အကိုဖြစ်သူဒွေးဆုံးတာ(၁၃)နှစ်ပြည့်သွားခဲ့ပေမယ့် ယနေ့အချိန်ထိသတိတရရှိနေပြီးကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုမိနေတုန်းပဲဆိုတဲ့ သားညီ

ဒီနေ့ဇူလိုင်လ(၁၁)ရက်နေ့ကတော့ အနုပညာလောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့သရုပ်ဆောင်ဒွေးကွယ်လွန်တာ(၁၃)နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။သူကတော့ယနေ့အချိန်အထိပရိသတ်တွေရင်ထဲမှာရော အနုပညာရှင်ညီအစ်ကိုမောင်နှမတွေရဲ့ရင်ထဲမှာပါစွဲကျန်ရစ်စေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ညီဖြစ်သူသားညီကလည်း အကိုဆုံးတာ(၁၃)နှစ်ပြည့်သွားခဲ့ပေမယ့်ယနေ့အချိန်ထိသတိတရရှိနေပြီးကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေမိတုန်းပါပဲဆိုတဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

သားညီကတော့”11.7.202013 နှစ်ရှိသွားပြီအစ်ကိုအချိန်တွေတော်တော်ကြာသွားခဲ့ပြီအမှန်အတိုင်းဝန်ခံရရင်ကျွန်တော်နည်းနည်းတော့ခံနိုင်ရည်ရှိလာပါပြီနေ့တိုင်းလွမ်းမနေတော့ဘူးနေ့တိုင်းပူဆွေးမနေတော့ဘူးအစ်ကို့ရုပ်ရှင်ကားတွေလာရင်ခဏတစ်ဖြုတ် ရပ်ကြည့်နိုင်လာပြီရယ်စရာလေးတွေပါရင်လိုက်ရယ်နိုင်လာပြီကျွန်တော်တို့အတူရိုက်ခဲ့တဲ့ကားတွေဆိုအဲ့ဒီအချိန်က အမှတ်တရအဖြစ်အပျက်တွေသူများတွေကိုအေးအေးဆေးဆေးပြန်ပြောပြနိုင်နေပြီ ကားမောင်းသွားရင်းRadioကအစ်ကို့သီချင်းတွေလာရင်အရင်ကချက်ချင်းပိတ်ပစ်တတ်ပေမယ့်အခုဆိုခပ်တိုးတိုးလေးလိုက်ညည်းနိုင်လာပြီ

အစ်ကို့ကိုစိတ်ထဲမှာမရှိတော့တာမဟုတ်ဘူးနော်အခြေအနေတစ်ခုကိုတစ်ဖြေးဖြေးလက်ခံလာနိုင်တာပါဒါပေမယ့်ဒါဏ်ရာတွေနဲ့လဲကျပြီးဘာဆက်လုပ်ရမှန်းမသိပဲ လမ်းပျောက်နေတဲ့အချိန်မျိုးတွေရုတ်တစ်ရက်တိုက်ဆိုင်မှုတစ်ခုခုကြုံလာတဲ့အခါမျိုးတွေဆိုရင်တော့အစ်ကို့ကို လွမ်းတဲ့စိတ်နဲ့ကျွန်တော်ဟန်မဆောင်နိုင်ဘူးအစ်ကိုအခုအချိန်အထိကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေမိတုန်းပါပဲအသက်လေးဆယ်ကျော်ယောကျာၤးတစ်ယောက်မှာလည်းပျော့ညံ့မိတဲ့အချိန်တွေရှိနိုင်တာပဲလေနော် အခုလည်းလွမ်းနေတယ်အစ်ကိုဒီနေ့လေးမှာကျွန်တော်အစ်ကို့အတွက်တတ်နိုင်သလောက်လေးကုသိုလ်ပြုပေးပါ့မယ်အစ်ကိုရောက်ရာဘုံဘဝကသာဓုခေါ်ပါနော်”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးထဲမှာရောဒွေးကိုယခုအချိန်အထိလွမ်းနေတဲ့လူတွေရှိသေးလားပြောပြခဲ့ပါဦးနော်

Source:Thar Nyi

Zawgyi

အကိုဖြစ်သူဒွေးဆုံးတာ(၁၃)နှစ်ပြည့်သွားခဲ့ပေမယ့် ယနေ့အချိန်ထိသတိတရရှိနေပြီးကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုမိနေတုန်းပဲဆိုတဲ့ သားညီ

ဒီနေ့ဇူလိုင်လ(၁၁)ရက်နေ့ကတော့ အနုပညာလောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့သရုပ်ဆောင်ဒွေးကွယ်လွန်တာ(၁၃)နှစ်ပြည့်နေ့လေးပဲဖြစ်ပါတယ်။ သူကတော့ယနေ့အချိန်အထိပရိသတ်တွေရင်ထဲမှာရောအနုပညာရှင်ညီအစ်ကိုမောင်နှမတွေရဲ့ရင်ထဲမှာပါစွဲကျန်ရစ်စေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ညီဖြစ်သူသားညီကလည်း အကိုဆုံးတာ(၁၃)နှစ်ပြည့်သွားခဲ့ပေမယ့်ယနေ့အချိန်ထိ သတိတရရှိနေပြီးကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေမိတုန်းပါပဲဆိုတဲ့အကြောင်းကိုသူရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

သားညီကတော့”11.7.202013 နှစ်ရှိသွားပြီအစ်ကိုအချိန်တွေတော်တော်ကြာသွားခဲ့ပြီအမှန်အတိုင်းဝန်ခံရရင်ကျွန်တော်နည်းနည်းတော့ခံနိုင်ရည်ရှိလာပါပြီနေ့တိုင်းလွမ်းမနေတော့ဘူးနေ့တိုင်းပူဆွေးမနေတော့ဘူးအစ်ကို့ရုပ်ရှင်ကားတွေလာရင်ခဏတစ်ဖြုတ်ရပ်ကြည့်နိုင်လာပြီရယ်စရာလေးတွေပါရင်လိုက်ရယ်နိုင်လာပြီကျွန်တော်တို့အတူရိုက်ခဲ့တဲ့ကားတွေဆိုအဲ့ဒီအချိန်က အမှတ်တရအဖြစ်အပျက်တွေသူများတွေကိုအေးအေးဆေးဆေးပြန်ပြောပြနိုင်နေပြီကားမောင်းသွားရင်းRadioကအစ်ကို့သီချင်းတွေလာရင်အရင်ကချက်ချင်းပိတ်ပစ်တတ်ပေမယ့်အခုဆိုခပ်တိုးတိုးလေးလိုက်ညည်းနိုင်လာပြီ

အစ်ကို့ကိုစိတ်ထဲမှာမရှိတော့တာမဟုတ်ဘူးနော်အခြေအနေတစ်ခုကို တစ်ဖြေးဖြေးလက်ခံလာနိုင်တာပါဒါပေမယ့်ဒါဏ်ရာတွေနဲ့လဲကျပြီးဘာဆက်လုပ်ရမှန်းမသိပဲ လမ်းပျောက်နေတဲ့အချိန်မျိုးတွေရုတ်တစ်ရက်တိုက်ဆိုင်မှုတစ်ခုခုကြုံလာတဲ့အခါမျိုးတွေဆိုရင်တော့အစ်ကို့ကို လွမ်းတဲ့စိတ်နဲ့ကျွန်တော်ဟန်မဆောင်နိုင်ဘူးအစ်ကိုအခုအချိန်အထိကလေးတစ်ယောက်လိုရှိုက်ကြီးတငင်ငိုနေမိတုန်းပါပဲ အသက်လေးဆယ်ကျော်ယောကျာၤးတစ်ယောက်မှာလည်းပျော့ညံ့မိတဲ့အချိန်တွေရှိနိုင်တာပဲလေနော်အခုလည်းလွမ်းနေတယ်အစ်ကိုဒီနေ့လေးမှာကျွန်တော်အစ်ကို့အတွက်တတ်နိုင်သလောက်လေးကုသိုလ်ပြုပေးပါ့မယ်အစ်ကိုရောက်ရာဘုံဘဝကသာဓုခေါ်ပါနော်”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးထဲမှာရောဒွေးကိုယခုအချိန်အထိလွမ်းနေတဲ့လူတွေရှိသေးလားပြောပြခဲ့ပါဦးနော်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top