အမီတာဘက်ချမ်းတို့သားအဖမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

ကမ္ဘာကျော် အိန္ဒိယသရုပ်ဆောင်မင်းသားကြီး အမီတာဘက်ချမ်းနဲ့ သားဖြစ်သူ အက်ဟစ်ရှ် ဘက်ချမ်းတို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သူတို့ရဲ့twitter စာမျက်နှာတွေကတစ်ဆင့် ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

လတ်တလောဆေးစစ်ချက်အဖြေအရ သားအဖနှစ်ဦးစလုံးမှာ ရောဂါပိုးတွေ့ရှိရပြီး ကျန်တဲ့မိသားစုဝင်တွေကိုလည်း ဆေးစစ်ထားတယ်လို့ ဆိုပါတယ်။ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမီတာဘက်ချမ်းအနေနဲ့ မွန်ဘိုင်း နာနာဗာတီဆေးရုံမှာ ဆေးကုသခံယူမယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ကျွန်တော်မှာ ကိုဗစ်ပိုးတွေ့လို့ ဆေးရုံကို ပြောင်းရပါတော့မယ်။ ဆယ်ရက်အတွင်း အတူနေခဲ့တဲ့ မိသားစုဝင်နဲ့ ဝန်ထမ်းတွေရဲ့ ဆေးစစ်ချက်အဖြေကို စောင့်နေပါတယ်”လို့ အမီတာဘက်ချမ်းရဲ့ twitter စာမျက်နှာမှာ ရေးသားထားပါတယ်။ ၄င်းအပြင် အသက် ၄၄ နှစ်အရွယ်ရှိသားဖြစ်သူ အက်ဟစ်ရှ်ဘက်ချမ်းမှာလည်း ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။ ဘက်ချမ်းတို့ မိသားစုဝင်အားလုံး အမြန်ဆုံးကျန်းမာပါစေလို့ ဘောလိဝုဒ်ကြယ်ပွင့်တွေကလည်း ဆုတောင်းပေးနေကြပါတယ်။

Ref – India Times

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top