ဧရာဝတီတိုင်းတွင် ကျေးလက်ဆေးပေးခန်းတည်ဆောက်ရန် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေမိသားစု ကျပ် သိန်း၂ဝဝလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ကျေးလက်ဆေးပေး ခန်း ဆောက် လုပ်ရန်အတွက် အဆိုတော်လင်းလင်းနှင့် ချစ်သူဝေတို့မိသားစုက ငွေကျပ်သိန်း၂ဝဝလှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းဆေးပေးခန်းတည်ဆောက်ရန်အတွက် ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး ဒေါက်တာသန်းမင်းထွဋ်ထံ ဇူလိူင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အဆိုတော်လင်းလင်း နှင့် ဇနီးဖြစ်သူ ချစ်သုဝေတို့လာရောက်လှူဒါန်းသွားခြင်းဖြစ်သည်။

“ခေတ်သစ် ဖောင်ဒေးရှင်းအနေဖြင့် COVID 19 ကာလအတွင်း ကျန်ရှိသောအလှူ ငွေလက်ကျန် အား ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံ လာရောက်လှူ ဒါန်းခဲ့တယ်” ဟု ချစ်သုဝေက ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ကုန်းလမ်း၊ ရေလမ်းနှင့် သွားလာရသည့် ဧရာဝတီတိုင်းဒေသကြီး ၊ သဲကုန်းအုပ်စု ကျေးရွာ ၇ ရွာတွက် သားဖွားခန်းပါဝင်သည့် ကျေးလက်ဆေးခန်း လိုအပ်သည့်အတွက် ကျန်းမာရေးလိုအပ်ချက်အရ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

TCM
Photo.Chit Thu Wai FB

#######################

ဧရာဝတီတိုင်းတွင် ကျေးလက်ဆေးပေးခန်းတည်ဆောက်ရန် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ မိသားစု ကျပ် သိန်း၂၀၀လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ကျေးလက်ဆေးပေး ခန်း ဆောက် လုပ်ရန်အတွက် အဆိုတော်လင်းလင်းနှင့် ချစ်သူဝေတို့မိသားစုက ငွေကျပ်သိန်း၂၀၀လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းဆေးပေးခန်းတည်ဆောက်ရန်အတွက် ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး ဒေါက်တာသန်းမင်းထွဋ်ထံ ဇူလိူင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက အဆိုတော်လင်းလင်း နှင့် ဇနီးဖြစ်သူ ချစ်သုဝေတို့လာရောက်လှူဒါန်းသွားခြင်းဖြစ်သည်။

“ခေတ်သစ် ဖောင်ဒေးရှင်းအနေဖြင့် COVID 19 ကာလအတွင်း ကျန်ရှိသောအလှူ ငွေလက်ကျန် အား ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံ လာရောက်လှူ ဒါန်းခဲ့တယ်” ဟု ချစ်သုဝေက ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ကုန်းလမ်း၊ ရေလမ်းနှင့် သွားလာရသည့် ဧရာဝတီတိုင်းဒေသကြီး ၊ သဲကုန်းအုပ်စု ကျေးရွာ ၇ ရွာတွက် သားဖွားခန်းပါဝင်သည့် ကျေးလက်ဆေးခန်း လိုအပ်သည့်အတွက် ကျန်းမာရေးလိုအပ်ချက်အရ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

TCM
Photo.Chit Thu Wai FB

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top