[Zawgyi]
အိမ်သုံး မီတာသုံးစွဲခွင့် ဇူလိုင် (၁၅) ရက်အထိ ၇၅ ယူနစ် ထပ်မံ လျော့ပေါ့ပေး
အိမ်သုံးမီတာ သုံးစွဲသူများအတွက် ဇူလိုင် ၁၅ ရက်အထိ လျှပ်စစ် သုံးစွဲခကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယူနစ် ၇၅ အခမဲ့ သုံးစွဲခွင့်ပြုကြောင်း ယမန်နေ့ (ဇူလိုင် ၁၀ ရက်)က ကြေညာခဲ့သည်။ဇွန်လ တစ်လလုံးအတွက် အိမ်သုံးမီတာသုံးစွဲခွင့်ကို ၁၅၀ ယူနစ် အခမဲ့သုံး စွဲခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ အစိုးရမှ COVID-19 ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ရက်တိုးသတ်မှတ်ခဲ့သည့်အတွက် ဇူလိုင်လ ၁၅ ရက်အထိ ၇၅ ယူနစ်ထပ်မံအခမဲ့ သုံးစွဲခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့် အထက် သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်ချက် နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြု ခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင် ရမည်ဖြစ်သည်။
Credit စံတော်ချိန်
######################
[Unicode]