ယူသွားလို့မရတဲ့ ပစ္စည်းဥစ္စာကို ယူသွားလို့ရတဲ့ ကောင်းမှုကုသိုလ်နှင့်လည်း လဲသွားလိုက်ပါ
လောကမှာ သေချာစဉ်းစားကြည့်၊ လူတွေဟာ ပစ္စည်းဥစ္စာလဲ ရှာကြတယ်၊ တရားဓမ္မလဲ ရှာကြသလို
ကုသိုလ်ကောင်းမှုလဲ လုပ်ကြ တယ်။အဲဒီထဲမယ် ပစ္စည်းဥစ္စာ ရှာတဲ့သူက ပိုများတယ်၊ တရား ရှာတဲ့သူက နည်းတယ်။
အတိုင်းအတာ တစ်ခုစီ တွက်ချက်ပြီးတော့ ကြည့်၊ ရှာထားတဲ့ ပစ္စည်းဥစ္စာဟာ နှစ်ပေါင်း ဘယ်လောက်ကြာအောင်
သုံးနိုင်လဲ၊ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်။လူ့ရဲ့ သက်တမ်းဟာ ဒီကနေ့ခေတ် နှှစ် (၁၀၀) လောက်နဲ့ပဲ ပြောပါဦး၊
ကိုယ်ရှာထားတဲ့ ပစ္စည်းဟာ နှစ်(၁ဝဝ) မသုံးရဘူး၊ဘဝတစ်ခု အဆုံး သတ်သွားတာနဲ့
တစ်ပြိုင်နက် ဒါတွေအကုန် ထားပစ် ခဲ့ရတယ်။အဲတော့ အခုလို ဘဝတစ်ခု အဆုံးမသတ်ခင် လည်း
ကိုယ့်လက်ကနေ လွတ်သွားနိုင်တယ်၊ ဆုံးရှုံး သွားနိုင်တယ်။ဒါကြောင့်မို့ိ မြတ်စွာဘုရားက ဟောတာ၊ လောက
ပစ္စည်းတွေဆိုတာ “ပဟာယဂမနိယ” ထားပြီး သွားရတဲ့ ပစ္စည်းတွေချည်းပဲ၊
ယူသွားလို့ရတာ တစ်ခုမှ မရှိဘူး။ အဲတော့ကိုယ်ရှာသမျှ ပစ္စည်းဥစ္စာတွေဟာ ထားသွားရ မယ်။
ဒါဖြင့် ယူသွားလို့ ရတဲ့နည်း ရှိလားဆိုတော့ ဒီပစ္စည်းတွေကို အသုံးပြုပြီး လှူလိုက်တန်းလိုက်တဲ့ ကုသိုလ်
ကောင်းမှုကြောင့် ယူသွားလို့ရတယ်၊ ဒါကို ပြောတာ။အဲတော့ ယူသွား လို့ိ မရတဲ့ ပစ္စည်းနဲ့
ယူသွား လို့ ရတဲ့ပစ္စည်း လဲလိုက်တာပဲပေါ့။
ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
Unicode Version
ယူသွားလို့့မရတဲ့ ပစ္စည်းဥစ္စာကို ယူသွားလို့ရတဲ့ ကောင်းမှုကုသိုလ််နှင့်လည်း လဲသွားလိုက်ပါ
လောကမှာ သေချာစဉ်းစားကြည့်၊ လူတွွေဟာ ပစ္စည်းဥစ္စာလဲ ရှာကြတယ်၊ တရားဓမ္မလဲ ရှာကြသလို
ကုသိုလ်ကောင်းမှုလဲ လုပ်ကြ တယ်။အဲဲဒီထဲမယ် ပစ္စည်းဥစ္စာ ရှာတဲ့သူက ပိုများတယ်၊ တရား ရှာတဲ့သူက နည််းတယ်။
အတိုင်းအတာ တစ်ခုစီ တွက်ချက်ပြီးတော့ ကြည့်၊ ရှာထားတဲ့ ပစ္စည်းဥစ္စာဟာ နှစ်ပေါင်း ဘယ်လောက်ကြာအောင်
သုံးနိုင်လဲ၊ ကိုယ့််ကိုယ်ကို စဉ်းစားကြည့်။လူ့ရဲ့ သက်တမ််းဟာ ဒီကနေ့ခေတ် နှှစ် (၁၀၀) လောက်နဲ့ပဲဲ ပြောပါဦး၊
ကိုယ်ရှာထားတဲ့ ပစ္စည်းဟာ နှစ်(၁ဝဝ) မသုံးရဘူး၊ဘဝတစ်ခု အဆုံး သတ်သွားတာနဲ့ တစ်ပြိုိင်နက်
ဒါတွေအကုန် ထားပစ် ခဲ့ရတယ်။အဲတော့ အခုလို ဘဝတစ်ခု အဆုံးမသတ်ခင်် လည်း ကိုယ့်လက်ကနေ
လွတ်သွားနိုင်တယ်၊ ဆုံးရှုံး သွားနိုင်တယ်။ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ၊ လောက ပစ္စည်းတွေဆိုတာ
“ပဟာယဂမနိယ” ထားပြီး သွားရတဲ့ ပစ္စည်းတွေချည်းပဲ၊ယူသွားလို့ရတာ တစ်ခုမှ မရှိဘူး။ အဲတော့
ကိုယ်ရှာသမျှ ပစ္စည်းဥစ္စာတွေဟာ ထားသွားရ မယ်။ဒါဖြင့်် ယူသွားလို့ ရတဲ့နည်း ရှိလားဆိုတော့
ဒီပစ္စည်းတွေကို အသုံးပြုပြီး လှူလိုက်တန်းလိုက်တဲ့ ကုသိုလ်ကောင်းမှုကြောင့် ယူသွားလို့ရတယ်၊
ဒါကို ပြောတာ။အဲဲတော့ ယူသွား လို့ မရတဲ့ ပစ္စည်းနဲ့ ယူသွား လို့ ရတဲ့ပစ္စည်း လဲလိုက်တာပဲပေါ့။
ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ