မြန်မာ့ဘောလုံး အကျော်အမော် ဗဟာဒူး အကြောင်း

မြန်မာ့ဘောလုံး အကျော်အမော် ဗဟာဒူး

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ
၁၉၅၂ ကနေ ၁၉၇၀ အထိ ဘောလုံးကန်ခဲ့ပြီး မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆပ်ဗဟာဒူး
(Suk Bahadur) ဆိုတဲ့ ဂေါ်ရဂါးလူမျိုး ဘောလုံးအားကစားသမား တစ်ယောက်ရှိခဲ့ပါတယ်။

၁၉၆၆ အာရှဖလား အုပ်စုပွဲစဉ်ရဲ့ နောက်ဆုံးပွဲ။
ယှဉ်ပြိုင် ကစားကြမဲ့ အသင်းက
မြန်မာ – အီရန်

မြန်မာ အသင်းက ရှုံးရင် အုပ်စုကလှည့်ပြန်ရမယ်။ ဂိုး ကလည်းမရသေးဘူး။
အဲ့ဒီအချိန်….. ကွင်းလယ်မှာ…….
မြန်မာအသင်းက တိုက်စစ်မှုး တစ်ဦး ဘောလုံး ရသွားတယ်။

တောက်လျှောက် ညာတောင်ပံ ကိုဆွဲပြေးတယ်။ ညာတောင်ပံ ဘေးစည်းအတိုင်း အီရန် ကွင်းဘက်ခြမ်းကိုဘောလုံးနဲ့ ဆွဲပြေးတယ်။

အီရန်က ဖြတ်တယ်၊ မရဘူး။ ဘေးစည်းအတိုင်း ဆွဲပြေးရင်း ထောင့်ကန်ဘောအလံနားရောက်တော့ ဂိုးစည်းလိုင်းအတိုင်းအတွင်းကိုကပ်ပြီး ဆွဲပြေးတယ်။ အီရန် ဂိုးသမား ကလည်း angleကိုပိတ်ထားယ်။ အတွင်းကို ချိုးပေးလို့မရအောင်လည်း အီရန် နောက်ခံလူတွေက ကာထားတယ်။
angle မရှိတော့ဘူး။

angle မရှိတာကြီးကို မြန်မာအသင်း
တိုက်စစ်မှုးဟာ သူရဲ့right twistနဲ့ တအားကန်လိုက်တာ တခါတည်းဂိုးသွားပါတော့တယ်။

ဂိုးသွင်းသွားတဲ့ တိုက်စစ်မှုးကတော့
ဗဟာဒူး ဖြစ်ပါတယ်။

မြန်မာအသင်းလည်း အုပ်စုက ကျွတ်သွားတယ်။ ဗဟာဒူး ဘည်း အာရှအကောင်းဆုံးအသင်းမှာ ပါသွားတယ်။ အာရှအကောင်းဆုံး အသင်းမှာမြန်မာအသင်းက ဘောလုံးသမား အချို့ အရွေးခံရတယ်။

ထင်ရှားတဲ့ ကစားသမားတွေကတော့…
၁)ဗဟာဒူး
၂)မောင်မောင်တင်
၃)ရဲညွှန့်
၄)ဝင်းမောင်
၅)လှဌေး

ဗဟာဒူး
သူဟာ မီတာ ၁၀၀ကို ၁၁ စက္ကန့် နဲ့ပြေးနိုင်တယ်။
သူက blender မှာ နေရာယူ ကစားပါတယ်။ ကွင်းလယ် ကို ဆင်းကစားပါတယ်။ သူရဲ့ tackle(ဘောလုံး သယ်လာသူကိုဝင်လုခြင်း)ကို တော်ရုံကစားသမားတွေ မခံနိုင်ပါဘူး။ ကွင်းလယ် ကစားတယ်ဆိုပေမယ့် attackingလိုက်တဲ့အခါ
right wingကို ထွက်ကစားပြီး two role ဆော့ပါတယ်။ ဗဟာဒူး ရဲ့နောက်ထပ် trademark တခုကတော့ shootingပါ။ grass cutting shot လို့ ခေါ်ပါတယ်

မြေကြီး နဲ့ရှပ်ပြီး မြက်ဖြတ်သလို ဂိုးတိုင် ရဲ့ထောင့်ထဲရောက်အောင်ဂိုးသွင်းတဲ့ဂိုးပါ။ သူခေတ်သူ့အခါက မြန်မာပြည်မှာ အဲ့ဒီလို goal shootingမျိုး သူတစ်ယောက်ဘဲ ကန်တတ်ပါတယ်။

မောင်မောင်တင်
သူက Center Backပါ။
ဒါပေမယ့် defence game ( 1 4 3 2 )ကစားတဲ့အခါ သူက 1 မှာ libero ကစားပါတယ်။
မောင်မောင်တင် က sweeperဆော့ပါတယ်။
သူတို့ချင်းနားလည်မှုနဲ့ changeကစားပါတယ်။
libero နဲ့ sweeperဟာ တူသယောင်ထင်ရပေမဲ့ ကစားတဲ့ပုံစံ ကွဲပါတယ်။

sweeperက ခံစစ် လေးယောက်တန်း ရှေ့က gap(ကွက်လပ်)တွေကို lateral run (ဘေးတိုက်ပြေး)ပြီး လိုက်ပိတ် ဆော့တာပါ။ အသေထိုင်ရှင်းရတာပါ။ liberoကတော့ အနီးပေး အဝေးပေးတွေနဲ့ တိုက်စစ် ကိုစပုံဖော်တယ်။

attackingမှာလည်း finishing shooting မပြီးမချင်း ကိုယ်တိုင် ဘောလုံးနဲ့အတူ overlapလိုက်တယ်။ မောင်မောင်တင် ကliberoထိုင်တဲ့နေရာမှာ
long ball, through ballတိကျတယ်။
attacking passတွေလည်း ရတယ်။ headingသိပ်မသုံးဘူး။
intercept အရမ်းကောင်းတယ်။

ရဲညွှန့်
သူကrun throughကောင်းတယ်။ downthe lineမှာ ကွင်းလယ်ကို ဖြတ်ကူပြီး defence zone အထိ ဆင်းတယ်။ လိုအပ်ရင်လည်း center forwardနေရာ ရောက်ပြီးသား။

ဝင်းမောင်
သူက headingအရမ်းကောင်းတယ်။
အသင်းtrainingမှာ heading volley ball လို့ခေါ်တဲ့ ခေါင်းနဲ့ဘဲ သီးသန့်တိုက်ကစားရတဲ့ ကစားနည်း ရှိတယ်။ အဲ့ကစားနည်းမှာ သူ့ကို တယောက်ချင်းဘယ်သူမှ မနိုင်ဘူး။

လှဌေး
သူက မြန်မာအသင်း ရဲ့ schemer ပါ။
speed ရောdribbling ပါအရမ်းကောင်းတယ်။ kickကလည်း ဘယ်ညာရတယ်။
လှဌေး ဝင်းမောင် ရဲညွှန့် သူတို့သုံးယောက်ရဲ့ Trianguler moveနဲ့ဂိုးကောင်းတွေ မကြာခဏ ရတယ်။

ဖိုင်နယ်မှာလည်း မြန်မာ အသင်းဟာ
အီရန်နဲ့ ထပ်တွေ့ပါတယ်။
မြန်မာ အသင်း အတွက်အနိုင်ဂိုးကိုတော့အောင်ခင် က သွင်းပေးခဲ့ပါတယ်။

အောင်ခင် ကို ပြင်သစ်ကလပ်လိုင်ယွန်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါတယ်။
သို့သော်လည်း ခေတ်စနစ်အခြေအနေအရ ပြည်ပ ထွက်ကစားခွင့် မရသေးပါဘူး။

ဗဟာဒူးကို ရှမ်းပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။
သူ၏ ဖခင် အမ်အက်စ်သာပါး သည် နာမကျန်းဖြစ်ကာ ဗဟာဒူး ရှစ်နှစ်သားအရွယ်၌ သူတို့မိသားစုကို မျက်ကွယ်ပြုသွားသောအခါတွင် ဗဟာဒူး တို့တတွေမှာမုဆိုးမ မိခင်နှင့်အတူ မျက်နှာငယ်နှင့် ကျန်ရစ်ခဲ့ကြသည်။

ဒုတိယ ကမ္ဘာစစ်မီးရှိန်နှင့် ပြည်တွင်းစစ်မီးရှိန်များကြောင့် ဗဟာဒူးမှာ အတန်းကုန်အောင် ပညာမသင်ကြားခဲ့ရေပေ။ သို့သော်လည်း မခင်သန်းမြင့်နှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်းတွင် ကြိုးစားမှုဇွဲလုံ့လ ကို အရင်းတည်ပြီး ဇနီး ဖြစ်သူထံတွင် အချိန်ပိုကျောင်းတက်ကာ ခေတ်ကို အပြေးအလွှား လိုက်ခဲ့ရရှာသည်။
နောက်ပိုင်းမှာ အင်္ဂလိပ်သတင်းစာများကို ကောင်းကောင်းဖတ်နိုင်သည်ဟု ပြောဆို ချီးမွမ်းကြသည်။

ဘောလုံးသမားဘ၀ ခရီးရှည်ကြီးတွင် ဗဟာဒူးအနေဖြင့် ရှမ်းပြည်နယ် လက်ရွှေးစင်ကစားသမားကနေ စတင်ခဲ့သည်။

မြန်မာ့ဘောလုံးလောက သွေးသစ်လောင်းရေးအတွက် ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၁၉၅၂ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီးနယ်အသီးသီးမှ လူငယ်ခြေတက် ဘောလုံးသမားများကို ဖော်ဆောင်ပေးခဲ့သည်။

ပထမအကြိမ် ပြည်နယ် နှင့်တိုင်းပွဲစဉ်မှာ ရှမ်းပြည်အသင်းအတွက် ပထမဆုဒိုင်းကြီးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ပထမဆုရရေးအတွက် အဓိကကျသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ပြိုင်ပွဲအပြီးအတွင် စစ်ကိုင်းတိုင်းအသင်းမှ ဘယ်စွန်လူ ထူးဝါး နှင့်အတူ ရန်ကုန်မှာ ကျန်ခဲ့ရပြီး ပထမတန်းအသင်းများတွင် ဆက်လက်ကစားခဲ့ရပါသည်။
တပ်မတော်သား တစ်ဦးလည်း ဖြစ်သောကြောင့် တပ်မတော်ကြည်းအသင်းတွင် ဝင်ရောက်ကစားခဲ့ပါသည်။

ထို့နောက်မြန်မာပြည်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ်ရွေးချယ်ခံရသည်။

ပထမပွဲအဖြစ် သီရိလင်္ကာနှင့် ကစားရရာ ဗဟာဒူးသည် ညာတောင်ပံအစွန်လူအဖြစ် ဘောလုံးသမ္ဘာရင့် ထွန်းရှိန်နှင့် တွဲကစားရသည်။ မြန်မာအသင်းရရှိသော ၃ ဂိုးအနက် ၂ ဂိုးမှာ ဗဟာဒူးညာတောင်ပံမှ တိုက်စစ်ဆင်ဖန်တီးပေးမှုကြောင့်ဖြစ်သည်။ ထိုတစ်ပွဲတည်းနှင့် ဗဟာဒူးမှာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင် နာမည်ထင်ရှားခဲ့ပါသည်။

၁၉၅၄ ခုနှစ် ဒုတိယအကြိမ်အာရှအိုလံပစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ရှုံးပွဲမရှိဘဲ တတိယ ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် ထင်ရှားသော အောင်မြင်မှုမှတ်တိုင်တစ်ခုကို ဗဟာဒူးပါဝင်ပြီး စိုက်ထူပေး နိုင်ခဲ့သည်။

ဗဟာဒူးသည် ဗိုလ်မူးတစ်ယောက်အဖြစ် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း (၄) တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဘောလုံးပညာတွင် ထူးချွန်ရုံမကဘဲ တစ်ဘက်တွင် ဗဟာဒူးသည် တပ်မတော်သားတစ်ယောက် တာဝန်ကိုလည်း တိုင်းပြည်အတွက် ပေးဆပ်ရပြန်သည်။ နယ်ချဲ့တရုတ်ဖြူတို့ကို တွန်းလှန်ရာ တွင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ကျည်ဆံများကြား ရုန်းကန်တိုက်ပွဲဝင်ခဲ့ရပါသည်။

သူဟာ တင်းနစ်၊ ဟော်ကီ နှင့် မီတာ ၁၀၀ အပြေး စတဲ့ အားကစားနည်းများတွင်လည်း ထူးချွန်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ခဲ့ပါသည်။
ဗဟာဒူးသည် တာတိုပြေးရာတွင်လည်း ထူးချွန်ပြီး မြန်မာ့အပြေးလမ်းကြောင်းတွင် အမြန်ဆုံး အပြေးသမားအဖြစ်စာရင်းဝင်ခဲ့ကာ မီတာ ၁၀၀ ကို ၁၁ စက္ကန့်ရအောင် ပြေးနိုင်စွမ်းလည်းရှိပါသည်။

ဗဟာဒူး အနေဖြင့် ကံကြမ္မာဆိုးများနှင့်လည်း တွေ့ကြုံခဲ့ရဖူးသည်။ ၁၉၆၂ မြန်မ့ာမြေပေါ်တွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာသည် ဗိုလ်လုပွဲမှာ နိုင်မည် အသေချာပင်ဖြစ်သော်လည်း အိမ်ရှင်ပရိတ်သတ်ရှေ့တွင် မလေးရှားကို
(၂ – ဝ)ဂိုးဖြင့်အနေနိမ့်ခဲ့ပါသည်။

ထိုအခါ သက်ဆိုင်ရာ အာဏာပိုင် တို့က လောင်းကစား သံသယဖြင့် ဗဟာဒူး၊ တင်ကြည်၊ ကိုကိုကြီး၊ ကျော်ဇောနှင့် ကျော်အေးတို့ငါးဦးကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ပေးခဲ့ပါသည်။ ကံကောင်းထောက်မစွာဖြင့် အယူခံဝင်ပြီးနောက် ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ရသည်။

၁၉၆၅ခုနှစ် မာဒေးကားတွင် မြန်မာအသင်း တတိယ ရစဉ်က ပါဝင်ခဲ့ပြီး အသင်းဖော် ခင်မောင်ထွန်းနှင့်အတူ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ အင်္ဂလန်တွင် ရှက်ဖီးဝင်းစဒေး၊ ဖူလ်ဟမ်တို့နှင့်ခြေစမ်းရာတွင် ပါဝင်ကစားခဲ့ဖူးသည်။

၁၁ ကြိမ်မြောက် မာဒေးကားတွင် ချန်ပီယံဆုရပြီး အာရှလက်ရွေးစင် အဖြစ် (ဂိုး)တင်အောင်၊ မောင်မောင်တို့နှင့်အတူ ရွေးချယ်ခံရပါသည်။ အင်္ဂလန်မှ လက်စတာ၊ ဆောက်သမ်တန် တို့နှင့်ကစားရာ အရေးနိမ့်သော် လည်း ခြေစွမ်းပြ နိုင်ခဲ့၏။

ထို့နောက် အာရှအိုလံပစ် ရွှေတံဆိပ်ရ မြန်မာအသင်းမှ လူငယ်များ ဥရောပခြေစမ်းခရီးတွင် ပါဝင်သွားကြသဖြင့် ဗဟာဒူးမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးခဲ့ရပါသည်။

ဗဟာဒူးသည် ဘောလုံးကစားစဉ် ခြေကျိုးခဲ့ရဖူးသည်။ ၁၉၅၅ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်မှသာ ဘောလုံးပြန်ကစား နိုင်လာသည်။ လေးနိုင်ငံဘောလုံးပြိုင်ပွဲ၏ ဇာတ်သိမ်းဖြစ်သော စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲတွင် ဗဟာဒူးသည် ဘောလုံးလောကသို့တစ်ကျော့ပြန်ဝင်ရောက်လာပြီး ခြေစွမ်းပြကစားခဲ့ပါသည်။

ပြိုင်ပွဲအစအဆုံး တစ်ဦးတည်း (၄)ဂိုးသွင်းကာ မြန်မာအသင်း၏ ဂိုးသွင်းဘုရင် ဖြစ်လာခဲ့သည်။ ဗဟာဒူး၏တွဲဖက်မှာ သူနှင့်အတူ တိုင်းဘောလုံးသမားဘဝမှ လက်ရွေးစင်ဖြစ်လာသူ ထူးဝါးပင်ဖြစ်သည်။ အိန္ဒိယအသင်းမှ ပူရန်ဗဟာဒူး နှင့်အတူထင်ပေါ် ကျော်ကြားလာခဲ့သည်။

ဗဟာဒူးကား မြန်မာ့လက်ရွေးစင်ဘောလုံးသမားတစ်ဦးအဖြစ် (၁၄) နှစ်တိုင်အောင် ပါဝင်ကစားပေးခဲ့ပြီး၊ အကောင်းဆုံးဘောလုံးသမားအဖြစ် ၂ ကြိမ်သတ်မှတ်ခံရပြီး အမြင့်ဆုံးဆုကလပ်ကိုလည်း ၁၉၆၆ ခုနှစ်တွင်ရရှိခဲ့ပါသည်။

မြန်မာ့ဘောလုံး သမိုင်းကြောင်းမှာ ပထမဦးဆုံး အကောင်းဆုံးအားကစားသမားဆု စတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တွင် ဗဟာဒူး က ရရှိခဲ့ပါသည်။

နိုင်ငံတော်အတွက် မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ခဲ့ပြီး အာရှ လူငယ်ဖလား ဘောလုံးပြိုင်ပွဲတွင် ၁၉၆၆ တွင် ချန်ပီယံ နှင့် ၁၉၇၀ ခုနှစ်တွင် ကိုရီးယားအသင်းနှင့် ပူးတွဲ ချန်ပီယံဖြစ်ခဲ့သည်။

အရှေ့တောင်အာရှ အားကစားပြိုင် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၁၉၆၅ ခုနှစ်တွင်ထိုင်း နှင့် ပူးတွဲချန်ပီယံ၊ ၁၉၆၇ နှင့် ၁၉၆၉ ခုနှစ်တွေမှာ ပထမရွှေတံဆိပ်ရအောင်လည်း စွမ်းဆောင်ပေးခဲ့ပြန်ပါသည်။

မလေးရှားလွတ်လပ်ရေးဖလား (မာဒေးကား ဖလား) ပြိုင်ပွဲမှာတော့ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ် နှင့် ၁၉၆၇ ခုနှစ်မှာ ကိုရီးယားအသင်းဖြင့် နှစ်ကြိမ်မြောက်အဖြစ် ပူးတွဲဗိုလ်စွဲခဲ့ပါသည်။

တချိန်တုန်းက အာရှဘောလုံးလောကမှာ အာရှဘောလုံးအသင်းရဲ့ကပ္ပတိန်လို့ တင်စားခဲ့ကြတဲ့ မြန်မာဘောလုံး အကျော်အမော် ဦးဗဟာဒူးဟာ အသက် ၆၈နှစ် အရွယ်မှာ ကွယ်လွန်သွားပါသည်။

(အင်တာနက် မှ)

မြန်မာ့ဘောလုံး အကျော်အမော် ဗဟာဒူးမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၁၉၅၂ ကနေ ၁၉၇၀ အထိ ဘောလုံးကန်ခဲ့ပြီး…

Geplaatst door Aung Ngwe Latt op Woensdag 29 januari 2020

Credit to Aung Ngwe Latt

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top