လေပေါ်မှာ သင်္ဘောတွေပျံနေရခြင်း အကြောင်း

လေပေါ်မှာ သင်္ဘောတွေပျံနေရခြင်း အကြောင်း (Uni)

သင်္ဘောတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက်က လေထဲမှာရောက်နေလေ့ရှိတာကို တချို့တလေတော့ မြင်ဖူးကောင်းမြင်ဖူးနိုင်ပါတယ်။ ဒါမှမဟုတ် အင်တာနက်ပေါ်မှာလည်း ရေပြင်အထက်လေပေါ်ပျံနေတဲ့ သင်္ဘောပုံတွေကို မြင်ဖူးကြမှာပါ။ တခါတရံ သင်္ဘောတွေတင်မကပဲ ကျွန်းတွေကိုပါ လေပေါ်မှာ သွားမြင်ရလေ့ရှိပါတယ်။ ဒါဟာ အံသြဖွယ်ဖြစ်ပြီး တချို့ဆို တစ္ဆေသင်္ဘောလို့တောင် နာမည်တပ်ကြပါသေးတယ်။

တကယ်တော့ဒါဟာ အမြင်လွဲမှားမှုဖြစ်စဉ် တမျိုးသာဖြစ်ပါတယ်။ သိပ္ပံနယ်ပယ်မှာတော့ ဒီဖြစ်စဉ်ကို Fata Morgana ဖာတာမော်ဂန်နာ လို့ခေါ်ပါတယ်။ Fata Morgana ဆိုတဲ့စကားလုံးဟာ အီတလီဒဏ္ဍာရီပုံပြင်ထဲက မှော်ဆရာမဖြစ်တဲ့ Fairy Morgan ဆီကနေ ဖြစ်ပေါ်လာခဲ့တာပါ။ ပုံပြင်ထဲက ဒီမှော်ဆရာမဟာ သူ့ရဲ့နန်းတော်ကို လေပေါ်မှာတည်ဆောက်နိုင်တဲ့အစွမ်းရှိသလို ချက်ချင်းကွယ်ဖျောက်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။ ဒါကြောင့် သင်္ဘောတွေကိုလေပေါ်မှာမြင်တွေ့ရပြီး တမဟုတ်ချင်း ကွယ်ပျောက်သွားတဲ့ဖြစ်စဉ်ကိုလည်း Fata Morgana လို့ အမည်တပ်ခဲ့ကြတာဖြစ်ပါတယ်။

Fata Morgana ဘာကြောင့်ဖြစ်သလဲဆိုရင် အလင်းရဲ့ကွေးညွှတ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ အလင်းဟာ သိပ်သည်းဆမတူညီတဲ့ လေထုတွေကို ဖြတ်သန်းတဲ့အခါမျိုးမှာ အမြင်လွဲမှားမှုတွေဖြစ်ပေါ်လာစေပါတယ်။ လေအေးက သိပ်သည်းဆများပြီး ၊ နွေးတဲ့လေက သိပ်သည်းဆနည်းပါတယ်။ အဲဒီလိုနေရာမျိုးကို အလင်းဟာဖြတ်သန်းတဲ့အခါ သိပ်သည်းဆ မတူညီတဲ့လေထုကြောင့် ဒီဂရီအနေအထားတခုနဲ့ ကွေးညွှန်သွားပြီး Refraction of light ဖြစ်ပေါ်လာပါတယ်။

ရေလိုအေးမြတဲ့မျက်နှာပြင်ပေါ်က ပူနွေးတဲ့လေထုကို အလင်းဟာဖြတ်သန်းတဲ့အခါမှာတော့ Fata Morgana ဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။ အလင်းကွေးသွားတာကြောင့် အရာဝထ္ထုကို အကွာအဝေးတခုကကြည့်တဲ့အခါ အပေါ်ဘက်တက်ပြီး ပုံရိပ်ယောင်ကို ဖန်တီးပေးပါတော့တယ်။ ဒီဖြစ်စဉ်ကြောင့် သင်္ဘောကြီးတွေဟာ လေပေါ်မှာပျံနေတာကို မြင်ကြရခြင်းဖြစ်ပါတယ်။ ဒီလောက်ဆိုရင် Fata Morgana ဖြစ်စဉ်အကြောင်းကို သိလောက်ပြီး အားလုံးဗဟုသုတရကြမယ်လို့ ထင်ပါတယ်။

———— ——– ———-

လေပေါ်မှာ သင်္ဘောတွေပျံနေရခြင်း အကြောင်း (Zawgyi)

#Thutazone

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top