လိမ်ဆင်နောက်တမျိုးနဲ့ မြန်မာပြည်
အသိတယောက်ဆီ SMS message ကနေ Wave money ငွေလွှဲ ပုံစံ နဲ့ ဆယ်သိန်း ပို့လိုက်တယ်ဆိုပြီးစာပို့တယ်၊
ပြီးတော့ ဖုန်းဆက်ပြီး ကံစမ်းမဲပေါက်လို့ ဆယ်သိန်းကံထူးပါတယ်၊
Wave Money ကပါ၊ အဲ့ငွေကိုထုတ်ဖို့ password သိချင်ရင် တသိန်းလွှဲပေးပါဆိုပြီး ထပ်ပြောတယ်။ အဲ့တာကို အသိက ငွေလွှဲချင်လို့ လာမေးပါတယ်။
သူပို့တဲ့ မက်ဆေ့က Telenor နံပါတ်တခုနဲ့ပါ။ (Wave Money က တကယ့်စာနဲ့ Trx ID ကတော့ Wave Money Server ကပဲပို့တာပါ ၊ ဖုန်းနံပါတ် မပေါ်ပါဘူး။)
အဲ့တာနဲ့ လိမ်တာဖြစ်ကြောင်း ရှင်းပြပြီး ငွေမလွှဲဖို့ ပြောနေတုန်း အဲ့ဒီ T e l e n o r နံပါတ်ကပဲ ထပ်ဆက်ပါတယ် တသိန်းလွှဲပြီးပြီလားထပ်မေးတယ်၊
မလွှဲကြောင်း၊ ဘယ်က ဘာကြောင့်လွှဲတာလဲ မသိချင်ယောင်ဆောင်ပြီး မေးတော့ Wave Money က မဟုတ်တော့ပဲ ထီပေါက်လို့ လှူတာဖြစ်ကြောင်း သူ့နာမည် စိုးဝင်းဖြစ်ကြောင်း ပြောပါသေးတယ်၊
နောက်ထပ်ဘယ်ကလဲမေးတော့ မဖြေတော့ပဲ ဆဲပါတော့တယ်။ ဖုန်းချလိုက်တာတောင် မက်ဆေ့ပို့ပြီး ဆဲနေပါသေးတယ် ၊
မှတ်ပုံမတင်ထားတဲ့ S i m C a r d နဲ့ တွေ့ရာနာမည်ပြောပြီး လိမ်ဖို့ကြိုးစားတဲ့ကောင်တွေပါ။
S o c i a l M e d i a မှာ ထီပေါက်လို့လှူမယ် ဆိုတဲ့ P a g e တွေ G r o u p တွေမှာ ဖုန်းနံပါတ် ထားခဲ့တဲ့လူတွေ သတိထားပါ၊
အဲ့လိုဆက်သွယ်ပြီး တကယ် လှူချင်သလိုပုံစံနဲ့ လိမ်ကြပါလိမ့်မယ်။
သတိထားကြပါ
စိုင်းဩဘာ
####################
Zawgyi

သတိထားၾကပါ
စိုင်းဩဘာ