အင်ဒိုနီးရှား စစ်တက္ကသိုလ်တစ်ခုမှာ ကိုဗစ်-၁၉ ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားနေ

အင်ဒိုနီးရှားနိုင်ငံမှာ ကပ်ရောဂါထိန်းချုပ်ရေး ရုန်းကန်နေရစဉ်မှာ နိုင်ငံအတွင်းက စစ်တက္ကသိုလ်တစ်ခုမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၀၀ နီးပါးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လူဦးရေးအထူထပ်ဆုံးဖြစ်တဲ့ အနောက်ဂျာဗားပြည်နယ်ရှိ စစ်တက္ကသိုလ်တစ်ခုမှာ ကူးစက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၀ ဦးကို အပျော့စားရောဂါလက္ခဏာတွေပြသတာကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasa ကပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ ၁၂၈၀ ဦးတွေ့ရှိခဲ့ပြီး ၉၉၁ ဦးဟာ ဗိုလ်လောင်းတွေဖြစ်ကာ ကျန်သူတွေကတော့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ ကူးစက်ခံရသူအများစုကတော့ ရောဂါလက္ခဏာပြသတာမျိုးမရှိဘဲ ၁၇ ဦးကတော့ ဇူလိုင် ၁၁ ရက်အထိ ဆေးရုံတက်နေရဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

ဗိုလ်လောင်းနှစ်ဦးဟာ ဖျားနာပြီး ကျောအောင့်မှုတွေကြောင့် ဆေးစစ်မှုတွေခံယူခဲ့ရာကနေ ရောဂါကူးစက်မှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗိုလ်လောင်းဦးရေ ဘယ်လောက်ထိ ကူးစက်ခံနေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဗိုလ်ချုပ်ကြီး Andika Perkasa ပြောဆိုပြီး ဝန်ထမ်းအချို့ကတော့ စစ်တက္ကသိုလ်ပြင်ပမှာ နေထိုင်ကြတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ၇၄၀၀၀ ဦးရှိနေပြီး လူ ၃၅၀၀ ကျော်သေဆုံးခဲ့ကာ အရှေ့တောင်အာရှမှာ ကပ်ရောဂါကြောင့် အထိခိုက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

=======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top