ဆိုင်ကယ်တိုက်မှုကို ဝင်ကူညီပေးသူအား လက်သီးဖြင့်ထိုးသည့် ရဲတပ်ကြပ်ကြီးအပါအဝင် ၃ ဦးကို ဖမ်းဆီးအရေးယူ
စစ်ဝေးသော်/ဧရာဝတီတိုင်းမ် ဇူလိုင် ၁၁ ရက် (ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု တစ်ခုကို ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး အပါအဝင်ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူ ထားကြောင်း ရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်)ထံမှ သိရသည်။
“ထွက်ပြေးသွားတဲ့သူကို လိုက်လည်းဖမ်းပေးပြီး ပြန်လာတော့ လူအုံနေတာမြင်ပြီး ပြောမိသွားတာပါ အပြောအဆိုကမတတ်တော့ အဲ့လိုတွေဖြစ်သွားတာ ဒီမနက်ပဲ ပုသိမ်နယ်မြေရဲစခန်မှာ အချုပ်ထဲထည့်ထားလိုက်ပါပြီ စုံခုံဖွဲ့စစ်ပြီး အရေးယူသွားမှာပါ”ဟုရေကြောင်းရဲတပ်ဖွဲ့(ပုသိမ်)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူလိုင်လ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ လူတစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ပုသိမ်မြို့ခံများက ဝိုင်းဝန်းကူညီပေးနေခဲ့ပါတယ်။
ဒီလိုကူညီပေးနေစဉ် ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး မျိုးအောင်ရောက်ရှိလာပြီး ဆဲဆိုရမ်းကားမှုတွေ လုပ်ခဲ့တဲ့အတွက် အနီးတွင်ကူညီဆောင်ရွက်ပေးနေသော ပြည်သူတစ်ဦးနှင့် အပြန်အလှန်အချင်းများကာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပွါးခဲ့ကြောင်း ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ သိရသည်။
“ကျွန်တော်ကတော့အမူဖွင့်မှာ ကျွန်တော်တို့ကပရဟိတစိတ်နဲ့ကူညီတာလေ ခုလိုလုပ်တော့ဘယ်ကောင်းမလဲ ဒီလိုလုပ်တော့ပြည်သူက ဘယ်အမြင်ကြည်တော့မလဲ”ဟု လက်သီးထိုးခံခဲ့ရတဲ့ ကိုဝင်းထွန်းနိုင်က ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားရာတွင်ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအဝင်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
===================
unicode