ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ကို အွန်လိုင်းက လေ့လာနိုင်မည်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ကို အွန်လိုင်းက လေ့လာနိုင်မည်။ ဇူလိုင်လ ၁၆ရက်နေ့က စတင်လေ့လာနိုင်မယ်လို့သိရပါတယ်။ ရန်ကုန်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နတ်မောက်က နေအိမ်ပြတိုက်ကိုတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြန်လည်ဖွင့်လှစ်မယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၇၃ကြိမ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို အွန်လိုင်းကနေ လေ့လာနိုင်အောင် ဆောင်ရွက်ထားရှိနေပြီလို့အမျိုးသားပြတိုက်(ရန်ကုန်)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

“အဓိကကတော့ ကိုဗစ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ပြတိုက်တွေကို ပြည်သူလူထုဝင်ရောက်လေ့လာခွင့်ပိတ်ထားချိန်မှာ အွန်လိုင်းကတစ်ဆင့် လေ့လာနိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ လာမယ့် ဇူလိုင်လ ၁၆ရက်နေ့ကစတင်ပြီး ဝင်ရောက်လေ့လာနိုင်ပါပြီ။”လို့ ဦးခင်မောင်စိုးကပြောပါတယ်။ ဇူလိုင်လ ၁၆ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ လေ့လာနိုင်မှာ ဖြစ်ကာ ကိုဗစ်ကာလအလွန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြတိုက်နဲ့နေအိမ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့နေအိမ်ပြတိုက်တွေကို ၂၀၁၉ ခုနှစ်မှာ ကျရောက်တဲ့ ၇၂ ကြိမ်မြောက်အာဇာနည်နေ့အထိ ပြည်သူလူထုကို အခမဲ့ဖြင့် လွတ်လပ်စွာ ဝင်ရောက်လေ့လာခွင့်ပြုထားကာ နိုင်ငံခြားသားတွေကိုတော့ မြန်မာငွေကျပ် ၅၀၀၀ ကျပ်နှုန်းနဲ့ဝင်ရောက်လေ့လာခွင့်ပြုခဲ့ပါတယ်။

ခရက္ဒစ္

=====================

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ကို အွန်လိုင်းက လေ့လာနိုင်မည်။ ဇူလိုင်လ ၁၆ရက်နေ့က စတင်လေ့လာနိုင်မယ်လို့သိရပါတယ်။ ရန်ကုန်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နတ်မောက်က နေအိမ်

ပြတိုက်ကိုတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြန်လည်ဖွင့်လှစ်မယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် ၇၃ကြိမ်မြောက်

အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို အွန်လိုင်းကနေ လေ့လာနိုင်အောင် ဆောင်ရွက်ထားရှိနေပြီလို့

အမျိုးသားပြတိုက်(ရန်ကုန်)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။ “အဓိကကတော့ ကိုဗစ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ နေအိမ်ပြတိုက်တွေကို ပြည်သူလူထု

ဝင်ရောက်လေ့လာခွင့်ပိတ်ထားချိန်မှာ အွန်လိုင်းကတစ်ဆင့် လေ့လာနိုင်အောင် ဆောင်ရွက်ပေးထားတာပါ။ လာမယ့် ဇူလိုင်လ ၁၆ရက်နေ့ကစတင်ပြီး ဝင်ရောက်လေ့လာနိုင်ပါပြီ။”လို့ ဦးခင်မောင်စိုးက

ပြောပါတယ်။ ဇူလိုင်လ ၁၆ရက်ကစတင်ပြီး ရက်အကန့်အသတ်မရှိ လေ့လာနိုင်မှာ ဖြစ်ကာ ကိုဗစ်ကာလအလွန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား

အဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြတိုက်နဲ့နေအိမ်ကို ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့နေအိမ်ပြတိုက်တွေကို ၂၀၁၉ ခုနှစ်မှာ ကျရောက်တဲ့ ၇၂ ကြိမ်မြောက်

အာဇာနည်နေ့အထိ ပြည်သူလူထုကို အခမဲ့ဖြင့် လွတ်လပ်စွာ ဝင်ရောက်လေ့လာခွင့်ပြုထားကာ နိုင်ငံခြားသားတွေကိုတော့ မြန်မာငွေကျပ် ၅၀၀၀ ကျပ်နှုန်းနဲ့ဝင်ရောက်လေ့လာခွင့်ပြုခဲ့ပါတယ်။ ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top