ကိုဗစ်ကြောင့် လက်သုံးချောင်းနဲ့ SS ရိုက်တာကို ပိတ်ပင်မယ့် Google

စက်တင်ဘာ ၁၁ မှာ ထွက်ရှိမယ့် Andriod 11 မှာ လက်သုံးချောင်းနဲ့ဆွဲပြီး Screen Shot ရိုက်တဲ့ Feature ကိုထည့်ပေးတော့မှာ မဟုတ်ဘူးလို့ Google ကပြောပါတယ်။ Andriod system ကို UI ပြန်လုပ်ထားတဲ့ Xiaomi လိုဖုန်းတွေမှာ လက်သုံးချောင်းနဲ့ SS ရိုက်လို့ရပါတယ်။ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီ Feature ကို Pixel ဖုန်းတွေမှာ မထည့်တော့ဘူးလို့ Google ကဆိုပါတယ်။ Andriod အဖွဲ့ခေါင်းဆောင် Dan Sandlar က လက်ချောင်းတွေနဲ့ ဖိဆွဲချပြီးသုံးရတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရယ်ရှိတယ်လို့ ပြောပါတယ်။ Andriod စနစ်ကောင်းမွန်ဖို့ လုပ်ထားတဲ့ Feature ဖြစ်ပေမယ့် လက်တွေ အသုံးပြုမှုများတာကြောင့် အခုလိုလျော့ချရခြင်းဖြစ်တယ်လို့ ၄င်းက ပြောပါတယ်။

Andriod 11 မှာ လက်သုံးချောင်းနဲ့ SS ရိုက်တာကို ပိတ်ပင်မယ့်အပြင် Backgroup က မလိုအပ်ဘဲ Run နေတဲ့ App တွေကိုလည်း ပိတ်ပေးမယ့် Feature ပါဝင်လာဖို့ရှိပါတယ်။ အထူးသဖြင့် တရုတ် App တွေဟာ Background မှာ Auto Run နေတာများပါတယ်။ အခြား Developer တွေကလည်း ဒီကိစ္စကိုထောက်ပြထားပါတယ်။ Andriod 11 မှာ ဖုန်းတစ်လုံးနဲ့တစ်လုံးချိတ်ဆက်အသုံးပြုတာကို တိုးတက်အောင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Andriod 11 မှာ App နဲ့ Game တွေကို ထိန်းချုပ်မှုတွေလုပ်လာပြီး User အချက်အလက် လုံခြုံရေးကိုပိုပြီးဦးစားပေးလာတာတွေ့ရပါတယ်။

Ref – Gsmarena

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top