မြန်မာပြည် ရဲ့ နာမည်ကြီး ဆက်ဆီ မော်ဒယ် နန်းမွေစံ နှင့် အတူ သရုပ်ဆောင် အ ချို့ ကို ရန်ကုန် သက် မွေးနည်းပ ညာ ကောလိပ် ၏ Kindness Ambassador ခန့်အပ်
နာ မည်ကြီး ဆက်ဆီ မော်ဒယ် နန်းမွေစံ အပါအဝင် သရုပ် ဆောင် အချို့ ကို ရန်ကုန် အသက်မွေးနည်းပညာကောလိပ် (သာကေတ) ၏ Kindness Ambassador အဖြစ်ခန့်အပ်ခဲ့ကြောင်း သိရ သည် ။
Yangon Vocational College of Technology ၏ Kindness Ambassador ခန့်အပ်ပွဲ ကို အခမ်းအနား ကို သာကေတမြို့နယ် (၈) ရပ်ကွက်ရှိ ရန်ကုန်အသက် မွေးနည်းပညာ ကောလိပ် တွင် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြား ချက်များ နှင့် အညီ ယနေ့ (ဇူလိုင် ၁၀) ပြုလုပ်ခဲ့ပြီး ယင်းသို့ ခန့်အပ် လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေး ဝန် ကြီး ဦး နိုင်ငံလင်းက ၎င်း၏ လူမှုကွန်ယက် မှ တဆင့် အသိပေးရေးသားထားသည်။ “ရန်ကုန်အသက်မွေးနည်းပညာကော်လိပ် ၏ ပညာရေးမြှင့်တင်မှု ကို အထောက်အကူပြုနိုင်ရန် အတွက် Myanmar Top Ten Online Celebritiesများ ကို ကျောင်း၏ Kindness Ambassador အဖြစ် ခန့်အပ်မည့် အခမ်းအနား ဖြစ် ပါတယ်” ဟု ဝန်ကြီး ဦး နိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
Myanmar Top Ten Online Celebrities များအဖြစ် မော်ဒယ် နန်းမွေစံ နှင့် ထက်ထက်ထွန်း ၊ ဟန်တီ၊ ဖိုးသောကြာ၊ ဖြူဖြူ ထွေး တို့ကို Kindness Ambassador အဖြစ်ခန့်အပ်ပေးခဲ့ကြောင်း သိရ သည် ။အဆိုပါ ကောလိပ်ကို ရန်ကုန်တိုင်းအစိုးရက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ခွင့်ပြုမိန့်ချပေးခဲ့ခြင်းဖြစ်ပြီး ကနဦးအ နေဖြင့် ကျောင်းသား /သူ(၁၀၀၀)ဦးလက်ခံသွားမည်ဖြစ်ကာ အလယ်တန်း အောင်ရုံနှင့် တက် ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း သိရ သည် ။ အဓိက ဘာ သာရပ်အဖြစ် ဆောက်လုပ်ရေး နည်းပညာ ၊ စက်မှုနည်းပညာ၊ မော် တော် ကား တပ်ဆင်ရေးနည်းပညာ၊ နိုင်ငံခြား ဘာ သာစကား ပညာရပ်များ အပါအဝင် အပါအဝင်ဘာသာရပ်(၁၈)ခုထိ သင်ကြား ပေး မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ (၃ လမှ ၆ လ အထိ )ကာလ တိုသင် တန်းနှင့် (၁ နှစ်မှ ၃ နှစ်ကြာအထိ )သင်တန်းဟူ၍ ရှိကြောင်း နိုင်ငံတကာနှင့်ပူးပေါင်း ဆောင် ရွက်သည့်အတွက် သင်ကြားမည့်ဆရာ၊ဆရာမများကို ပူးပေါင်း ထားသော နိုင်ငံ တကာ ကျောင်းများမှ နည်းပညာ ကျွမ်းကျင် သည့် ဆရာ / မများက လာရောက်သင်ကြားပေး မည်ဖြစ်ကြောင်း သိရသ ည်။
“ရန်ကုန် အ သက် မွေးနည်းပညာကောလိပ် သည် ကောလိပ်တွင်နေ ထိုင်ပြီး တက်ရောက်ရမည့်ကော လိပ်ဖြစ်တယ် ။ ကျောင်း သူ / သား အိပ်ဆောင်၊ ထမင်းစားဆောင်၊ ဈေးဆိုင်၊ ဆေးပေးခန်းများထားရှိကာ ဘက်စုံ အဆင်ပြေအောင် ဆောင်ရွက်ပေး ထား သောကောလိပ်ဖြစ် ပါတယ် “ဟု ဦးနိုင်ငံလင်းက ရေးသား ထားသည် ။
၂၀၁၈ ခုနှစ် ဧပြီလ တွင် ရန်ကုန်တိုင်း အစိုးရနှင့် MITVE ကုမ္ပဏီ တို့ “တရုတ်မြန်မာ သိပ္ပံနှင့်နည်း ပညာစက်မှုမြို့တော် ဥယျာဉ်”စီမံကိန်းအတွက် MOU လက်မှတ်ထိုးထား ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်း ကိုလည်း အ ကောင်အထည်ဖော်ရန် ကုမ္ပဏီအနေဖြင့် ဆက်လက် ကြိုးစားသွား မည်ဖြစ်ကြောင်း သိရ သည် ။
TCM
Post navigation
ကျွန်မ တို့ ပြည်သူတွေ ကို ကျန်းမာ စေချင် ပါတယ် ( အမေစုကို ချစ်ရင် ဖတ် ကြည့်ပါ )
Search for: