ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့အပြုံလေးတွေကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်ကိုတော့ပရိသတ်ကြီးလည်းရင်နှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့အနုပညာမျိုးရိုးရှိသူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကလည်းအနုပညာကိုငယ်ငယ်ကတည်းကရူးသွပ်ခဲ့သူတစ်ယောက်ပါ။ အချစ်၊အမုန်း၊အလွမ်း၊ဟာသ ဘယ်လိုကာရိုက်တာမျိုးကိုမဆိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးအဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်။
စိုးပြည့်သဇင်ဟာညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင်တို့နဲ့လည်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မင်းသမီးပိုးထည်တိုက်ကိုတည်ထောင်ထားပြီး အောင်မြင်နေတာဖြစ်ပါတယ်။ယခုလိုအဖက်ဖက်ကအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးပီပီအချက်အပြုတ်ဘက်မှာလည်းကျွမ်းကျင်သူတစ်ယောက်ပါ။ လက်ရှိမှာလည်းမိန်းကလေးတိုင်းတတ်ထားသင့်တဲ့ စက်ချုပ်တဲ့ပညာကိုသင်ယူနေတယ်လို့သိရပါတယ်။
အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ စိုးပြည့်သဇင်က”ဘယ်အရာမှတော့မလွယ်ကူပါဘူးစိုးပြည့်ကတော့ပညာရပ်တိုင်းကိုတန်ဖိုးထားပါတယ်”ဆိုတဲ့စာသားနဲ့အတူပုံရိပ်လေးတွေကိုသူမရဲ့လူမှုကွန်ရက်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်အဆိုပါပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source:Soe Pyae Thazin
Zawgyi
ပညာရပ်တိုင်းကိုတန်ဖိုးထားပြီးမိန်းကလေးတိုင်းတတ်ထားသင့်တဲ့ စက်ချုပ်ပညာကိုသင်ယူနေတဲ့စိုးပြည့်သဇင်