အ‌တော်အသင့်သောက်ခြင်းက ဦးနှောက်အတွက် ကောင်းတယ်လို့ဆို

အရက်ဘီယာတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့အချက်ကို အားလုံးက လက်ခံထားပါတယ်။ ဒါပေမယ့်လည်း ညနေစာဝိုင်းမှာ ဝိုင်တစ်ခွက်သောက်တာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်လို့လည်း ဆိုကြပါတယ်။

ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာမှုသစ်အရ တစ်ခွက်တစ်ဖလားဟာ ကျန်းမာရေးကောင်းကျိုးပေးတယ်လို့ ဆိုပါတယ်။ သုတေသီတွေဟာ အယ်လ်ကိုဟော သောက်သုံးမှုနဲ့ သိစိတ်မှတ်ဉာဏ်ရဲ့ အကြား ဆက်စပ်မှုကို စူးစမ်းခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုအရ ရံဖန်ရံခါ သောက်သုံးခြင်းဟာ အသက်ကြီးလာချိန် ဦးနှောက်လုပ်ဆောင်ချက် ပိုကောင်းအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

Photo: Freepik

ပညာရှင်တွေဟာ ဆယ်နှစ်အတွင်း လူပေါင်း ၁၉၈၈၇ ဦးရဲ့ နောက်ကြောင်းရာဇဝင်ကို ခြေရာခံခဲ့တာ ဖြစ်ပါတယ်။ ဒီအတွင်းမှာ သူတို့ရဲ့ ကျန်းမာရေးအကြောင်း ၊ လူနေမှုပုံစံနဲ့ အရက်သေစာသောက်စားတဲ့ အလေ့အထတွေကို စစ်ဆေးအကဲဖြတ်ခဲ့တာပါ။ ဒီစမ်းသပ်မှုအပြင် စိတ်အခြေအနေအရပ်ရပ် ၊ စကားလုံးနဲ့ ဝေါဟာရ မှတ်မိနိုင်စွမ်း စတဲ့ စမ်းသပ်မှုတွေ လုပ်ပြီး မှတ်သိမှုစနစ်ပါ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုအရ တစ်ရက်ကို အယ်လ်ကိုဟောတစ်ခွက်နှစ်ခွက် သောက်သူတွေဟာ အသက်ကြီးလာတာနဲ့အမျှ မှတ်သိနိုင်စွမ်း စမ်းသပ်မှုတွေမှာ ရလဒ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုမှာပဲ ကျန်းမာရေးနဲ့ အညီဆုံး အရက်သောက်သုံးမှုဟာ တစ်ပတ်မှ ၁၀ ခွက်နဲ့ ၁၄ ခွက်အတွင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Source : WhiskeyBon

တန်‌ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်း ကျန်းမာ‌ရေးအတွက် ကောင်းပါတယ်ဆိုတဲ့ အစားအစာတွေတောင် အလွန်အကျွံ စားသုံးမိရင် ဘေးအန္တရာယ်ဖြစ်တတ်တာပါပဲ။ အရက်လို အန္တရာယ်ရှိတဲ့ သောက်စရာတွေကို မကြာခဏ သောက်သုံးမှု လုပ်မယ်ဆိုရင်တော့ ဦးနှောက်အတွက် အကျိုးမများတဲ့အပြင် ကျန်းမာရေးအန္တရာယ်ပါ ပေးနိုင်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top