကာ မပေါ့ဆကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

တပ်မတော်ခန်းမတွင် ယနေ့ (ဇူလိုင်လ ၁၀)ရက်က ကျင်းပသည့် တပ်မတော်ကြည်း၊ ရေ၊ လေမိသားစုများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ၊ သဘင်အစည်းအရုံးနှင့် သတင်းမီဒီယာကောင်စီတို့ကို အခြေခံစားသောက်ကုန်များ လှူဒါန်းမှုအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကိုဗစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကန့်သတ်ချက်တွေလုပ်လိုက်ရတဲ့အတွက် လုပ်ငန်းတွေရပ်ဆိုင်းလိုက်ရတယ်။ အဲဒါကြောင့် ဝင်ငွေမရှိတာတွေဖြစ်လာတယ်။ ဒါတွေကို ကျွန်တော်တို့နားလည်ပါတယ်။ တဖက်ကကောင်းတဲ့ဘက်ကပြန်ကြည့်ရင်လည်း နိုင်ငံအတွင်းမှာဖြစ်တာနည်းတဲ့အတွက်ကြောင့် ဝမ်းသာရမှာပါ။ လူနာအရေအတွက် ဆိုးဆိုးရွားရွားဖြစ်မလာဖို့ကတော့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိသလို ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ အဖြစ်နည်းတယ်ဆိုပြီးတော့ ပေါ့ဆလို့တော့ မရပါဘူး။ ဒုတိယလှိုင်း၊ တတိယလှိုင်းဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အဲဒါကြောင့်် အားလုံးသတိရှိကြဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁၀၀၀၊ ကုလားပဲ ပိဿာ ၁၀၀၀ တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်နှင့်သဘင်ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို တပ်မတော်အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အနုပညာရှင်အချို့ တက်ရောက်ခဲ့ကြသည်။

ထက်ဝေလင်း
Photo – Ye Naung

(Zawgyi)

COVID-19 ရောဂါကူးစက်မှု အဖြစ်နည်းသည်ဟုဆိုကာ မပေါ့ဆကြရန် တပ်ချုပ် တိုက်တွန်း
—— —— —— —– —–

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု အဖြစ်နည်းသည်ဟုဆိုကာ မပေါ့ဆကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။

တပ်မတော်ခန်းမတွင် ယနေ့ (ဇူလိုင်လ ၁၀)ရက်က ကျင်းပသည့် တပ်မတော်ကြည်း၊ ရေ၊ လေမိသားစုများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ၊ သဘင်အစည်းအရုံးနှင့် သတင်းမီဒီယာကောင်စီတို့ကို အခြေခံစားသောက်ကုန်များ လှူဒါန်းမှုအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကိုဗစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကန့်သတ်ချက်တွေလုပ်လိုက်ရတဲ့အတွက် လုပ်ငန်းတွေရပ်ဆိုင်းလိုက်ရတယ်။ အဲဒါကြောင့် ဝင်ငွေမရှိတာတွေဖြစ်လာတယ်။ ဒါတွေကို ကျွန်တော်တို့နားလည်ပါတယ်။ တဖက်ကကောင်းတဲ့ဘက်ကပြန်ကြည့်ရင်လည်း နိုင်ငံအတွင်းမှာဖြစ်တာနည်းတဲ့အတွက်ကြောင့် ဝမ်းသာရမှာပါ။ လူနာအရေအတွက် ဆိုးဆိုးရွားရွားဖြစ်မလာဖို့ကတော့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိသလို ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ အဖြစ်နည်းတယ်ဆိုပြီးတော့ ပေါ့ဆလို့တော့ မရပါဘူး။ ဒုတိယလှိုင်း၊ တတိယလှိုင်းဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အဲဒါကြောင့် အားလုံးသတိရှိကြဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁၀၀၀၊ ကုလားပဲ ပိဿာ ၁၀၀၀ တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်နှင့်သဘင်ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို တပ်မတော်အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အနုပညာရှင်အချို့ တက်ရောက်ခဲ့ကြသည်။

ထက်ဝေလင်း
Photo – Ye Naung

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top