လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများစားနပ်ရိက္ခာလိုအပ်ချက်ရှိချိန်တိုင်း ပထမဦးဆုံးထောက်ပံ့သည့်အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြော

လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများစားနပ်ရိက္ခာလိုအပ်ချက်ရှိချိန်တိုင်း ပထမဦးဆုံးထောက်ပံ့သည့်အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြော
—— —— —— —– —–

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများစာနပ်ရိက္ခာလိုအပ်ချက်ရှိချိန်တိုင်း ပထမဦးဆုံးထောက်ပံ့သည့်အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။

တပ်မတော်ခန်းမတွင် ယနေ့ (ဇူလိုင်လ ၁၀) ရက်က ကျင်းပသည့် တပ်မတော်ကြည်း၊ ရေ၊ လေမိသားစုများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ၊ သဘင်အစည်းအရုံးနှင့် သတင်းမီဒီယာကောင်စီတို့ကို အခြေခံစားသောက်ကုန်များ လှူဒါန်းမှုအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ်ကတည်းက ပြည်တွင်းဆူပူသောင်းကျန်းမှုတွေဖြစ်တဲ့အချိန်ကတည်းက ပြည်သူတွေ၊ အိုးပစ်အိမ်ပစ်ထွက်ပြေးကြရပြီးတော့ စားနပ်ရိက္ခာတွေလိုအပ်ချက်တွေရှိခဲ့တယ်။ အဲဒီအချိန်မှာ တပ်မတော်က ပထမဦးဆုံးလာပြီးထောက်ပ့ံတာပါပဲ။ ပြီးမှသာ အစိုးရ ကယ်ဆယ်ရေးဝန်ကြီးဌာနက ရောက်လာတာပါ။ နောက်ပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ လိုအပ်ချက်တွေရှိပြီဆိုရင် တပ်မတော်က ပထမဦးဆုံးထောက်ပံ့မှုတွေရှိတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁၀၀၀၊ ကုလားပဲ ပိဿာ ၁၀၀၀ တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်ပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထက်ဝေလင်း
Photo – Ye Naung

===================

လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများစာနပ်ရိက္ခာလိုအပ်ချက်ရှိချိန်တိုင်း ပထမဦးဆုံးထောက်ပံ့သည့်အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြော
—— —— —— —– —–

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများစာနပ်ရိက္ခာလိုအပ်ချက်ရှိချိန်တိုင်း ပထမဦးဆုံးထောက်ပံ့သည့်အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။

တပ်မတော်ခန်းမတွင် ယနေ့ (ဇူလိုင်လ ၁၀) ရက်က ကျင်းပသည့် တပ်မတော်ကြည်း၊ ရေ၊ လေမိသားစုများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ၊ သဘင်အစည်းအရုံးနှင့် သတင်းမီဒီယာကောင်စီတို့ကို အခြေခံစားသောက်ကုန်များ လှူဒါန်းမှုအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ လွတ်လပ်ရေးရပြီးကာစ ၁၉၄၉ ခုနှစ်ကတည်းက ပြည်တွင်းဆူပူသောင်းကျန်းမှုတွေဖြစ်တဲ့အချိန်ကတည်းက ပြည်သူတွေ၊ အိုးပစ်အိမ်ပစ်ထွက်ပြေးကြရပြီးတော့ စားနပ်ရိက္ခာတွေလိုအပ်ချက်တွေရှိခဲ့တယ်။ အဲဒီအချိန်မှာ တပ်မတော်က ပထမဦးဆုံးလာပြီးထောက်ပံ့တာပါပဲ။ ပြီးမှသာ အစိုးရ ကယ်ဆယ်ရေးဝန်ကြီးဌာနက ရောက်လာတာပါ။ နောက်ပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ လိုအပ်ချက်တွေရှိပြီဆိုရင် တပ်မတော်က ပထမဦးဆုံးထောက်ပံ့မှုတွေရှိတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်အိတ် ၅၀၀၊ ဆီပိဿာ ၁၀၀၀၊ ကုလားပဲ ပိဿာ ၁၀၀၀ တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်ပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထက်ဝေလင်း
Photo – Ye Naung

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top