ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ မမှန်မကန် စွပ်စွဲချက်များကို သက္ကမိုးညို ရှင်းလင်း

ရဲဇာနည်ကို ပြန်ရှင်းလင်းခြင်း…

မနှစ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ကိုယ့်ကို ဖမ်းဆီးပြီး ရဲဇာနည် ပေ့ချ်ကနေ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ စာတင်ခဲ့တယ်။ ဒီစာကို တနေ့နေ့မှာ ပြန်ရှင်းပြမယ်လို့ တေးထားခဲ့တာ အခု တနှစ်တိတိရှိပြီ ဖြစ်ပြီး သက်သေ အထောက်အထားလည်း စုံပြီမို့ ဘယ်သူက မတရားလုပ်တာလည်း သိဖို့ ပြန်ရှင်းပါ့မယ်။

(မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များအပါအဝင် အခြားအခြားသော အထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။)

တကယ်တမ်းက သမီးလေး မနက်ပိုင်းဘောင်းဘီအပြာမှာ သုတ်ရည်သုတ်ပိုး တွေ့ခဲ့တယ်၊ ဆရာမတွေက ၂ နာရီမှာ သမီးလေးကို အင်္ကျီဘောင်းဘီ လဲပေးတယ်၊ အောင်ကြီးက ကျောင်းကို ၃နာရီ ကျော်မှ ရောက်တယ်ဆိုတဲ့ အချက်တွေ သိပါရဲ့နဲ့ အောင်ကြီးကို စွဲတင်ခဲ့တာပါ။

(CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC ဖေ့စဘွတ် သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံမှ တရားဝင်လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှမလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။)

CCTV နဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁၈ရက်နေ့က ပညာရှင် သက်သေ ဦးထွန်းခိုင် ထွက်ချက်အရ Hard Disk ရော၊ DVR စက်ရော လဲလှယ်ထားတယ်၊ မန်မိုရီ စတစ်နဲ့ အပ်တဲ့ ဖိုင်တွေဟာလည်း လိုအပ်သလို ဖြတ်တောက် ပြင်ဆင်ထားတယ်ဆိုတာ ထင်ရှားပြီး ဖြစ်ပါတယ်။ နာမည်တွေ ပြောင်းပေးတာ၊ ဖြတ်ဆက်ထားတာတွေ တွေ့ရှိရပါတယ်။ အပြည့်အဝလည်း ပြန်ရခြင်း မရှိပါဘူး။ ဒါဟာလည်း သိမ်းဆည်းပြီး ဖြစ်တဲ့ Hard Disk နဲ့ DVR ကို စီအိုင်ဒီက ကျောင်းကို ပြန်ပေးလိုက်လို့ ဖြစ်တာပါ။ ပြန်ပေးလိုက်တယ်ဆိုတာလည်း အမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောခဲ့ပြီးသားပါ။

ရဲဇာနည်က ဆေးစာမပျောက်ဘူးပြောပါတယ်။ ဒါပေမယ့် မှုခင်းဆရာဝန်ကြီးရဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ထွက်ချက်မှာ အမှတ်၁ မြို့မ ရဲစခန်းမှ ၄.၆.၂၀၁၉ ရက်စွဲပါ စာအမှတ် ၁၀၁၉(၀၃)/၂၁၀/ဦး ၂ နဲ့ ဆေးစာပျောက်ဆုံးသွား၍ မိတ္တူမှန် ထုတ်ပေးပါရန် ခေတ္တစခန်းမှု ရဲအုပ်ဝေဖြိုးလွင်က လက်မှတ်ရေးထိုး တောင်းခံခဲ့တယ်လိုတာ အသေအချာ ပြောသွားပါတယ်။ ဒီဆေးစာပျောက် လျောက်လွှာဟာ ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ ရှိနေပါတယ်။ ဒီတော့ ဆေးစာပျောက်တယ် ရေးသူမှားတာလား၊ မပျောက်ဘူး ရေးသူ မှားတာလား။

(အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟုအကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။

Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်။)

ငွေအလှူခံတာလည်း အကုန် ပွင့်လင်းမြင်သာစွာ ချပြပြီး ကလေးမိဘကို လွဲပြောင်းခဲ့ပါပြီ။ တရားမဝင် ဘာမှ မလုပ်ခဲ့ပါ။ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်သည့် အရေးအသား ဟုတ်မဟုတ် ဆိုတာကတော့ ပြည်သူတွေ သိပါတယ်။ နိုင်ငံဝန်ထမ်း အရာရှိတယောက်ကို ဂုဏ်သိက္ခာ ထိပါးအောင် ရေးသားတာကို ငြိမ်နေခဲ့တာ ကြောက်လို့ မဟုတ်ပါ။ ဗစ်တိုးရီးယား အမှုကို အနှောက်အယှက် ဖြစ်မှာ စိုးလို့ ငုံ့ခံခဲ့တာပါ။ အခုအထိ သိမ်းသွားတဲ့ ဖုန်းနဲ့ ကွန်ပျူတာတောင် ပြန်မပေးသေးပါဘူး။

သက္ကမိုးညို

####################

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top