9..7..2020 မှ 15..7..2020 အထိ ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း (9.7.2020 မှ 15.7.2020 အထိ)

တနဂၤၤေႏြ

ဒီကာလအတွင်းယုံကြည်အားကိုးရသော တပည့်ကောင်းများ ရရှိမည်။ ဆွေမျိုးများနှင့် စပ်၍လည်း ကောင်း ကျိုး ရသောအချိန်ဖြစ်သည်။ လုံ့လ၊ ဝီရိယနည်းနေမည်။ အဝေးရောက်နေသူများ၏ ချစ်မြတ်နိုးမှုကို ခံရတတ်သည်။

ပတ်ဝန်းကျင်ရှိ ရွယ်တူများ၏ အထင်သေးမှုကို ခံရတတ်သည်။ အထီးကျန်သောအချိန်ဖြစ်သည်။စီးပွားရေး ကံကောင်း သော အချိန်ကာလဖြစ်သည်။ လုပ်ငန်းရှင်များ၊ ငွေရှင်များ၏ ယုံကြည်အားကိုးမှု၊ လက်လွှဲခံရမှုရသော အချိန်ကာလဖြစ်သည်။

စက်မှုဆိုင်ရာအလုပ်များ၊ လျှပ်စစ်စွမ်းအင်အလုပ်များ၊ ဆက်သွယ်ရေးအလုပ်များ အစစ အရာရာကောင်းမွန်နေမည်။ ဆေးစားမှားမည်။ အလှဆီများကို လွန်ကဲမှားယွင်းစွာ သုံးမှုကြောင့် အရေပြား ယားယံမည်။ ဒူးနာ၊ ခါးနာမည်။

အိမ်ထောင်ဖက်၏ ပြောဆိုမှုကို သည်းခံနိုင်မှ သို့မဟုတ်လျှင် စကားများ ရန်ဖြစ်ရတတ်သည်။ ပြောသမျှ အင်းလိုက်၍ ကိုယ့်အလုပ်ကိုယ် လုပ်နေပါက အိမ်ထောင်ဖက်၏ ချစ်ခင်အားကိုးမှုကိုရရှိမည်။

အချစ်ရေးတွင် ချစ်သူကကိုယ့်အပေါ်အရာရာအားကိုးနေတတ်သည်။ပညာရေးတွင် နားလည်သလိုလိုနဲ့ မသိဘဲဖြစ် နေရတတ်သည်။ နားလည်ပြီးသားများ မေ့ပျောက် သွားမည်။ ပညာရေးနှင့် ပတ်သက်၍ ဆူပူမှု ခံရတတ်သည်။ အရေး၊ အဖတ်၊ အတွက်များတော်မည်။

အကျိုးပေးဂဏန်း ၁/၄/၃ အထူးဟော အိမ်တွင်းရေးအနည်းငယ်အားနည်းမည်။ ယတြာ ဝက်သားနဲ့အာလူးဟင်း ချက်ပြီး ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။

တနလၤၤာ

ဒီကာလအတွင်းငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများတွင်ကောင်းသောတိုးတတ်မှုများ အခိုင်အမာဖြစ်ထွန်းခြင်း၊ မူလဆက်ဆံမှုမရှိသော သူများနှင့်ဆက်ဆံရခြင်းများရှိမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။

အဆက် အသွယ်ပြတ်တောက်မှုများ၊ စာရင်းရှုပ်ထွေးမှု၊ ငွေကြေးလွဲမှားမှု၊ စာချုပ်ရက်လွန်မှု စသော အခက်အခဲများကြုံပြီး မကြာမီပြန်ကောင်းလာမည်။ မြုပ်ကွယ်နေသောအရာများ ပြန်လည်ထွက်ပေါ်လာမည်။

ရင်းနှီးမြှပ်နှံမှုများမှ အကျိုးအမြတ်ရလာမည်။ ကိုယ်တိုင်ဆုံးဖြတ်မှုထက် ဆရာများ၊ အကြီးအကဲများ၏ ညွှန်ကြားမှုအတိုင်း ပြုလုပ်ပါ။ အောင်မြင်ဖြစ်ထွန်းမည်။ အိမ်ထောင်ရေးတွင် နားလည်မှုလွဲတတ်သည်။ စွပ်စွဲခံရတတ်သည်။

အိမ်ထောင်ဖက်အား ကတိအမျိုးမျိုး ပေးရတတ်သည်။ စကားနည်း၊ ရန်စဲသောကာလ ဖြစ်သည်။ ပညာရှာနေသူများသူစိမ်းတစ်ရံများ၏ ပညာရေးထောက်ပံ့မှုများ ကြုံရမည်။ အေးချမ်းစွာ ပညာသင်ဖြစ်မည်။ နိုင်ငံရပ်ခြား ဘာသာစာပေတွင် ပိုမိုထူးချွန် မည်။

အချစ်ရေးနားမလည်အောင်ဖြစ်နေမည်။ အေးစက်နေမည်။ ဖူးစာရေးနတ် အိပ်ပျော်နေသလားထင်ရမည်။ နှလုံးရောဂါရှိသူများအနားရှိ မသိနားမလည်သူတို့၏ အနေအထိုင်မတတ်မှုကြောင့် နှလုံးရောဂါတိုးနိုင်သည်။ ကျန်းမာရေးကြောင့်စိတ်မတည်ငြိမ်၊ စိတ်ဆင်းရဲမှု ခံရတတ်သည်။

အကျိုးပေးဂဏန်း ၄/၅/၉ အထူးဟော အခက်အခဲများကြားက အောင်မြင်မှုတွေရတတ်ပါတယ်။ ယတြာ ပြောင်းဖူးလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

အဂၤါ

ယခုကာလအတွင်း နိုင်ငံရပ်ခြားနှင့် ပူးပေါင်းလုပ်ငန်းများ အောင်မြင်မည်။ ဆရာများနှင့် နားလည်မှုလွဲနေ မည်။ မိဘများ၏ ဂရုစိုက်မှုခံရမည်။ ကံံကောင်းသောအချိန်ဖြစ်သည်။ ကြိုးစားလျှင် ကြိုးစားသလောက် အခွင့် အရေးရ သောအချိန်ဖြစ်သည်။

သင်သည်အလုပ် အရမ်းရှုပ်နေမည်။ စက်ပစ္စည်းများ၊ တပည့်အလုပ်သမားများ အတွက် ရင်းနှီးမြှပ်နှံဖြစ်မည်။ ဌာနဆိုင်ရာများနှင့် အကျိုးတူလုပ်ငန်းများ အောင်မြင်မည်။ ကျောက်မျက်ရတနာ များ နှင့် ယာဉ်၊ကားများအတွက် အရင်းအနှီးများ၍ ငွေမြုပ်နေမည်။

ဝန်ထမ်းဆို ကြိုးစားမှုကြောင့်ရာထူးတူများကို ကျော်တတ်သွားမည်။ မိမိ ကြိုးစားမှုအတွက် ဂုဏ်ပြုခံရမည်။ ခါးအနည်းငယ်နာရုံမှတပါး ကျန်းမာရေးကောင်းသောကာလဖြစ်သည်။ အစားလွန်ကဲ၍ ရင်ပြည့်ရင်ကယ် ဖြစ်မည်။

အေးတိအေးစက်နိုင်သော အိမ်ထောင်ရေး ကာလ ဖြစ်သော်လည်း နားလည်မှုရှိနေမည်။ မိသားစု၊ ဆွေမျိုးကိစ္စများ တိုင်ပင်ပြုလုပ်ပြီးမှဆောင်ရွက်ပါ။ နှစ်ဖက် သောမိဘများ၏ ကျန်းမာရေးအတွက် ပူပန်ရမည်။

အချစ်ရေးထက် စီးပွားရေး၊ ပညာရေးတို့ကို ဂရုစိုက်နေ၍ တိုးတိုးတိတ်တိတ်သာ ချစ်နေရမည်။ မျက်လုံးချင်းစကားပြောပြီး အတူတူ စားသောက်နေရသော်လည်း ရင်ထဲက အချစ်ကို ထုတ်မပြောမိ၊ လျှို့ဝှက်နေဖြစ်မည်။ ပညာရေးအပေါ် ကြိုးစားမှုတွေကို ဒီထက်ပိုဝီရိယထားလိုက်ပါ။

အကျိုးပေးဂဏန်း ၆/၅/၃ အထူးဟော အပြောင်းအလဲဖြင့် တိုးတတ်မည်။ ယတြာ ပေါက်ဆီဘုရားကပ်လှူလိုက်ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလမှာခရီးသွားလုပ်ငန်းအောင်မြင်မည်။ကုန်သွယ်စီးပွားတွေ သိသိသာသာအမြတ်အစွန်းများလာတတ် သည်။ အိမ်ထောင်ဖက်သည် သူ့အလုပ်နှင့်သူ အလွန်အလုပ်များနေ မည်။ အိမ်မှာရှိစဉ် ဆူဆူပူပူနှင့် အစစအရာရာသည်း ခံနေရမည်။

တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသူတို့ကဲ့သို့ိ ပါဝါ အာဏာပြနေမည်။ သို့သော်အစစ တာဝန် ကျေပွန်နေသူဖြစ်၍ တင့်တယ်သော အိမ်ထောင်ရေးဖြစ်သည်။ အလုပ် မျိုးစုံ ကို ချိန်ရွယ်လုပ်ကိုင်နေဖြစ်မည်။

သို့သော် ဘာလုပ်ငန်းကို အဓိကလုပ်သည်ဟု ခေါင်းစဉ်တပ်မရ၊ ဘာလုပ် ရမှန်းမသိဖြစ်တတ်သည်။ ကံံစမ်းတဲ့ အလုပ်များ၊လောင်းကစားအလုပ်များ ရှောင်သင့်သည်။ အထက်လူကြီး၊ ဆရာမိဘတို့၏ ငြိုငြင်မှု ဆူပူမှုခံရ တတ်သည်။

၎င်းတို့နှင့် ဆိုင်သောအလုပ်များကို သတိထားလုပ်ကိုင်သင့်သည်။ ပညာရေးတွင် ဝါသနာပါသော အနုပညာဆိုင်ရာများကို ပိုမိုလေ့လာဖြစ်မည်။ ကျောင်းစာ၊ သင်တန်းစာ အားနည်း မည်။ အချစ်ရေးတွင်အရမ်းချစ် ချင်နေမည်။

မိမိကို နှစ်နှစ်ကာကာ အသည်းထိ စွဲငြိအောင်ချစ်တတ်သူကို အရမ်း မျှော်နေ မိမည်။ အခွင့်အရေး သမားတွေသာ ပတ်ချာဝိုင်းနေပြီး အချစ်တုများနှင့် တွေ့တတ်သည်။ ချွန်ထက်သော အရာများ၏ ထိခိုက်မှုကြောင့် သွေးထွက်သံယိုဖြစ်တတ်သည်။ ယာဉ်ကားပေါ်မှ ပြုတ်ကျတတ်သည်။ ခြေထောက် ကွဲရှမှု ကြုံနိုင်ပါသည်။

အကျိုးပေးဂဏန်း ဝ/၆/၈ အထူးဟော ကံအညံ့အဆိုးလေးတွေရောပါနေတတ်ပါတယ်။ ယတြာ နာနတ်သီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လူမျိုးခြား သွေးနှောသူတို့ိ၏ ဂရုစိုက်မှု၊ ချစ်ခင်မှုကို ရရှိမည်။ ကိုယ်တိုင်ဦးဆောင် လုပ်သောအလုပ်များ အရှုံးပေါ်တတ်သည်။ သူတစ်ပါးကို မှီခို၍ စီးပွား ရှာနေရမည်။လူပေါင်းမှား၊ ဆုံးဖြတ်ချက် မှားတတ်၍

သူတစ်ပါးကြောင့် နာမည်သိက္ခာထိခိုက်တတ်ခြင်း၊ အလုပ်ထိခိုက်ခြင်းများဖြစ်မည်။ ပူးတွဲလုပ်သူတို့၏ အနှောက် အယှက်ပေးခြင်းများကြုံမည်။ မည်မျှပင်ကျယ်ပြန့်သော ပတ်ဝန်းကျင်ရှိစေကာမူ တစ်သီး တစ်သန့် ဖြစ်နေမည်။ နှုတ်ပြောကောင်း၍ အခွင့်အရေးအသစ်များရမည်။

ဆက်ဆံရေးကောင်းမွန် နေမည်။ ဆရာများ၊ ပညာရှင်များ၊ ငွေရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖြစ်မည်။ သာသာယာယာ အိမ်တွင်းရေးဖြစ်နေမည်။ မိသားစုတာဝန် များကို ကျေနပ်ပျော်ရွှင်စွာ ထမ်းဆောင်ပေးခြင်းဖြစ်မည်။

စားကောင်းသောက်ဖွယ်များကို မိသားစုစုံလင်စွာ စားသောက် ဖြစ်မည်။ အဝေး ရောက် သားသမီးတွေဆီကအထောက်အပံ့များရမည်။ လေးနက် ခက်ခဲသော ပညာရပ်များကို လေ့လာဖြစ်မည်။ ဘာသာခြားစကားများ သင်လျှင် လွယ်ကူစွာတတ်မြောက်မည်။

ကျောင်းစာအားနည်းနေမည်။ ချစ်သူ၏ ချစ်ခင် ယုယမှုကို ခံရပေမယ့် မိဘများ သဘောမတူမှုကြောင့် ခိုးတွေ့နေ ဖြစ်မည်။ ကျန်းမာရေးဒူးခေါင်းနာတတ်သည်။ အမြင့်တတ်လျှင် သတိထားသင့်သည်။

အကျိုးပေးဂဏန်း ၁/၇/၅ အထူးဟော ကံအကောင်းအဆိုး ဒွံန်တွဲနေမည်။ ယတြာ အုန်းနို့ ဆန်ပြုတ် ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွင်းအလကားနေရင်း စိတ်ညစ်ညူးနေမည်။ အလုပ်အကိုင် အဆင်ပြေသော်လည်း အပိုကိစ္စ များကြောင့် စိတ်တိုင်းမကျဖြစ်နေမည်။ အဆောက်အဦး၊ အိမ်၊ ခြံ၊ မြေ၊ စိုက်ပျိုးရေး လုပ်ငန်းများ အကျိုးဖြစ်ထွန်း မည်။ အခါခပ်သိမ်း စိတ်မတိုပါနှင့်။

အသေးအဖွဲ့ကိစ္စများကြောင့် စိတ်ပူပန်နေရမည်။ စိတ်ရှည်သည်းခံ၍ လုပ်ကိုင် ပါက မုချအောင်မြင် မည်။ ပတ်ဝန်းကျင်ကို စိတ်ကုန်နေမည်။ ငယ်သူများအတွက် စိတ်ပူပန်နေရမည်။ အပြင် သွားရင်း ပစ္စည်းတစ်ခုခုမေ့ကျန်တတ်သည်။ ပညာရေးတွင် သင်ယူလိုစိတ်များ အပြည့်အဝရှိနေမည်။

အဆင့်မြင့် စာမေးပွဲ များ အောင်မြင်မည်။ တရားထိုင်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ကြုံရမည်။ ကျန်းမာရေး ကောင်းနေမည်။ ဘေး အန္တရာယ်ကြီးတွေမရှိပါ။ လေအောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ တစ်ကြိမ်တစ်ခါရှိမည်။

အိမ်တွင်နေသော် အကောင်း ခရီးသွားကာမှ လမ်းတွင် နေမကောင်းဖြစ်တတ်သည်။ ချစ်သူနှင့် ဆုံတွေ့ချိန် အခြားတစ်ပါးသို့ စိတ်ရောက်နေသော ကြောင့် ချစ်သူကငြူစူ မည်။ အချစ်ရေးထက် အခြားကိစ္စများကို အချိန်ပေးနေရမည်။

အိမ်ထောင်ရှင်များ မတည့် အတူနေ ပူညံပူညံ ဖြစ်နေမည်။ သူစိမ်းတစ်ဦးအကြောင်းကို ပြောဆိုခြင်းမှ အစပြု၍ အခြေအတင်ဖြစ်မည်။

အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော စိတ်ညစ်တာတွေဖြေလျော့ပြီး အလုပ်အာရုံစိုက်ပါ။ ယတြာ ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးဆောင်ရွက်ပါ။

စေန

ဒီကာလအတွင်းယာဉ်၊ ကား၊ စက်ပစ္စည်းများ နစ်နာချို့ယွင်းမှုရှိမည်။ ငွေကစားသောလုပ်ငန်းများ၊ စာအုပ်၊ စာပေလုပ်ငန်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ လုပ်ငန်းကိစ္စဖြင့် ခရီးထွက်ရမည်။ လူမျိုးခြားတစ်ဦးက ပစ္စည်း တစ်ခုခု လက်ဆောင်ပေးလိမ့်မည်။

အပေါင်းအသင်း၊ အိမ်နီးနားချင်းတို့က မိမိအတင်းပြောလိမ့်မည်။ လုပ်ဖေါ်ကိုင် ဖက် များကြောင့် လုပ်ငန်းထိခိုက်လိမ့်မည်။ ချစ်သူဟောင်း(သို့မဟုတ်) လူယုံ၏မရိုးသားမှု ကြောင့် နစ်နာမည်။ သို့သော်မိမိ၏ကျွမ်းကျင်မှုကြောင့် စီးပွားရေးပုံမှန်ပြန်ဖြစ်မည်။

ဆုံးရှုံးမှုနောက်ကွယ်မှ အကျိုးအမြတ်ပြန်ရမည်။ ပညာရေးတွင် ကြိုးစားသလောက် အကျိုးခံစားရမည်။ မရောက်ဖူး သောအရပ်ဒေသများ၌ မသင်ဖူးသောပညာ ရပ်များ သွားရောက်သင်ကြားရမည်။ ရပ်ဝေးခရီးနှင့်သက်ဆိုင်သော အင်တာဗျူးဖြေဆိုခြင်းများ အောင်မြင်လိမ့် မည်။

ကျန်းမာရေးတွင် အချဉ်၊ အစပ်၊ လွန်ကဲစွာစားမိခြင်းကြောင့် ဝမ်းပျက်လိမ့်မည်။ မတော်တဆ ထိခိုက်မှုကြုံနိုင်သည်။ အချစ် ရေးတွင် ယုံမှတ်မိခဲ့သည်နှင့် ကွဲလွဲနေသောကြောင့် ချစ်သူချင်း လမ်းခွဲရခြင်းကြုံမည်။

နှစ်ဦးသား သံသယများနှင့် ရှုတ်ထွေးနေမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးသောကကြုံမည်။ တစ်ဦးနှင့်တစ်ဦး အပြစ်ရှာနေသလို ကြုံနေရမည်။ အနေဝေးသော အိမ်ထောင်ရှင်များ ပြဿနာမရှိပါ။

အကျိုးပေးဂဏန်း ၂/၃/၇ အထူးဟော ကျန်းမာရေး အနည်းငယ်ဂရုစိုက်ပါ ယတြာ ကြာဆံကြော်ပြီး အိမ်နီးနားချင်းတွေဝေပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Unicode

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း (9.7.2020 မှ 15.7.2020 အထိ)

တနင်္ဂင်္နွေ

ဒီကာလအတွင်းယုံကြည်အားကိုးရသော တပည့်ကောင်းများ ရရှိမည်။ ဆွေမျိုးများနှင့် စပ်၍လည်း ကောင်း ကျိုး ရသောအချိန်ဖြစ်သည်။ လုံ့လ၊ ဝီရိယနည်းနေမည်။ အဝေးရောက်နေသူများ၏ ချစ်မြတ်နိုးမှုကို ခံရတတ်သည်။

ပတ်ဝန်းကျင်ရှိ ရွွယ်တူများ၏ အထင်သေးမှုကို ခံရတတ်သည်။ အထီးကျန်သောအချိန်ဖြစ်သည်။စီးပွားရေး ကံကောင်း သော အချိန်ကာလဖြစ်သည်။ လုပ်ငန်းရှင်များ၊ ငွေရှင်များ၏ ယုံကြည်အားကိုးမှု၊ လက်လွှဲခံရမှုရသော အချိန်ကာလဖြစ်သည်။

စက်မှုဆိုင်ရာအလုပ်များ၊ လျှပ်စစ်စွမ်းအင်အလုပ်များ၊ ဆက်သွယ်ရေးအလုပ်များ အစစ အရာရာကောင်းမွန်နေမည်။ ဆေးစားမှားမည်။ အလှဆီများကို လွန်ကဲမှားယွင်းစွာ သုံးမှုကြောင့် အရေပြား ယားယံမည်။ ဒူးနာ၊ ခါးနာမည်။

အိမ်ထောင်ဖက်၏ ပြောဆိုမှုကို သည်းခံနိုင်မှ သို့မဟုတ်လျှင် စကားများ ရန်ဖြစ်ရတတ်သည်။ ပြောသမျှ အင်းလိုက်၍ ကိုယ့်အလုပ်ကိုယ် လုပ်နေပါက အိမ်ထောင်ဖက်၏ ချစ်ခင်အားကိုးမှုကိုရရှိမည်။

အချစ်ရေးတွင် ချစ်သူကကိုယ့်အပေါ်အရာရာအားကိုးနေတတ်သည်။ပညာရေးတွင် နားလည်သလိုလိုနဲ့ မသိဘဲဖြစ် နေရတတ်သည်။ နားလည်ပြီးသားများ မေ့ပျောက် သွားမည်။ ပညာရေးနှင့် ပတ်သက်၍ ဆူပူမှု ခံရတတ်သည်။ အရေး၊ အဖတ်၊ အတွက်များတော်မည်။

အကျိုးပေးဂဏန်း ၁/၄/၃ အထူးဟော အိမ်တွင်းရေးအနည်းငယ်အားနည်းမည်။ ယတြာ ဝက်သားနဲ့အာလူးဟင်း ချက်ပြီး ရဟန်းသံဃာတွေကိုဆွမ်းလောင်းပါ။

တနင်္လင်္ာ

ဒီကာလအတွင်းငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများတွင်ကောင်းသောတိုးတတ်မှုများ အခိုင်အမာဖြစ်ထွန်းခြင်း၊ မူလဆက်ဆံမှုမရှိသော သူများနှင့်ဆက်ဆံရခြင်းများရှိမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။

အဆက် အသွယ်ပြတ်တောက်မှုများ၊ စာရင်းရှုပ်ထွေးမှု၊ ငွေကြေးလွဲဲမှားမှု၊ စာချုပ်ရက်လွွန်မှု စသော အခက်အခဲများကြုံပြီး မကြာမီပြန်ကောင်းလာမည်။ မြုပ်ကွယ်နေသောအရာများ ပြန်လည်ထွက်ပေါ်လာမည်။

ရင်းနှီးမြှပ်နှံမှုများမှ အကျိုးအမြတ်ရလာမည်။ ကိုယ်တိုင်ဆုံးဖြတ်မှုထက် ဆရာများ၊ အကြီးအကဲများ၏ ညွှန်ကြားမှုအတိုင်း ပြုလုပ်ပါ။ အောင်မြင်ဖြစ်ထွန်းမည်။ အိမ်ထောင်ရေးတွင် နားလည်မှုလွဲတတ်သည်။ စွပ်စွဲခံရတတ်သည်။

အိမ်ထောင်ဖက်အား ကတိအမျိုးမျိုး ပေးရတတ်သည်။ စကားနည််း၊ ရန်စဲသောကာလ ဖြစ်သည်။ ပညာရှာနေသူများသူစိမ်းတစ်ရံများ၏ ပညာရေးထောက်ပံ့မှုများ ကြုံရမည်။ အေးချမ်းစွာ ပညာသင်ဖြစ်မည်။ နိုင်ငံရပ်ခြား ဘာသာစာပေတွင် ပိုမိုထူးချွန် မည်။

အချစ်ရေးနားမလည်အောင်ဖြစ်နေမည်။ အေးစက်နေမည်။ ဖူးစာရေးနတ် အိပ်ပျော်နေသလားထင်ရမည်။ နှလုံးရောဂါရှိသူများအနားရှိ မသိနားမလည်သူတို့၏ အနေအထိုင်မတတ်မှုကြောင့် နှလုံးရောဂါတိုးနိုင်သည်။ ကျန်းမာရေးကြောင့်စိတ်မတည်ငြိမ်၊ စိတ်ဆင်းရဲမှု ခံရတတ်သည်။

အကျိုးပေးဂဏန်း ၄/၅/၉ အထူးဟော အခက်အခဲများကြားက အောင်မြင်မှုတွေရတတ်ပါတယ်။ ယတြာ ပြောင်းဖူးလေးကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း နိုင်ငံရပ်ခြားနှင့် ပူးပေါင်းလုပ်ငန််းများ အောင်မြင်မည်။ ဆရာများနှင့် နားလည်မှုလွဲနေ မည်။ မိဘများ၏ ဂရုစိုက်မှုခံရမည်။ ကံံကောင်းသောအချိန်ဖြစ်သည်။ ကြိုးစားလျှင် ကြိုးစားသလောက် အခွင့် အရေးရ သောအချိန်ဖြစ်သည်။

သင်သည်အလုပ်် အရမ်းရှုပ်နေမည်။ စက်ပစ္စည်းများ၊ တပည့်အလုပ်သမားများ အတွက် ရင်းနှီးမြှပ်နှံဖြစ်မည်။ ဌာနဆိုင်ရာများနှင့် အကျိုးတူလုပ်ငန််းများ အောင်မြင်မည်။ ကျောက်မျက်ရတနာ များ နှင့် ယာဉ်၊ကားများအတွက် အရင်းအနှီးများ၍ ငွေမြုပ်နေမည်။

ဝန်ထမ်းဆို ကြိုးစားမှုကြောင့်ရာထူးတူများကို ကျော်တတ်သွားမည်။ မိမိ ကြိုးစားမှုအတွက် ဂုဏ်ပြုခံရမည်။ ခါးအနည်းငယ်နာရုံမှတပါး ကျန်းမာရေးကောင်းသောကာလဖြစ်သည်။ အစားလွန်ကဲ၍ ရင်ပြည့်ရင်ကယ် ဖြစ်မည်။

အေးတိအေးစက်နိုင်သော အိမ်ထောင်ရေး ကာလ ဖြစ်သော်လည်း နားလည်မှုရှိနေမည်။ မိသားစု၊ ဆွေမျိုးကိစ္စများ တိုင်ပင်ပြုလုပ်ပြီးမှဆောင်ရွက်ပါ။ နှစ်ဖက် သောမိဘများ၏ ကျန်းမာရေးအတွက် ပူပန်ရမည်။

အချစ်ရေးထက် စီးပွားရေး၊ ပညာရေးတို့ကို ဂရုစိုက်နေ၍ တိုးတိုးတိတ်တိတ်သာ ချစ်နေရမည်။ မျက်လုံးချင်းစကားပြောပြီး အတူတူ စားသောက်နေရသော်လည်း ရင်ထဲက အချစ်ကို ထုတ်မပြောမိ၊ လျှို့ဝှက်နေဖြစ်မည်။ ပညာရေးအပေါ် ကြိုးစားမှုတွေကို ဒီထက်ပိုဝီရိယထားလိုက်ပါ။

အကျိုးပေးဂဏန်း ၆/၅/၃ အထူးဟော အပြောင်းအလဲဖြင့် တိုးတတ်မည်။ ယတြာ ပေါက်ဆီဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမှာခရီးသွားလုပ်ငန်းအောင်မြင်မည်။ကုန်သွယ်စီးပွားတွေ သိသိသာသာအမြတ်အစွန်းများလာတတ် သည်။ အိမ်ထောင်ဖက်သည် သူ့အလုပ်နှင့်သူ အလွန်အလုပ်များနေ မည်။ အိမ်မှာရှိစဉ် ဆူဆူပူပူနှင့် အစစအရာရာသည်း ခံနေရမည်။

တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသူတို့ကဲ့သို့ ပါဝါ အာဏာပြနေမည်။ သို့သော်အစစ တာဝန် ကျေပွန်နေသူဖြစ်၍ တင့်တယ်သော အိမ်ထောင်ရေးဖြစ်သည်။ အလုပ် မျိုးစုံ ကို ချိန်ရွယ်လုပ်ကိုင်နေဖြစ်မည်။

သို့သော် ဘာလုပ်ငန်းကို အဓိကလုပ်သည်ဟု ခေါင်းစဉ်တပ်မရ၊ ဘာလုပ် ရမှန်းမသိဖြစ်တတ်သည်။ ကံံစမ်းတဲ့ အလုပ်များ၊လောင်းကစားအလုပ်များ ရှောင်သင့်သည်။ အထက်လူကြီး၊ ဆရာမိဘတို့၏ ငြိုငြင်မှု ဆူပူမှုခံရ တတ်သည်။

၎င်းတို့နှင့် ဆိုင်သောအလုပ်များကို သတိထားလုပ်ကိုင်သင့်သည်။ ပညာရေးတွင် ဝါသနာပါသော အနုပညာဆိုင်ရာများကို ပိုမိုလေ့လာဖြစ်မည်။ ကျောင်းစာ၊ သင်တန်းစာ အားနည်း မည်။ အချစ်ရေးတွင်အရမ်းချစ် ချင်နေမည်။

မိမိကို နှစ်နှစ်ကာကာ အသည်းထိ စွဲငြိအောင်ချစ်တတ်သူကို အရမ်း မျှော်နေ မိမည်။ အခွင့်အရေး သမားတွေသာ ပတ်ချာဝိုင်းနေပြီး အချစ်တုများနှင့် တွေ့တတ်သည်။ ချွန်ထက်သော အရာများ၏ ထိခိုက်မှုကြောင့် သွေးထွက်သံယိုဖြစ်တတ်သည်။ ယာဉ်ကားပေါ်မှ ပြုတ်ကျတတ်သည်။ ခြေထောက် ကွဲရှမှု ကြုံနိုင်ပါသည်။

အကျိုးပေးဂဏန်း ၀/၆/၈ အထူးဟော ကံအညံ့အဆိုးလေးတွေရောပါနေတတ်ပါတယ်။ ယတြာ နာနတ်သီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လူမျိုးခြား သွေးနှောသူတို့၏ ဂရုစိုက်မှု၊ ချစ်ခင်မှုကို ရရှိမည်။ ကိုယ်တိုင်ဦးဆောင် လုပ်သောအလုပ်များ အရှုံးပေါ်တတ်သည်။ သူတစ်ပါးကို မှီခို၍ စီးပွား ရှာနေရမည်။လူပေါင်းမှား၊ ဆုံးဖြတ်ချက် မှားတတ်၍

သူတစ်ပါးကြောင့် နာမည်သိက္ခာထိခိုက်တတ်ခြင်း၊ အလုပ်ထိခိုက်ခြင်းများဖြစ်မည်။ ပူးတွဲလုပ်သူတို့၏ အနှောက် အယှက်ပေးခြင်းများကြုံမည်။ မည်မျှပင်ကျယ်ပြန့်သော ပတ်ဝန်းကျင်ရှိစေကာမူ တစ်သီး တစ်သန့် ဖြစ်နေမည်။ နှုတ်ပြောကောင်း၍ အခွင့်အရေးအသစ်များရမည်။

ဆက်ဆံရေးကောင်းမွန် နေမည်။ ဆရာများ၊ ပညာရှင်များ၊ ငွေရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖြစ်မည်။ သာသာယာယာ အိမ်တွင်းရေးဖြစ်နေမည်။ မိသားစုတာဝန် များကို ကျေနပ်ပျော်ရွှင်စွာ ထမ်းဆောင်ပေးခြင်းဖြစ်မည်။

စားကောင်းသောက်ဖွယ်များကို မိသားစုစုံလင်စွာ စားသောက် ဖြစ်မည်။ အဝေး ရောက် သားသမီးတွေဆီကအထောက်အပံ့များရမည်။ လေးနက်် ခက်ခဲသော ပညာရပ်များကို လေ့လာဖြစ်မည်။ ဘာသာခြားစကားများ သင်လျှင် လွယ်ကူစွာတတ်မြောက်မည်။

ကျောင်းစာအားနည်းနေမည်။ ချစ်သူ၏ ချစ်ခင် ယုယမှုကို ခံရပေမယ့် မိဘများ သဘောမတူမှုကြောင့် ခိုးတွေ့နေ ဖြစ်မည်။ ကျန်းမာရေးဒူးခေါင်းနာတတ်သည်။ အမြင့်တတ်လျှင် သတိထားသင့်သည်။

အကျိုးပေးဂဏန်း ၁/၇/၅ အထူးဟော ကံအကောင်းအဆိုး ဒွံန်တွဲနေမည်။ ယတြာ အုန်းနို့ ဆန်ပြုတ် ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလအတွွင်းအလကားနေရင်း စိတ်ညစ်ညူးနေမည်။ အလုပ်အကိုင် အဆင်ပြေသော်လည်း အပိုကိစ္စ များကြောင့် စိတ်တိုင်းမကျဖြစ်နေမည်။ အဆောက်အဦး၊ အိမ်၊ ခြံ၊ မြေ၊ စိုက်ပျိုးရေး လုပ်ငန်းများ အကျိုးဖြစ်ထွန်း မည်။ အခါခပ်သိမ်း စိတ်မတိုပါနှင့်။

အသေးအဖွဲ့ကိစ္စများကြောင့် စိတ်ပူပန်နေရမည်။ စိတ်ရှည်သည်းခံ၍ လုပ်ကိုင် ပါက မုချအောင်မြင် မည်။ ပတ်ဝန်းကျင်ကို စိတ်ကုန်နေမည်။ ငယ်သူများအတွက် စိတ်ပူပန်နေရမည်။ အပြင် သွားရင်း ပစ္စည်းတစ်ခုခုမေ့ကျန်တတ်သည်။ ပညာရေးတွင် သင်ယူလိုစိတ်များ အပြည့်အဝရှိနေမည်။

အဆင့်မြင့် စာမေးပွဲ များ အောင်မြင်မည်။ တရားထိုင်ခြင်း၊ အဓိဌာန်ဝင်ခြင်းများ ကြုံရမည်။ ကျန်းမာရေး ကောင်းနေမည်။ ဘေး အန္တရာယ်ကြီးတွေမရှိပါ။ လေအောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ တစ်ကြိမ်တစ်ခါရှိမည်။

အိမ်တွင်နေသော် အကောင်း ခရီးသွားကာမှ လမ်းတွင် နေမကောင်းဖြစ်တတ်သည်။ ချစ်သူနှင့် ဆုံတွေ့ချိန် အခြားတစ်ပါးသို့ စိတ်ရောက်နေသော ကြောင့် ချစ်သူကငြူစူ မည်။ အချစ်ရေးထက် အခြားကိစ္စများကို အချိန်ပေးနေရမည်။

အိမ်ထောင်ရှင်များ မတည့် အတူနေ ပူညံပူညံ ဖြစ်နေမည်။ သူစိမ်းတစ်ဦးအကြောင်းကို ပြောဆိုခြင်းမှ အစပြု၍ အခြေအတင်ဖြစ်မည်။

အကျိုးပေးဂဏန်း ၁/၂/၆ အထူးဟော စိတ်ညစ်တာတွေဖြေလျော့ပြီး အလုပ်အာရုံစိုက်ပါ။ ယတြာ ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးဆောင်ရွက်ပါ။

စနေ

ဒီကာလအတွင်းယာဉ်၊ ကား၊ စက်ပစ္စည်းများ နစ်နာချို့ယွင်းမှုရှိမည်။ ငွေကစားသောလုပ်ငန်းများ၊ စာအုပ်၊ စာပေလုပ်ငန်းများမှ အကျိုးအမြတ်ဖြစ်ထွန်းမည်။ လုပ်ငန်းကိစ္စဖြင့် ခရီးထွက်ရမည်။ လူမျိုးခြားတစ်ဦးက ပစ္စည်း တစ်ခုခု လက်ဆောင်ပေးလိမ့်မည်။

အပေါင်းအသင်း၊ အိမ်နီးနားချင်းတို့က မိမိအတင်းပြောလိမ့်မည်။ လုပ်ဖေါ်ကိုင် ဖက် များကြောင့် လုပ်ငန်းထိခိုက်လိမ့်မည်။ ချစ်သူဟောင်း(သို့မဟုတ်) လူယုံ၏မရိုးသားမှု ကြောင့် နစ်နာမည်။ သို့သော်မိမိ၏ကျွမ်းကျင်မှုကြောင့် စီးပွားရေးပုံမှန်ပြန်ဖြစ်မည်။

ဆုံးရှုံးမှုနောက်ကွယ်မှ အကျိုးအမြတ်ပြန်ရမည်။ ပညာရေးတွင် ကြိုးစားသလောက်် အကျိုးခံစားရမည်။ မရောက်ဖူး သောအရပ်ဒေသများ၌ မသင်ဖူးသောပညာ ရပ်များ သွားရောက်သင်ကြားရမည်။ ရပ်ဝေးခရီးနှင့်သက်ဆိုင်သော အင်တာဗျူးဖြေဆိုခြင်းများ အောင်မြင်လိမ့် မည်။

ကျန်းမာရေးတွင် အချဉ်၊ အစပ်၊ လွန်ကဲစွာစားမိခြင်းကြောင့် ဝမ်းပျက်လိမ့်မည်။ မတော်တဆ ထိခိုက်မှုကြုံနိုင်သည်။ အချစ် ရေးတွင် ယုံမှတ်မိခဲ့သည်နှင့် ကွဲလွဲနေသောကြောင့် ချစ်သူချင်း လမ်းခွဲရခြင်းကြုံမည်။

နှစ်ဦးသား သံသယများနှင့် ရှုတ်ထွေးနေမည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေးသောကကြုံမည်။ တစ်ဦးနှင့်တစ်ဦး အပြစ်ရှာနေသလို ကြုံနေရမည်။ အနေဝေးသော အိမ်ထောင်ရှင်များ ပြဿနာမရှိပါ။

အကျိုးပေးဂဏန်း ၂/၃/၇ အထူးဟော ကျန်းမာရေး အနည်းငယ်ဂရုစိုက်ပါ ယတြာ ကြာဆံကြော်ပြီး အိမ်နီးနားချင်းတွေဝေပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top