ပရိတ်သတ်ကြီးရေ…..ကြည်လင်၀င်းပတဲ့အသားအရည်လေးနဲ့ အရွယ်တင်နုပျိုနေပြီးဆယ်ကျော်သက်လေးတွေနဲ့အပြိုင်အလှပိုနေတဲ့ မင်းသမီးလေးမယ်လိုဒီကိုသိကြမယ်ထင်ပါတယ်။
သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်းရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါနော်။
မယ်လိုဒီဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်နေနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိပရိတ်သတ်အားပေးမှုရရှိနေတဲ့သူတစ်ယောက်ပါ။
ဒါ့ပြင်မယ်လိုဒီဟာ ချစ်စရာကောင်းတဲ့သားလေးသိဒ္ဓိစစ်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သားလေးဟာလည်းအမေတူပြီး ချောမောလှတဲ့ကလေးလေးဖြစ်ပါတယ်နော်။ မယ်လိုဒီဟာခင်ပွန်းဖြစ်သူနဲ့ တရား၀င်ကွာရှင်းလိုက်ပြီဖြစ်ပြီး လူမှုရေးပြသနာအချို့နဲ့လည်းရင်ဆိုင်ခဲ့ရပါသေးတယ်။
မယ်လိုဒီဟာ အခုလက်ရှိမှာဆိုရင်သားလေး သိဒ္ဓိစစ်လေးနဲ့အတူ အေးချမ်းပျော်ရွှင်စွာနဲ့နေထိုင်နေတာလည်းဖြစ်ပါတယ်။
မယ်လိုဒီဟာဘော်ဒီအချိုးအစားနဲ့ပက်သက်ပြီးလည်း လေ့ကျင့်ခန်းတွေမှန်မှန်လုပ်နေတာလည်းဖြစ်ပြီး ကျစ်လျစ်လှပတဲ့အမိုက်စားဘော်ဒီလေးရအောင်ကြိုးစားနေတာပါနော်။
မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ပေါင်ချိန် ၁၂၆ပေါင်လေဘာဝတ်ဝတ်မတော်သေးဘူးဘာမှမစားဘဲရေဘဲသောက်ရတော့မှာလား” ဆိုတဲ့captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Melody Myo’s Facebook acc