ဆိုင်ကယ်တိုက်မှုကို၀င်ကူညီပေးနေစဉ်လက်သီးဖြင့်အထိုးခံရသူကို ရဲတပ်ဖွဲ့ကအရာရှိများပြန်တောင်းပန်
ဇူလိုင် ၁၂ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင်လ ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှု တစ်ခုကို ၀င်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့လုပ်ရက် အတွက် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက အထိုးခံရသူ ကိုပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ရဲတပ်ကြပ်ကြီး လက်သီးဖြင့်အထိုးခံခဲ့ရသူအား မြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ း တင်လှိုင်၊ ရေကြောင်းရဲတပ် ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ အရာရှိများမှ ပုသိမ်နယ်မြေရဲ စခန်းတွင် ယနေ့မနက်ပိုင်းက ကာယကံရှင်နှင့်တွေ့ ဆုံကာ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရက်အတွက် မှားကြောင်းဝန်ခံကာ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
“အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျနော် တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။ ဖြေလျော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ခြင်းပါတယ်”ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူ းရဲမှူ း တင်လှိုင်က ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားရာတွင်ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအ၀င်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
“ပြည်သူလူထုနဲ့ဆက်ဆံရာမှာ ခုလိုရိုင်းပြစွာပြုမှုဆက် ဆံလိုမရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလိုခုလို့ ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့၀င်တွေကို ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်” ဟု ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်မှ တောင်းပန်ခဲ့သည်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိမိအနေဖြင့် ရဲတပ်ဖွဲ့ဝင်များကို မထိခိုက်လိုကြောင်း မိမိအနေဖြင့်လည်း ရဲတပ်ဖွဲ့ ဝင်များအပေါ်နားလည်ကြောင်းနှင့် အမှုဖွင့်တာတွေ လုပ်ပြုလုပ်တော့မည် မဟုတ်ကြောင်း ကျူ းလွန်ခံရသူ ကိုဝင်းနိုင်ထွန်းမှ ပြောသည်။
လက်ရှိအချိန်တွင် ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအ၀င်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
=======================
(Unicode Version)
ဆိုင်ကယ်တိုက်မှုကို ဝင်ကူညီပေးနေစဉ် လက်သီးဖြင့်အထိုးခံရသူကို ရဲတပ်ဖွဲ့ကအရာရှိများ ပြန်တောင်းပန်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဇူလိုင်လ ၁ဝ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှု တစ်ခုကို ဝင်ရောက်ကူညီပေးနေတဲ့ ပုသိမ်မြို့ခံတစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့လုပ်ရက် အတွက် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက အထိုးခံရသူ ကိုပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။
ရဲတပ်ကြပ်ကြီး လက်သီးဖြင့်အထိုးခံခဲ့ရသူအား မြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ း တင်လှိုင်၊ ရေကြောင်းရဲတပ် ဖွဲ့စု(ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ အရာရှိများမှ ပုသိမ်နယ်မြေရဲ စခန်းတွင် ယနေ့မနက်ပိုင်းက ကာယကံရှင်နှင့်တွေ့ ဆုံကာ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရက်အတွက် မှားကြောင်းဝန်ခံကာ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အခန့်မသင့်ဖြစ်သွားရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး
ကျနော် တပ်ဖွဲ့ဝင်တွေ မှားသွားတဲ့အပေါ်မှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ကျနော်တို့ တောင်းပန်ပါတယ်။
ဖြေလျော့ပြီးတော့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ခြင်းပါတယ်”ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူ း ရဲမှူ း တင်လှိုင်က ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားရာတွင်ပါဝင်သူ ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအဝင်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ပုသိမ်မြို့ရေကင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြည်သူလူထုနဲ့ဆက်ဆံရာမှာ ခုလိုရိုင်းပြစွာပြုမှုဆက် ဆံလိုမရသလို ကျင့်ဝတ်တွေရှိပြီးသား ဖြစ်သလိုခုလို့ ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို
ခွင့်လွှတ်ပေးဖို့အတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်ဟု ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်)မှ ဒုတပ်ဖွဲ့စုမှူ း ဒုရဲမှူ း အောင်မိုးနိုင်မှ တောင်း ပန်းခဲ့သည်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိမိအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ ကို မထိခိုက်လိုကြောင်း မိမိအနေဖြင့်လည်း ရဲတပ်ဖွဲ့ ဝင်များအပေါ်နားလည်ကြောင်းနှင့် အမှုဖွင့်တာတွေ လုပ်ပြုလုပ်တော့မည်မဟုတ်ကြောင်း ကျူ းလွန်ခံရသူ ကိုဝင်းနိုင်ထွန်းမှ ပြောသည်။
လက်ရှိအချိန်တွင် ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းက ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေကင်းရဲတပ်ကြပ်ကြီးမျိုးအောင် အပါအဝင်ရဲတပ်ကြပ်တစ်ဦး ဒုတပ်ကြပ်တစ်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူနိင်ရေးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ရဲဇော် ????????
P&L