ရန်ကုန်မှာ မိုးကြီးလို့ မြို့နယ်တချို့ရေကြီးရေလျှံ
အခုတွေ့မြင်ရတဲ့ဓာတ်ပုံတွေက စမ်းချောင်းနဲ့ဗိုလ်တထောင်က ရေကြီးရေလျှံမြင်ကွင်းတချို့ဖြစ်ပါတယ်။
ရန်ကုန်မှာ ဒီကနေ့ ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် စမ်းချောင်း၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းစတဲ့ မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။
စမ်းချောင်းမှာဆို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနောက်ဘက်ထဲက ဘုန်းကြီးကျောင်းဝင်းတွင်း အုန်းပင်တစ်ပင် လဲကျခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ဒေသခံအမတ်က ပြောပါတယ်။
ဒါ့အပြင် စမ်းချောင်း၊ အောင်ချမ်းသာရပ်ကွက်၊ သုခလမ်းထဲက အိမ်တချို့ထဲ ရေဝင်တာတွေရှိပြီး ပြည်သူတွေအနေနဲ့ အသွားအလာသတိထားကြဖို့လည်း ဒေသခံအမတ် ဦးဘိုဘိုဦးက တိုက်တွန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအားကောင်းနေပြီး မနက်ဖြန်မနက်ထိ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ မိုးထစ်ချုန်းရွာသွန်းနိုင်သလို တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ဇူလိုင် ၁၂ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပရိသတ်တွေအနေနဲ့ မိမိတို့မြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေရှိရင်၊ ဒါတွေကို မှတ်တမ်းတင်ထားတဲ့ဓာတ်ပုံတွေရှိရင်လည်း မှတ်ချက်မှာလာရောက်မျှဝေပေးဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်။
ဓာတ်ပုံ-ဦးဘိုဘိုဦး၊ ရန်ရန်ချမ်း
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရန်ကုန် #မိုး #ရေကြီးရေလျှံ #ရန်ကုန်
=====================