အိန္ဒိယ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ လူနာသစ် ၂၇၀၀၀ ကျော်တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ဇူလိုင် ၁၁ ရက်က ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂၇၁၁၄ ယောက်ရှိတယ်လို့ မှတ်တမ်းတင်ခဲ့ပြီး စုစုပေါင်းကူးစက်ခံ လူနာ ၈ သိန်း ၂ သောင်းကျော်ခဲ့ပါတယ်။

ကူးစက်ခံသေဆုံးသူ ၂၂၁၂၃ ယောက် ရှိလို့ နိုင်ငံတလွှားပြည်နယ် အများအပြားမှာ အသွား အလာပိတ်ဆို့ ကန့်သတ်ချက် လော့ဒေါင်းကို ဒေသန္တရ အာဏာပိုင်တွေက ပြန်ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ကူးစက်မှုဒဏ် အဆိုးဆုံးခံရတဲ့ ဒေလီနဲ့ မွမ်ဘိုင်းမြို့တွေကိုတော့ လော့ဒေါင်း မချခဲ့ပါဘူး။

ခုတော့ အိန္ဒိယဟာ အမေရိကန်နဲ့ဘရာဇီးပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ကူးစက်ခံနိုင်ငံ ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအခြေအနေကို ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက ပြန်လှန်သုံးသပ်နေပြီး အစည်းအဝေးကိုတော့ ပြည်ထဲရေး၊ကျန်းမာရေးဝန်ကြီးတွေနဲ့ ဗဟိုအစိုးရ အဖွဲ့တွင်း တခြားအကြီးတန်း အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

အစိုးရကတော့ သန်းချီတဲ့လူတွေ အလုပ်ပြန်လုပ်နိုင်ဖို့၊ ကပ်ရောဂါဘေးကြောင့် ကျဆင်းခဲ့ တဲ့ စီးပွားရေး စတင်နိုင်ဖို့ စိတ်အားထက်သန်နေတာပါ။

လူဦးရေ ၁ ဒဿမ ၃ ဘီလီယရှိတဲ့ အိန္ဒိယနိုင်ငံအတွင်း ၃လကြာ အသွားအလာ ပိတ်ဆို့မှု တင်းကြပ်ထားတာကို ဇွန်လက ပြန်ဖြေလျှော့ပေးခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ အသစ်ကူးစက်နှုန်း တိုးလာလို့ အကြီးစား စက်မှုမြို့တချို့ နဲ့ ပြည်နယ်တချို့မှာ ဒေသအလိုက် လော့ဒေါင်း ပြန်ချရမယ့် အနေအထား ရောက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top