တိရိစ္ဆာန်လေးတွေအတော်များများဟာ လူတွေလိုသတ်သတ်မှတ်မှတ် အိမ်ထောင်ထူထောင်တဲ့သဘာဝမျိုး မရှိတာကြောင့် သတ်သတ်မှတ်မှတ် လက်တွဲဖော်ရှိတဲ့ တိရိစ္ဆာန်အမျိုးအစားဆိုတာ ရှိပေမဲ့လည်း ရှားပါတယ်။ ဒါပေမဲ့ တချို့တိရစ္ဆာန်လေးတွေကတော့ လူတွေထက်တောင် သစ္စာရှိကြပြီး တစ်ဘဝမှာ လက်တွဲဖော် တစ်ကောင်တည်းသာ ထားတတ်ကြပါတယ်။
အဲဒီလိုဘဝလက်တွဲဖော်တစ်ကောင်တည်းနဲ့ပဲ သေတပန်သက်တဆုံးအတူနေထိုင်ကြတဲ့ တိရိစ္ဆာန်လေးတွေထဲက ၇ မျိုးကို ဖော်ပြပေးချင်ပါတယ်။
၁။ အသက် ၄/၅ လအရွယ်မှာပဲ လက်တွဲဖော်ရှာလေ့ရှိတဲ့ Sun Counures ငှက်လေးတွေ
Image Credit: Shutterstock
ကြက်တူရွေးမျိုးနွယ်ဝင်လို့ဆိုရမယ့် Sun Counure ခေါ် ငှက်လေးတွေဟာ အသက် ၄/၅ လအရွယ်မှာပဲ လက်တွဲဖော်ရှာလေ့ရှိပါတယ်။ တောင်အမေရိကရဲ့အရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ အဲဒီငှက်လေးတွေဟာ အုပ်စုဖွဲ့နေထိုင်လေ့ရှိကြပြီး တစ်ကောင်နဲ့တစ်ကောင် ရင်းနှီးဖော်ရွေကြပါတယ်။ လက်တွဲဖော်တွေ့ပြီဆိုရင်တော့ တစ်ကောင်နဲ့တစ်ကောင်မခွဲဘဲ တစ်သက်လုံးအတူနေထိုင်သွားကြတဲ့ သဘာဝမျိုးရှိပါတယ်။
၂။ လူတွေလိုမင်္ဂလာပွဲသဘောမျိုး ပြုလုပ်လေ့ရှိတဲ့ ကြိုးကြာနွယ်ဝင် Grey-crowned Cranes
Image Credit: Shutterstock
ကြိုးကြာမျိုးနွယ်ဝင်ငှက်တစ်မျိုးဖြစ်တဲ့ Grey-crowned Crane တွေဟာ ယူဂန်ဒါမှာအနေများတဲ့ ငှက်မျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အချစ်ရေးကိုအရမ်းအလေးထားကြပါတယ်။ လက်တွဲဖော်တွေ့ပြီဆိုရင် ငှက်မောင်နှံဟာ သူတို့ရဲ့ကတိကဝတ်ကိုပြသဖို့အတွက် သူတို့မျိုးနွယ်ဝင်အုပ်စုရဲ့အရှေ့မှာ ကခုန်ပြလေ့ရှိပါတယ်။ အဲဒီနောက်မှ အသိုက်ဆီကို နှစ်ကောင်အတူရွှေ့ပြောင်းနေထိုင်ကြပါတယ်။ လူတွေမင်္ဂလာဆောင်ပြီး အတူနေကြသလိုပုံမျိုး ပါပဲ။
3. အမြီးချင်းယှက်ပြီးပူးကပ်နေထိုင်လေ့ရှိတဲ့ မျေက်မျိုးနွယ်ဝင် Coppery titi Monkey စုံတွဲ
Image Credit: Shutterstock
မျောက်မျိုးနွယ်ဝင် Coppery titi မျောက်တွေဟာလည်း လက်တွဲဖော်တစ်ဦးနဲ့ပဲ တစ်သက်လုံးနေထိုင်ကြသူတွေဖြစ်ပြီး လူတွေလို မနာလိုသဝန်တိုတာမျိုးလည်း ရှိတတ်ကြပါတယ်။ တောင်အမေရိကရဲ့ rainforest တွေ ထဲမှာ အနေများတဲ့ titi မျောက်မျိုးနွယ်တွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကိုချစ်တဲ့နေရာမှာ အရမ်းနာမည်ကြီးပါတယ်။
လက်တွဲဖော်အချင်းချင်း တစ်ကောင်နဲ့တစ်ကောင်အရမ်းချစ်ကြပါတယ်။ အမြဲမခွဲဘဲအတူနေကြသလို အတူတူ နေချိန်မှာတောင် အမြီးချင်းယှက်ပြီး ပူးကပ်နေထိုင်တတ်ကြပါတယ်။ နှစ်ကောင်ခွဲနေရရင်လည်း စိတ်သောက ရောက်ပြီး မှိုင်တွေလွမ်းဆွေးနေတတ်တဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ပါတယ်။
4. နှုတ်သီးချင်းထိပ်ကပ်ပြီး အကြင်နာပေးတတ်ကြတဲ့ Atlantic puffin စုံတွဲ
Image Credit: Shutterstock
အတ္တလန္တတိတ်ပင်လယ်ပျော်ငှက်တွေလို့ဆိုရမယ့် နှုတ်သီးကြီးကြီးနဲ့ Puffin ငှက်ငယ်မျိုးတွေဟာ သူတိုရဲ့ လက်တွဲဖော်ကို ပြောင်းခဲလှပြီး တစ်သက်မှာတစ်ကောင်သာ လက်တွဲဖော်ထားကြသူတွေပါ။ အသိုက်အတွင်း မှာ အတူနေထိုင်ပြီး ဥတွေဥတဲ့အခါ အမဖြစ်သူက ဥတွေကိုစောင့်ရှောက်ပြီး အဖိုငှက်ကတော့ အစားအစာတွေ ရှာဖွေကျွေးမွေးကာ အသိုက်ကိုစောင့်ရှောက်ပေးပါတယ်။
5. အထီးဖြစ်သူကကိုယ်ဝန်ဆောင်ပေးတဲ့ Seahorse စုံတွဲ
Image Credit: Instagram
ရေနေသတ္တဝါတစ်မျိုးဖြစ်တဲ့ seahorse တွေဟာ လက်တွဲဖော်သက်ရှိထင်ရှားရှိနေဆဲအချိန်အထိ တစ်ကောင်နဲ့ တစ်ကောင် သစ္စာရှိပြီး လက်တွဲဖော်တစ်ဦးတည်းနဲ့ပဲနေထိုင်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင်တာဝန်အရမ်းယူ တတ်ကြပါတယ်။ အထူးခြားဆုံးကတော့ အထီးဖြစ်သူက ကိုယ်ဝန်ဆောင်ပြီး သားပေါက်ပေးကြတာပဲ ဖြစ်ပါ တယ်။
6. အမဖြစ်သူအတွက် အဖိုကသူရဲကောင်းဆန်ဆန်တိုက်ခိုက်ပေးတဲ့ Dik-dik စုံတွဲ
Image Credit: Shutterstock
သမင်နဲ့ခပ်ဆင်ဆင်တူတဲ့ တောဆိတ်မျိုးနွယ်ဝင်အငယ်စားလေးတွေဟာ ခန္ဓာကိုယ်အရွယ်အစားသေးငယ်ပေမဲ့ အချစ်ကြီးသူတွေ ဖြစ်ပါတယ်။ Dik-diks ခေါ် Antelope အငယ်စားစုံတွဲတွေမှာ အဖိုဟာ အမအတွက် သူရဲကောင်းဆန်ဆန် တိုက်ခိုက်ကာကွယ်ပေးဖို့ ဝန်မလေးကြပါဘူး။ သူတို့ဟာတွဲဖော်တစ်ဦးတည်းနဲ့ပဲ အမြဲ နေထိုင်တတ်သူတွေပါ။
7. လက်ချင်းဆုပ်ကိုင်ပြီးမှ အိပ်လေ့ရှိတဲ့ ဖျံမျိုးနွယ် Otter စုံတွဲ
Image Credit: Shutterstock
Otter လို့ခေါ်တဲ့ ဖျံမျိုးနွယ်ဝင်စုံတွဲလေးတွေဟာ သူတို့ရဲ့မိသားစုတာဝန်တွေကို အညီအမျှခွဲဝေယူကြပါတယ်။ သူတို့တွေဟာလည်း လက်တွဲဖော် အချင်းချင်းအရမ်းချစ်ကြပြီး တစ်ဦးတည်းနဲ့ပဲ မြဲကြသူတွေပါ။ တစ်ကောင်နဲ့ တစ်ကောင်ခွဲခွာရမှာအရမ်းကြောက်ပြီး အိပ်တဲ့အခါမှာတောင် လက်ချင်းဆုပ်ကိုင်ပြီးမှ အိပ်လေ့ရှိပါတယ်။
Katie Scarlett
We Media
Source: Brightside