ပျော်စရာမိသားစုဘဝလေးမှာ အေးချမ်းနေတဲ့အဆိုတော်ဆုန်သင်းပါရ်ဟာ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့ သူတစ်ယောက်ဆိုတာ သူမရဲ့ဒီနေ့အလှူလေးက သက်သေပြသွားခဲ့ပါပြီ။ ကိုယ်တိုင်လည်း တိုင်းရင်းသားဖြစ်တာမို့ ချို့တဲ့သူတိုင်းရင်းသားအချင်းချင်းကို ဖေးမကူပြီး တတ်နိုင်သလောက် ထောက်ပံ့ပေးတတ်ပါသေးတယ်။
ဒီတစ်ခေါက်မှာလည်း ဝေဠုကျော်ဖောင်ဒေးရှင်းက အကူအညီတောင်းထားတဲ့ ချင်းပြည်နယ်က နှလုံးခွဲစိတ်ရမယ့်ကလေးအတွက် တစ်ဦးတည်းအလှူအဖြစ်နဲ့ ကုန်ကျမယ့်ငွေကျပ် သိန်း (၂၀) ကို လှူတန်းပေးခဲ့တာပါ။ ကလေးလေးရဲ့ခွဲစိတ်ကုသမှုဟာလည်း အောင်မြင်တာကြောင့် လှူတန်းသူတွေလည်း အတော်လေးကို ပီတိဖြစ်ခဲ့ရပါတယ်။
ပျော်စရာ အကြောင်းအရာလေးကို ” ဝမ်းသာစရာပါ။ ဒီနေ့ ရန်ကင်းကလေးဆေးရုံမှာ နှလုံးခွဲစိတ်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ပိန္နဲတပင်ရွာဇာတိ မှ အသက် (၇) လအရွယ် သားလေး မောင်ရဲရင့်အောင် အတွက် နှလုံးခွဲစိတ်ခ သိန်း (၂၀) ကို တစ်ဦးတည်း အလှူရှင် ချင်းလူမျိုးအဆိုတော်ဆုန်သင်းပါးရ်ကလှူသွားလို့ သားလေးအတွက် အလှူကောက်ခံထားသည့် (127000/-) ကို အခြားလိုအပ်နေသည့် လူနာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။ သားလေးအတွက် လှူပေးတဲ့ အလှူရှင် ဆုန်သင်းပါရ် အားလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ သားလေး အမြန်ဆုံး ကျမ်းမာလာပါစေ။ ” ဆိုပြီး ပြောပြခဲ့ပါတယ်။
credit-cele zone
ZAWGYI
နှလုံးခွဲစိတ်ရမယ့် (၇) လသား ကလေးအတွက် ငွေကျပ် သိန်း (၂၀)တစ်ဦးတည်းလှူတန်းပေးခဲ့တဲ့ အဆိုတော် ဆုန်သင်းပါရ်