ပရိသတ်ကြီးရေ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံလေးကတော့အောင်မြင်မှုတွေကိုယ်စီနဲ့ အနုပညာလမ်းကိုလျှောက်လှမ်းနေသူတွေပဲဖြစ်ပါတယ်။ အမွှာလေးနှစ်ယောက်နဲ့ပျော်စရာကမ္ဘာလေးကိုတည်ဆောက်ထားကြတဲ့လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ မိသားစုလေးက အရမ်းကိုကြည်နူးစရာကောင်းလွန်းတာကြောင့် ပရိသတ်တွေအားကျနေရတာပဲဖြစ်ပါတယ်။
ချစ်သုဝေတို့ဇနီးမောင်နှံကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို ဦးဆောင်ပြီး အခုလိုကူးစက်ရောဂါတွေပြန့်ပွားနေချိန်မှာ လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းမှုတွေပြုလုပ်လျှက်ရှိပါတယ်။အခုဆိုရင်လည်း ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ အုန်းချောင်းကျေးရွာတွင် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရအတွက် အလှူငွေများလှူဒါန်းပေးခဲ့တဲ့အကြောင်းလေးကို ချစ်သုဝေက “ ကုန်းလမ်းရေလမ်းဖြင့်သွားရသည့် ဧရာဝတီတိုင်း သဲကုန်းအုပ်စု ကျေးရွာ ၇ရွာအတွက် သားဖွားခန်းအပါကျေးလက်ဆေးခန်းလေး မှာအလွန်လိုအပ်လှသည့်ကျန်းမာရေးလိုအပ်ချက်ဖြစ်ပြီး တာဝန်ကျဆရာမလေးများ၏ လုပ်ငန်းခွင်လုံခြုံမှု, ကာကွယ်ဆေးထိုးခြင်း, သားဖွားခြင်း, ကျန်းမာရေးစောင့်ရှောက်မှူများပြုလုပ်နိုင်ခြင်း, ကျန်းမာရေးအသိပညာပေးဟောပြောပွဲများပြုလုပ်နိုင်ခြင်း အစရှိသည်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အလှူရှင်များအားလုံးစိတ်နှလုံးဝမ်းမြောက် ပီတိဖြစ်ရန်တင်ပြအပ်ပါသည်ရှင့်။
ခေတ်သစ် ဖောင်ဒေးရှင်းးအနေနဲ့ COVID 19ကာလအတွင်းကျန်ရှိသောအလူငွေလက်ကျန်အား ဧရာဝတီတိုင်း သဲကုန်းအုပ်စု အုန်းချောင်းကျေးရွာတွင် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန် ပုသိမ်ဆေးရုံအုပ်ကြီး ဆရာDr. သန်းမင်းထွဋ် အား ငွေကျပ်သိန်း၂၀၀ ပေးအပ်လှူဒါန်းပါသည်ရှင့် ”ဆိုပြီး သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးကို မျှဝေထာတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ချစ်သုဝေတို့ အလှူအတွက်သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..။
Source-Chit Thu Wai
Zawgyi
ဧရာဝတီတိုင်း အုန်းချောင်းကျေးရွာတွင် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန်အတွက် ငွေကျပ်သိန်း(၂၀၀)သွားရောက်လှူဒါန်းခဲ့တဲ့ ချစ်သုဝေတို့ဇနီးမောင်နှံ