မ ဂင်္လာပါ လူပျို သီချင်း MTV နှင့် ပက်သတ်ပြီး ကျနော် တောင်းပန်ပါ့မယ် ခင်ဗျာအခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့
ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူး ခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ
တောင်းပန်ရသည့် ရည်ရွယ်ချက် များမှာ
၁။ အနုပညာအလုပ်ကိုလုပ်သူ (သို့)ထင်ပေါ်ကျော်ကြားသူ တစ်ဦးဟာ အရာရာ သတိထားရပါမယ် မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင် မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ
၂။ ကျနော် ကိုးကွယ် ဆည်းကပ်သော ဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကို ကျနော်ကြောင့်မထိခိုက်စေလိုပါ
၃။ ကျနော့်ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက် စေချင်ပါ ကျနော့်ကို ချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများ ဘက်မှ ပြန်ဆဲနဲ့ ကျနော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ
၄။ ကျနော့်မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စ ပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ်
ဒါကြောင့် ကျနော့်ရဲ့ အမှားကို ပြုပြင်ပေးသည့် ညီလေး ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ် ဒီကျနော့် ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက် တောင်းပန်ဆိုလည်း ကျနော် တောင်းပန်ပါ့မယ် ခင်ဗျားး
အားလုံးသာယာချမ်းမြေ့ပါစေ မေနာ
Source မေနာ Manaaw
လူပျို သီချ င်း မှာ အကြည့် ရဲခဲ့ ရင် တောင်းပန်ပါ တယ် ဆိုတဲ့ မနော