ဇွဲကပင်ကြီးကို အားနာပါ၊ ကယ်ဆယ်ရေသမားတွေကို အားနာပါ၊ မိဘတွေကို ငဲ့ညှာပါ
ဇွဲကပင်တောင်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိပါသည်။
ဇွဲကပင်တောင်သို့ တက်ရန်နှင့် ဆင်းရန်အတွက် နေရာ (၂) ခု ရွေးချယ်နိုင်ပါသည်။ တစ်ခုမှာ ခလောက်နို့ ကျေးရွာဝင်ပေါက်ဖြစ်ပြီး ဘားအံမြို့မှ နေ၍ (၁၅) မိနစ်ခန့် ဆိုင်ကယ် (သို့) ကားဖြင့် သွားရောက်နိုင်ပါသည်။
နောက်တစ်ခုမှာ လုံမဏ္ဏီဥယျာဉ်ဝင်ပေါက်ဖြစ်ပြီး သံလွင်တံတားနှင့် နီးသောကြောင့် ခရီးသွားများ အများဆုံးတက်ရောက်သော ဝင်ပေါက်ဖြစ်သည်။
အင်မတန်လှပတဲ့ရှူခင်းများနဲ့ မတ်စောက်မြင့်မားလွန်းပါတယ်။ အဲဒါကိုကပင် ဇွဲကပင်တောင်ရဲ့ ထူးချက်ချက်တစ်ခုပြီး ခရီးသွားတေရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။
တက်ရတာအင်မတန် ပင်ပန်းခက်ခဲသလောက် တောင်ထိပ်ရောက်သွားတဲ့အခါ လတ်ဆတ်တဲ့လေတွေ၊ မြူခိုးတိမ်တိုက်တွေနဲ့တိမ်ပင်လယ်ကြီးတွေ၊ တောင်အောက်က လယ်ကွင်းယာကွင်း တောအုပ်စိမ်းစိမ်းလေးတွေရဲ့ အလှတရားဟာ
တောင်တက်ရတဲ့ ဒုက္ခပင်ပန်းမှုတွေကို ချက်ချင်းဆိုသလို ဖျောက်ဖျက်ပေးနိုင်စွမ်းရှိကြပြန်တယ်။ အဲဒါကြောင့်လည်း ဘယ်လောက်ပင်ပန်းပါစေ ဇွဲကပင်တောင်တက်ဖူးတဲ့သူတိုင်းက နောက်တစ်ကြိမ်ပြန်တက်ချင်ကြပါတယ်။
တောင်ပေါ်မှာတော့ ဘာမှထွေထွေထူးထူး မရှိပါ။ စေတီတစ်ဆူနဲ့ မုန့်ဆိုင်လေးတွေရှိပါတယ်။ အခုတစ်လော တောင်ပေါ်တက်ပီး လူငယ်တွေကိုယ့်ကိုယ်ကို အဆုံးစီရင်နေကြတာဟာ အင်မတန်မှကို စိတ်ပျက်ဝမ်းနည်းစရာကောင်းလှပါတယ်။
ကရင်ပြည်နယ် ဇွဲကပင်တောင်ကြီးရဲ့ ကျော်ကြားချစ်ခင်ဖွယ်အလှတရားကိုလည်း အရုပ်ဆိုးအကျည်းတန်စေခဲ့ပီ။ ဒီတောင်ကြီးကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံတွေလည်း ဒုက္ခရောက်ကြရသည်။
စေတနာရှင် လူမှုကယ်ဆယ်ရေးသမားတွေ၊ မီးသတ်တွေလည်း ဒုက္ခရောက်လိုက်ကြတာဗျာ။ ကျန်ရစ်သူမိသားစုတွေလည်း ဘဝတွေပျက်ကြရပါတယ်။
ဆိုလိုချင်တာက လူငယ်တွေပါ- လူတိုင်းမှာ မပြေလည်မှု အဆင်မပြေမှုတွေဆိုတာ အနည်းနဲ့အများ လူတိုင်းလိုလိုရှိကြပါတယ်။ လူဘဝဆိုတာ ဘယ်တော့မှပြီးပြည့်စုံတယ်ဆိုတာမရှိပါ၊ ရှိလာမှာလည်းမဟုတ်ပါဘူး။ ဘဝဆိုတာ ရုန်ကန်ရခြင်းပါပဲ။
ကျွေးမွေးစောင့်ရှောက်ပညာတွေသင်ပေးပီး ဒီအရွယ်တွေတောင်ရောက်လို့ လူလားမြောက်ခဲ့ပီပဲ။ ကျေးဇူးရှင်မိဘနှစ်ပါးကို လုပ်မကျွေးချင်နေကြပါ၊ သေရာပါမယ့် စိတ်ဒဏ်ရာတွေမပေးကြပါနဲ့။
ကိုယ့်ကြောင့် ဇွဲကပင်ရဲ့အလှတရားတွေ မထိခိုက်ပါစေနဲ့၊ ကိုယ့်ကြောင့် တပါးသူတွေ ကိုယ်စိတ်နှစ်ပါးမဆင်းရဲကြပါစေနဲ့၊ ကိုယ့်ကြောင့် ကိုယ့်သူငယ်ချင်းတွေ ဒုက္ခမရောက်ကြပါစေနဲ့လို့ လူငယ်တွေကို ပြောကြားရင်း…..#သာဂိ
ခရီးသွားဘလော်ကာ မမတစ်ယောက် ဇွဲကပင်ကို နာမည်ဖျက်တော့ ဇွဲကပင်ကြီး အလှပျက်မှာစိုးလို့ တို့မြို့ကလူတွေ ဘယ်လောက်စည်းလုံးပြီး ကာကွယ်ခဲ့သလဲဆိုတာ Fb သုံးတဲ့ မင်းတို့လေးတွေ သိမှာပါ။
မင်းတို့ကိုယ်တိုင်လည်း rp ထုခဲ့ကြမှာပါ ဇွဲကပင်ရဲ့ အရိပ်မှာ ပညာသင်တဲ့ မင်းတို့လေးတွေ တို့ကရင်ပြည်နယ်ရဲ့ ကျောင်းသားလေးတွေ
ဇွဲကပင် တောင်ကြီးတောင်မင်းဖဝါးအောက် ရောက်ခဲ့ပြီပဲဘဝကို ဘာလို့ အရှုံးပေးရသလဲ? စိတ်ညစ်စရာမရှိတဲ့သူဆိုတာ လောကကြီးမှာ မရှိပါဘူး။ ဇွဲကပင်ကို ဇွဲရှိရှိနဲ့ ကြံ့ခိုင်စွာ မင်းတက်နိုင်ခဲ့သလို ဘဝလမ်းကို ဇွဲရှိရှိနဲ့ ကြံ့ခိုင်စွာ မင်းဆက်လျှောက်နိုင်ရမှာပေါ့။
ဇွဲကပင်ပေါ်တက်ပြီးတော့ မဟုတ်တဲ့အတွေးတွေ မင်းမတွေးပါနဲ့၊ တောင်ပေါ်ရောက်ရင် စိတ်ညစ်တာတွေ ရင်ဖွင့်အော်ဟစ် ဖြေဖျောက်ပစ်ပြီး အားအပြည့်နဲ့ ပြန်ဆင်းခဲ့ပါ..
ဇွဲကပင်ကြီးကို အားနာလှည့်ပါ.. မင်းမိဘတွေကို အားနာလှည့်ပါ.. ကရင်ပြည်နယ်ကြီးကို အားနာလှည့်ပါ.. ကျနေတဲ့ စိတ်ဓာတ်တွေကိုတော့ ပြန်ကောက်ခဲ့ပါ.
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်
အရှင်သူရိယ ပြန်လည်မျှဝေသည်
=====================