အသက် (၃၀) မပြည့်ခင် ယောင်္ကျားတွေ လုပ်ထားသင့်တဲ့ အရာ (၃) ခု

အသက် ၃၀ ဆိုတာ အားလုံးပြောင်းလဲသွားတဲ့ အရွယ်တစ်ခုပါ။ အဲ့ဒီအရွယ်ဟာ ကျွန်တော်တို့ ငယ်ငယ် ဆယ်ကျော်သက်ဖြစ်ခါစက တွေးမိတဲ့အတိုင်း အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်အဖြစ် ပီပီပြင်ပြင်‌ရောက်သွားပြီ ဖြစ်ပါတယ်။ ဘဝအတွေ့အကြုံတွေလည်း ထိုက်သင့်သလောက် ရခဲ့ပြီ ဖြစ်သလို အိမ်ထောင်ရက်သားတွေတောင် ကျလို့ အခြေတကျတောင် ဖြစ်နေလောက်ပါတယ်။ တကယ်လို့ အခု စာဖတ်နေသူဟာ အသက် ၃၀ မပြည့်သေးတဲ့ လူငယ်တစ်ယောက်ဆိုရင် ဒီ ၃ ချက်ကို အသက် ၃၀ မကူးခင် ဖြစ်မြောက်အောင် လုပ်ပြထားဖို့ လိုပါတယ်။

(၁) ငွေကြေးအမှီအခိုကင်းပါစေ

Photo: Freepik

အသက် ၃၀ မှာ ဘယ်သူ့ဆီ ဒါမှမဟုတ် အတတ်ပညာနဲ့ သိက္ခာရှိရှိ ရပ်တည်ပြီး မိသားစုကို ရှာကျွေးနိုင်ပြီလား ပြန်စဉ်းစားကြည့်ဖို့လိုသလို အခုချိန်က စပြီး ကိုယ့်လက်ကိုယ့်ခြေနဲ့ ဘဝတစ်ခုကို ဦးဆောင်နိုင်အောင် ပြင်ဆင်ထားသင့်ပြီ ဖြစ်ပါတယ်။

(၂) လူမှုဆက်ဆံရေးပညာ တတ်ပါစေ

Photo: Freepik

လူတွေနဲ့ ဆက်ဆံမှုဟာ ပညာပါပဲ။ ဘဝခရီးမှာ မရိုးသားတဲ့ ကလိမ်ကကျစ် လူတွေနဲ့လည်း တွေ့မယ်။ ဖြူပြီး ဖြောင့်တဲ့ လူတွေနဲ့လည်း ကြုံပါလိမ့်မယ်။ ဘယ်လို လူတွေနဲ့ပဲ တွေ့တွေ့ ကိုယ့်ဘဝလမ်းကြောင်းမှာ သဘောထားမှန်မှန်နဲ့ မိတ်မပျက်ဆွေမပျက် အမြော်အမြင်ကြီးကြီး ဆက်ဆံပေါင်းသင်းတတ်မယ်ဆိုရင် ဘဝရှေ့ရေးဟာ ပိုပြီး ဖြောင့်တန်းပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ်တိုင်ကလည်း သဘောထားမှန်ဖို့အတွက် အမြဲတမ်း ပြုပြင်သင်ယူဖို့နဲ့ ကိုယ်နဲ့ တွေ့ကြုံဆက်ဆံသူတိုင်းကို အကောင်းဆုံး ဆက်ဆံရေး ပေးနိုင်ဖို့ အသက် ၃၀ မရောက်ခင်ကတည်းက နေ့စဉ်အလေ့အကျင့်လို လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၃) ကိုယ်ကျင့်တရားကို အလေးထားပါ

Photo: Freepik

လူငယ်တစ်ယောက်အတွက် အဖိုးတန်ဆုံးအရင်းအနှီးတွေထဲက တစ်ခုက ကိုယ်ကျင့်တရားဖြူစင်ခြင်းပဲ ဖြစ်ပါတယ်။ အတတ်ပညာအရည်အချင်းဘယ်လောက်ပဲ ကောင်းကောင်း ကိုယ်ကျင့်တရားမကောင်းရင် ဘယ်တော့မှ လူကောင်းတစ်ယောက်အဖြစ် အများရဲ့ အလေးဂရုပြုမှုကို ခံယူရရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ဘယ်တော့မှ မပေါက်မပျက်အောင် စောင့်ထိန်းပါ။ ဒါဟာ တစ်ဘဝလုံးအတွက် ကောင်းမွန်တဲ့ လက်ဆောင်တစ်ခုကို ကိုယ့်ကိုယ်ကိုယ် ပြန်ပေးနေတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top