သားသမီး (၉)ယောက် က ပစ်ထား လို့ ခုချိန်ထိ ကျောက်ရှာနေရတဲ့ အဖေအို(စိတ်ခိုင်မှ ဖတ်ပါနော်)

မိဘကျေးဇူး (လောပန်းလောင်းဖိုးဖိုးကြီး)

ဒီနေ့ဖားကန့်မော်ထဲမှာ ဖိုးဖိုးကြီးတယောက်ကို တွေ့လို့က်တယ်. ဖိုးကြီးဆိုတော့စုပ်ပျက်နေတာပေါ့ကွာ သူ့မှာလဲဝမ်းရေးအတွက်ကျောက်ရှာတုတ်လေးနဲ့(စိန်တူ) တံတိုင်လေး နဲ့ကွာ အသက်တော့(70)ကျော်နေလောက်ပြီ သူများရှာပြီးသား

နေရာမှာလိုက်ရှာနေတော့ ကျာက်လဲမရဘူးပေါ့ ကျွန်တော်လေး ဖိုးကြီးကို ကြည့်ရင်းကြရင်း သနားလို့ စကားသွားပြောဖို့ အတွေးထဲဝင်လာမိတယ် အားပေးစကားလေးဘာလေးပေါ့ အဖိုးနားရောက်တော့ ‘

ဖိုးဖိုးကျောက်ရလား, မြေးရယ် ဖိုးဖိုး မျက်စိလဲ မကောင်း အားလဲအရင်လိုမရှိ ဆိုတော့ ဖိုးကျောက်မရတာသုံးလေးလလောက်ရှိပြီ ထမင်းစားကျောက်လေးတောင်မှ မရတတ်တော့ဘူးဖိုးဖိုးစကားကြားတော့ ကျွန်တော့် ရင်ထဲမှာမျက်ရည်ကျ မိတယ်

ဒီလိုနဲ့ ထပ်မေးကြည့် လိုက်တယ်သားသမီး မရှိဘူးလားပေါ့ ဒီမေးခွန်း ကြောင့် ဖိုးဖိုးကြီးမျက်ရည်ဝဲ လာတယ် မေးသူရှိတော့မျက်ရည်ဝဲဝဲနဲ့ ဘဲ ဖိုးဖိုးကြီးပြောလာရှာတယ်

ဖိုးမှာ သားသမီး ကိုးယောက်ရှိတယ် သူတို့လေးတွေ ငယ်ငယ်တုန်း ကဆို အိမ်မှာ ပွဲကြီးလိုဘဲ ဆူညံ နေတာဘဲ ယောက်ကျားလေးငါးယောက် မိန်းခလေး လေးယောက် ပျော်စရာကြီး အိမ်မှာ ..ဖိုးဖိုးကြီး မျက်ရည်ဝဲ နေတဲ့ထဲက ပြုံးနေတယ် ကျွန်တော်သိတယ်

အရင်က နွေးထွေးတဲ့မိသာစု ဆီကို ဖိုးဖိုးကြီး အတွေးရောက်နေပြီ.မျက်ရည်ဝဲဝဲနဲ့ ပြောပြတာကို ကျွန်တော်လဲ နားထောင် နေတယ် ပေါ့အိမ်မှာပျော်စရာကြီးနဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် နေလာခဲ့တယ် သားသမီးတွေ လဲ အရွယ်ရောက်တော့သူတို့လေး တွေလဲ

ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖိုးဖိုးမိန်းမ ကလဲ ဆုံး ဆိုတော့ မရှိတော့ပါဘူးဗျာ..ဆိုပြီး ဖိုးဖိုးစကားဆုံးသွားတယ် ဒီလိုဆို ဆားမပါတဲ့ဟင်းလို ဟိုလိုဒီလိုဟတ်ကော့ကြီးဗျာ.. ဘယ်ရမလဲ ကျွန်တော်လဲ ထပ်မေးတာပေါ့

ဖိုးဖိုးကြီး သားသမီးတွေ မရှိတော့ဘူးလား ဘယ်များရောက်သွားတာလဲပေါ့ ရှိသေးလား ဘာလုပ်ကြလဲ အဆက်သွယ်ရော ရလားဖိုးဖိုးကြီး ကိုရော မခေါ်ဘူးလား တခါထဲနဲ့ ပြီးအေင် စုံနေအောင်မေးလိုက် တာပေါ့ .

ဖိုးဖိုးကြီးလေး အချိန်တော့ ရပုံ မပေါ်ဘူးသူများတွေ ကျောက်စိမ်း ရှာနေတဲ့ဘက် ကိုကြည့်ရင်း နားထောင်ရန်အသင့် ဖြစ်နေတဲ့ ကျွန်တော့ကိုပြောပြ ရှာတယ်

ဖိုးဖိုးသားသမီးတွေ အကုန်ရှိ သေးတယ် သားတွေက ဒီဖားကန့်မှာလောပန်း ဖြစ်နေတာတွေလေးပါတယ.် မြို့ ပေါ်မှာ ကိုယ့်အိမ်ကိုယ့်ခြံနဲ့နေတာတွေလေး ရှိတယ် ဟော သမီးနှစ်ယောက်ဆို ရန်ကုန်ဆိုလားဘာ ကုန်ဆိုလား ဘက်မှာ နေတယ်လို့ကြားတာဘဲ
ဖိုးဖိုးအိမ်ဘေးကခလေးတွေ ပြောတာဘဲ.ဖိုးဖိုးလေး အဲဘက်ကို မရောက်ဖူးတော့သိဘူး ဒါပေမဲ့ သားကြီးကိုလေး ဆက်သွယ်တယ.် အရင်လ ကဆို ဖိုးဖိုးနေမကောင်း မလုပ်နိုင် မထနိုင် နဲ့ မို့ ခေါ်တယ် လူကြုံခေါ်ခိုင်းတယ် သူတို့မှာလေးမိန်းမတွေ

ကိုယ်စီနဲ့ ဆိုတော့ မအားကြဘူးထင်တယ်. ဖိုးဖိုး မိန်းမ ဆုံးပြီးတဲ့ နောက် ပိုင်းက ခုချိန်ထိ သားသမီးတွေကိုတွေ့ချင်ရင်တောင် မတွေ့နိင်တာ နှစ်တော်တော်ကြာပြီ ငါ့မြီးရယ်.

ဖိုးဖိုးကြီးစကားကိုကြားပြီး ကျွန်တော် မျက်ရည်ကျမိတယ် ဖိုးဖိုးကြီး သူ့သားသမီးတွေကို ဘယ်လောက်များတွေ့ချင် နေမလဲ လွမ်းနေမလဲ ကိုယ်ချင်းစာတာပေါ့ သူ့မှာလဲ သားသမီးတွေ ကိုးယောက်ငယ်ငယ်တုန်းက သူတယောက်ထဲဘဲရှာကျွေးခဲ့တာ

ဖိုးဖိုးကီး မှာလဲ သားတွေသမီးတွေ ကြီးလာရင် ဆိုပြီး မျော်လင့်ချက် ပန်းတိုင် နဲ့အားတင်းကြိုးစား ရှာဖွေ ကျွေးမွေးခဲ့ရှာ တာပေါ့. ဒီအချိန်သူ့အသက်ခုနစ်ဆယ်ကျော်နေပြီ

အားအင်တွေလဲကုန် မျက်စိတွေလဲ မုံဝါး ဘယ်အချိန် မှာ ဘယ်နား မြေဇာပုံ မှာ အဆုံးသတ်မှာ မသိဘဲ ကြမ်းတမ်းလှတဲ့နေရာမှာ ဝမ်းရေး အတွက် တောင်ပေါ်တောင်အောက်သွားလာနေရတုန်း ဖိုးဖိုးကြီး ဘဝ ကိုတွေးရင်း ကျွန်တော်တကယ်မျက်ရည် မခိုင်ခဲ့ဘူး

ဒီလိုနဲ့ဘဲ ဖိုးဖိုးကြီးဘဝကြောင်း ပြောကောင်းနားထောင်ကောင်နေတုန်းခရာ သံကြားလို့ အပေါ်ကိုကြည့်လိုက်တော့ ရေမဆေးကားကြီး ကျွန်တော် တို့ စကားဝိုင်း အပေါ်တောင်ဇောင်း မှ မြေစာ(ကျောက်စိမ်းရှာပြီးသောမြေစာ)သွန်ဖို့ အဆင်သင့်ဖြစ်နေပြီဒီလိုနဲ့ဘဲ လောပန်းလောင်းဖိုးဖိုးကြီးရဲ့ ဘဝကြောင်းကို အဆုံးသတ်လိုက်ခဲ့ လိုက်ရ တယ် ….

ကဲ့ . မိတ်ဆွေ သင်ရော သင့်မိဘကိုအချိန်ဘယ်လောက် ပေးပြီးပြီလဲမိဘတွေက တယောက်ထဲ သားသမီးအားလုံးကို သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ပြီးပြီ. ယခုသင့်မိဘတွေ အိုမင်းလာပြီ သင်ရော ဘယ်လောက်ပေးဆပ်ပြီးပြီလဲ မဆပ်ပြီးသေးရင် ယခုချိန်မှစ၍ ပေးဆပ် လိုက်ပါ

မူရင်း ရေးသူ-နောနော်ဆန့်

စာလုံးကအစ မှားတာ ရှိရင်ခွင့်လွတ်ပါ. သင့်မိဘကို ချစ်မြတ်နိုး ရင်Share လိုက်ပါလား

လောကသား အားလုံး မိဘကိုချစ်နိုင်ကြပါစေ..

crd

unicode

သားသမီး (၉)ယောက် က ပစ်ထား လို့ ခုချိန်ထိ ကျောက်ရှာနေရတဲ့ အဖေအို(စိတ်ခိုင်မှ ဖတ်ပါနော်) #ဒီစာလေးကို ဖတ်ပြီး မိဘကျေးဇူး ဆပ်နိုင်ကြပါစေ

သားသမီး (၉)ယောက်က ပစ်ထားလို့ ခုချိန်ထိ ကျောက်ရှာနေရတဲ့ အဖေအို(စိတ်ခိုင်မှ ဖတ်ပါနော်)

လောကသား အားလုံး မိဘကိုချစ်နိုင်ကြပါစေ.

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top