[Zawgyi]
ဖော်မလင်ပါတဲ့ ပုဇွန် နဲ့ ငါးတွေကိုရွေးချယ်နိုင်မဲ့နည်းလမ်း (မျှဝေပေးလိုက်ပါတယ်)
ခေတ်မီတိုးတက်လာခြင်းရဲ့ ဆိုးကျိုးလို့ ဆိုရမလားပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ သီးနှံ့တွေမှာ ဖော်မလင် သုံးလာကြတယ်။ အမြဲတမ်းလတ်ဆက်နေအောင်ပေ့ါ။ အခုဆိုရင် သီးနှံ့တွေတင် မဟုတ်တော့ဘူး။ သားငါးတွေမှာပါ သုံးလာကြပါတယ်။ ဒီတော့ ဒီလို သုံးစွဲမှုတွေကို ပရိတ်သတ်ကြီး ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတဲ့ နည်းလမ်းလေး တစ်ခုကို ပြောပြပေးပါ့မယ်။
ဖော်မလင် သုံးထားလား သိနိုင်မဲ့အချက်…… အကြမ်းအားဖြင့် သုံးထားမထား စစ်လို့ရပါတယ်။ ဒါကတော့ ငါးတွေ ဟာ ပျော့ပြောင်းမနေဘဲ မာနေမယ်ဆိုရင် သေချာပါတယ်။ ဖော်မလင် သုံးထားပါတယ်။ ဒီထက်ပိုပြီး သေချာတာကတော့ ယင်မအုံတော့သလို၊ ပုရွက်ဆိတ်တွေလည်း မလာတော့ပါဘူး။ ဒ့ါကြောင့် ဈေးထဲမှာ ငါးတွေဟာ ဒီလိုဖြစ်နေမယ်ဆိုရင် မဝယ်တာအကောင်းဆုံးပါ။
တကယ်လို့ ဝယ်ခဲ့မိရင်ရော …….။ အသားတွေ ငါးတွေ အသီးတွေကို ရေကျက်အေးနဲ့ ဆားနဲ့ ဖျော်ပြီး ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ဖော်မလင် ဆေး ၆၀ % လောက်တော့ ထွက်သွားပါလိ့မ်မယ်။ ဒီထက်ကောင်းတဲ့ နည်းလမ်းကတော့ သောက်ရေသန့်တစ်ဗူးကို ရှာလကာရည် တစ်ခွက် ရောပြီး ၁၅ မိနစ် မိနစ် ၂၀ လောက် စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ဖော်မလင် အကုန်လုံး နီးပါးထွက်သွားပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်ပါအောက်အိုဒ်နဲ့လည်း ဆေးလို့ရပါတယ်နော်။ ပရိတ်သတ်ကြီးရေ ကိုယ်က အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်နေမယ်ဆို။ ကိုယ်အိမ်သားတွေ ကျန်းမာရေးအတွက် အထူးသတိထားကြပါလို့ အကြံပြုပါရစေ……။
[Unicode]
ဖော်မလင်ပါတဲ့ ပုဇွန် နဲ့ ငါးတွေကိုရွေးချယ်နိုင်မဲ့နည်းလမ်း (မျှဝေပေးလိုက်ပါတယ်)
ခေတ်မီတိုးတက်လာခြင်းရဲ့ ဆိုးကျိုးလို့ ဆိုရမလားပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ သီးနှံ့တွေမှာ ဖော်မလင် သုံးလာကြတယ်။ အမြဲတမ်းလတ်ဆက်နေအောင်ပေ့ါ။ အခုဆိုရင် သီးနှံ့တွေတင် မဟုတ်တော့ဘူး။ သားငါးတွေမှာပါ သုံးလာကြပါတယ်။ ဒီတော့ ဒီလို သုံးစွဲမှုတွေကို ပရိတ်သတ်ကြီး ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတဲ့ နည်းလမ်းလေး တစ်ခုကို ပြောပြပေးပါ့မယ်။
ဖော်မလင် သုံးထားလား သိနိုင်မဲ့အချက်…… အကြမ်းအားဖြင့် သုံးထားမထား စစ်လို့ရပါတယ်။ ဒါကတော့ ငါးတွေ ဟာ ပျော့ပြောင်းမနေဘဲ မာနေမယ်ဆိုရင် သေချာပါတယ်။ ဖော်မလင် သုံးထားပါတယ်။ ဒီထက်ပိုပြီး သေချာတာကတော့ ယင်မအုံတော့သလို၊ ပုရွက်ဆိတ်တွေလည်း မလာတော့ပါဘူး။ ဒ့ါကြောင့် ဈေးထဲမှာ ငါးတွေဟာ ဒီလိုဖြစ်နေမယ်ဆိုရင် မဝယ်တာအကောင်းဆုံးပါ။
တကယ်လို့ ဝယ်ခဲ့မိရင်ရော …….။ အသားတွေ ငါးတွေ အသီးတွေကို ရေကျက်အေးနဲ့ ဆားနဲ့ ဖျော်ပြီး ၁ နာရီလောက် စိမ်ထားလိုက်ပါ။ ဖော်မလင် ဆေး ၆၀ % လောက်တော့ ထွက်သွားပါလိ့မ်မယ်။ ဒီထက်ကောင်းတဲ့ နည်းလမ်းကတော့ သောက်ရေသန့်တစ်ဗူးကို ရှာလကာရည် တစ်ခွက် ရောပြီး ၁၅ မိနစ် မိနစ် ၂၀ လောက် စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ဖော်မလင် အကုန်လုံး နီးပါးထွက်သွားပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်ပါအောက်အိုဒ်နဲ့လည်း ဆေးလို့ရပါတယ်နော်။ ပရိတ်သတ်ကြီးရေ ကိုယ်က အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်နေမယ်ဆို။ ကိုယ်အိမ်သားတွေ ကျန်းမာရေးအတွက် အထူးသတိထားကြပါလို့ အကြံပြုပါရစေ ……။