
၂၀၂၀ ပြည့်နှစ်၊ အစပိုင်းကစလို့ နိုင်ငံတကာမှာ COVID-19 ကူးစက်ပျံံ့နှံ့မှုကြောင့် ရုပ်ရှင်ရုံအတော်များများကို ပိတ်ထားရပါတယ်။ အခုနောက်ပိုင်းမှာတော့ တချို့နိုင်ငံတွေမှာ ရုပ်ရှင်ရုံတွေပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပေမဲ့ ရောဂါကူးစက်မှုကိုကြိုတင်ကာကွယ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေကြပါတယ်။
Image Credit: Getty Images
မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ပြင်သစ်နိုင်ငံမှာ တစ်ဦးနဲ့တစ်ဦးအကွာအဝေးတစ်ခု ခြားနေရမယ့် Social Distant ကို ထိန်းသိမ်းထားတဲ့ ရေပေါ်ရုပ်ရှင်ရုံမျိုးရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Floating Movie Theatre လို့ခေါ်ဝေါ်ကြတဲ့ အဲဒီရုပ်ရှင်ရုံဟာ နောက်တစ်ပတ်ထဲမှာ ပြင်သစ်နိုင်ငံ၊ Paris မြို့တော် Seine မှာ ဖွင့်လှစ်မယ် လို့ သိရပါတယ်။
Image Credit: 9gag
ပြင်သစ်အခေါ် Cinéma sur l’Eau လို့ခေါ်တဲ့ ရေပေါ်ရုပ်ရှင်ရုံကို ပြင်သစ်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Paris Plages ပွဲတော်ရဲ့အဖွင့်အနေနဲ့ လာမယ့်ဇူလိုင် ၁၈ ရက်နေ့မှာ စတင်ပွဲထုတ်သွားမှာဖြစ်ပါတယ်။ Paris Plagues ဆိုတာဟာ ပါရီမြို့တော်မှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပွဲတစ်ခုဖြစ်ပြီး နွေရာသီရောက်တိုင်း Seine နဲ့ Bassin de la Villette ဒေသတလျှောက်မှာ ကမ်းခြေအတုတွေဖန်တီးပြီး ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲကြတာပါ။
Image Credit: 9gag
PR ကုမ္ပဏီ Spark Agency ရဲ့အဆိုအရ အဲဒီရေပေါ်ရုပ်ရုံမှာ လျှပ်စစ်စွမ်းအင်သုံးလှေ ၃၈ စီးပါဝင်ပြီး လှေတစ်စီးကို ၂ ယောက်ကနေ ၆ ယောက်အထိ ထိုင်နိုင်ပါတယ်။ လှေတစ်စီးနဲ့တစ်စီး အကွာအဝေးတစ်ခု ခြားပေးထားပြီး လှေတစ်စီးမှာ မိသားစု၊ သူငယ်ချင်းအချင်းချင်းပဲ ထိုင်ရမှာဖြစ်တာကြောင့် social distancing နည်းလမ်းတွေကိုလည်း ဖောက်ဖျက်ရာမရောက်တော့ပါဘူး။
Image Credit: 9gag
ဒါ့ပြင် အဲဒီရုပ်ရှင်ရုံမှာ ရေပေါ်ကလှေတွေအပြင် ကမ်းစပ်ပေါ်ကထိုင်ခုံတွေပေါ်မှာလည်း နောက်ထပ် လူ ၁၅၀ အထိ ကြည်ရှုနိုင်အောင် စီစဉ်ထားတယ်လို့ သိရှိရပါတယ်။ ပြင်သစ်နိုင်ငံသားတွေအနေနဲ့ ဇူလိုင် ၇ ရက်နေ့ ကနေ ၁၅ ရက်အတွင်း အခမဲ့လက်မှတ်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
Katie Scarlett
We Media
Source: 9gag, Insider